တစ်ပတ်ကြာ ဆန္ဒပြတောင်းဆိုနေသော အလုပ်သမားသပိတ် အဆင်ပြေမှုမရရှိသေး

ရန်ကုန် ၊အောက်တိုဘာ ၅ သူရိန် (VOM) ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ကင်းဝန်မင်းကြီးလမ်းနဲ့ ဒေါ်ဖွားရှင်လမ်းထောင့်ရှိ ကိုင်ချန်ဂါးမဲ့( န်တ်) မြန်မာကုမ္မဏီလီမိတက်အထည်ချုပ်စက်ရုံ မှာလုပ်ခလစာအမြန်ဆုံးထုတ်ပေးဖို့အချက်အပါအဝင်အချက် ၁၄ ချက်ကို အလုပ်သမား ၂၀၀ ကျော်ကစုပေါင်းတောင်းဆိုနေတာဟာ စက်တင်ဘာ ၃၀ရက်နေ့ကစပြီး ဆန္ဒပြတောင်းဆိုနေမှုဟာ ယနေ့အချိန်ထိ အဆင်ပြေမှုမရရှိသေးတာဖြစ်ပါတယ်။ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာအမြန်ဆုံးထုတ်ပေးဖို့ ၊ ရက်မှန်ကြေးတိုးမြှင့်ပေးဖို့ ၊ ABCD ဂရိတ်အဆင့်ကြေးတိုးမြှင့် ပေးဖို့ ၊ All super တွေရဲ့ ဆဲဆိုမှုနဲ့မတရားခိုင်းစေမှုတွေဖြေရှင်းပေးဖို့အပြင်အချက် ၁၄ ချက်ကိုတောင်းဆိုနေတာပါ။ ” ကျွန်မတို့တောင်ဆိုတဲ့အချက်တွေကို အလုပ်ရှင်ကိုယ်စားလှယ်နဲ့ စက်ရုံမန်နေဂျာကလာဆွေးနွေးတယ်။အဆင်မပြေဘူး။ အလုပ် သမားရုံးမှာချိန်းတော့လဲသူတို့ကမလာဘူး။ တောင်းဆိုတာတွေမလုပ်ပေးနိူင်ဘူး။စက်ရုံမီးရှို့ရင်မီးသတ်ကားခေါ်မယ်ဆိုပြီး အလုပ် ရှင်ကိုယ်စားလှယ်ကပြောတယ်။လစာကိုလဲစက်ရုံထဲနေတဲ့သူဘဲ ပေးမယ်။ဆန္ဒပြတဲ့သူတွေကိုအဆောင်ခ ၅ သောင်း ၊၆ သောင်းဘဲထုတ်ပေးမယ်ပြောလို့အခုထိစုပေါင်းတောင်းဆိုနေတာလို့ “စက်ရုံစက်ချုပ်သမားမမာလာကပြောပါတယ်။ စုပေါင်းတောင်းဆိုတာတွေကိုအလုပ်ရှင်ကမဖြေရှင်းပေးတဲ့အပြင် အောက်တိုဘာ ၄ ရက်ညပိုင်းက…

Read More

မိုးမောက် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ၆၆ ဃ ဖြင့်အမှုဖွင့်ခံရ

မိုးမောက်၊ အောက်တိုဘာ ၅-၂၀၁၉ ရန်နိုင်ထွန်း(VOM) ကချင်ပြည်နယ် မိုးမောက်မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆ ဃ နဲ့ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှာ အောက်တိုဘာ ၄ ရက်နေမှာ တရားလိုဒေါ်စုစုခိုင်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ တရားလိုဘက်ကတော့ သူ့ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ၂၀၂၀ ရွေးကောက်ပွဲ နိုင်အောင် ဘယ်လိုလုပ်ရမလည်း ဆိုတဲ့ပို့ကို အောက်တိုဘာ ၁ ရက်နေ့မှာ NLD ပါတီဝင် တစ်ဦးဖြစ်တဲ့ ဦးချစ် အကောင့်ပိုင်ရှင်က ( tag ) တွဲတင်ခဲ့ရာမှာ မီးနဂါးအကောင့်အမည်နဲ့ အခုအမှုဖွင့်ခံရသူ လွှတ်တော်ကိုယ်စားလှယ် ရေးသားခဲ့တဲ့ ( comment ) ကြောင့် အမှုဖွင့်ရတာလို့ ဆိုပါတယ်။ အမှုဖွင့်ရလောက်တဲ့အထိ ရေးသားတုန့်ပြန်ခဲ့တာကတော့ “NLD အစိုးရအနေနဲ့ ရေရော ၊ လမ်းရော…

Read More

ပါကစ္စတန်မှ မြန်မာနိုင်ငံပို့လိုက်တဲ့ ဘိန်းမျိုးစေ့ ကွန်တိန်နာခြောက်လုံး ထိုင်းဆိပ်ကမ်းမှာဖမ်းဆီးခံရ

ခွျှန်ဘူရီ၊ အောက်တိုဘာ-၅-၂၀၁၉ မျိုးဆက် (VOM) ပါကစ္စတန်ကနေ မြန်မာနိုင်ငံကိုပို့လိုက်တဲ့ ဘိန်းမျိုးစေ့ တန်ချိန် ၁၇၀ ကို ထိုင်းနိုင်ငံ ခွျှန်ဘူရီမှာရှိတဲ့ လမ်ချာဆိပ်ကမ်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းအကောက်ခွန်အရာရှိတွေ၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆိပ်ကမ်းအာဏာပိုင်တွေဟာ ဆိပ်ကမ်းက ကွန်တိန်နာခြောက်လုံးကို စစ်ဆေးမှုတွေလုပ်ရာမှာ မြန်မာနိုင်ငံကိုပို့မယ့် ဘိန်းမျိုးစေ့တွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီဘိန်းမျိုးစေ့တွေဟာ ထိုင်းနိုင်ငံမှာခွင့်ပြုချက်မရှိရင် ရောင်းဝယ်ဖောက်ကား လက်ဝယ်ထားရှိလို့မရတဲ့ မူးယစ်ဆေးဝါး အုပ်စု ၅ မှာ အကျုံးဝင်နေတာကြောင့် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ထိုင်းအကောက်ခွန်အကြီးအကဲ ကရီဆာဒါက ပြောပါတယ်။ ဘိန်းမျိုးစေ့တွေကို ကွန်တိန်နာခြောက်လုံးနဲ့ သယ်ဆောင်လာတာဖြစ်ပြီး အိပ်ပေါင်း ၇၆၉၉ အိပ်နဲ့ ထည့်ထားကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ရှစ်သိန်းနှစ်သောင်း (ထိုင်းဘတ်ငွေ ၂၅ သန်း) ဖိုးရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဘိန်းအထွက်နှုန်းဟာ ကြီးထွားမှုအပေါ်အခြေခံကာကွဲပြားခြားနားပြီး ပုံမှန်အားဖြင့် ဘိန်းစိုက်ခင်း ၂…

Read More

စစ်တွေမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပွား နှစ်ဦးဒဏ်ရာရ

စစ်တွေ၊ အောက်တိုဘာ ၅-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာ မနေ့ အောက်တိုဘာလ ၄ ရက်နေ့ည ၉ နာရီခန့်အချိန်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်ခံရသူနှစ်ဦးမှာ စစ်တွေမြို့ လမ်းမကြီး ဦးဥတ္တမပန်းခြံရှေ့မှာ ဖွင့်လှစ်ထားတဲ့ အေးငြိမ်းဆေးခန်းပိုင်ရှင် ဦးညီညီ ၄၄ နှစ်နဲ့ သုံးဘီးကယ်ရီဆိုင်ကယ်သမား ဦးညီညီနိုင်တို့နှစ်ဦးဖြစ်ကြပါတယ်။ “ဖြစ်တာက မနေ့ကည ၉ နာရီလောက်မှာဖြစ်တယ်လို့သိရတယ်။ ဦးညီညီက သူ့ဆေးခန်းကနေပြီးတော့ အိမ်ကိုပြန်အလာ အိမ်ရှေ့ကိုအရောက်မှာ နောက်က နှစ်ဘီးဆိုင်ကယ်နဲ့လိုက်လာတဲ့ သေနတ်သမားနှစ်ယောက်က ပစ်ခတ်ခဲ့တာလို့သိရတယ်။”လို့ ဒေသခံတွေကပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ စစ်တွေမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ကျောင်းတက်လမ်းရပ်ကွက်က သူ့နေအိမ်ရှေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားတွေဟာ လေးချက်ခန့်ပစ်ခတ်ခဲ့ပြီး ဦးဥတ္တမလမ်းအတိုင်း ဘုရားကြီးဘက်ကို ထွက်ပြေးသွားခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ကနေသိရပါတယ်။ “သူတု့ိကိုပစ်တာက လေးချက်ပစ်ခဲ့တယ်လို့သိရတယ်။ ပစ္စတိုကျည်ခွံလေးခုရတယ်။ ကယ်ရီသမားရဲ့ ဘယ်ဘက်ပေါင်ကို တစ်ချက်ထိတယ်။ ဦးညီညီရဲ့ အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းအောက်ကို တစ်ချက်ထိတယ်။”လို့ ဆိုပါတယ်။…

Read More

တောင်သူဦးပေါက်စ အမှုမှ ကျောင်းဆရာမကို ခရိုင်တရားရုံးအယူခံအောင်၍ အပြီးသတ်လွတ်

မန္တလေး၊ အောက်တိုဘာ ၅-၂၀၁၉ ဟိန်းကို(VOM) တောင်သူဦးပေါက်စ နဲ့ ရေကြောင်းရဲတပ်ဖွဲ့(မန္တလေး)တို့ အငြင်းပွားမှုဖြစ်ပွားနေတဲ့မြေပေါ်မှာ ၂၀၁၈ခုနှစ် နို၀င်ဘာလ၁၀ရက်နေ့က ရေကြောင်းရဲတပ်ဖွဲ့ မှ ဝင်ရောက်သိမ်းဆည်းပြီးခြံစည်းရိုးခတ်နေစဉ် တောင်သူမိသားစုက နှောက်ယှက်မှုများပြုလုပ်ခဲ့တယ်လို့ဆိုကာ ရေကြောင်းရဲတပ်ဖွဲ့(မန္တလေး)က တောင်သူဦးပေါက်စ အပါအ၀င် တောင်သူ၆ဦးကို တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲဆိုခံရတဲ့ တောင်သူ၆ဦးကို ဩဂုတ်လ ၁၆ရက်နေ့က မဟာအောင်မြေမြို့နယ်တရားရုံးမှာ ထောင်ဒဏ် ၂နှစ်စီချမှတ်ခံရပြီး ထောင်ဒဏ်ချမှတ်ခံရမှုကို ကျောင်းဆရာမ မခိုင်ဇာ၀င်းက ကျေနပ်မှုမရှိတဲ့အတွက် ခရိုင်တရားရုံးကို အယူခံတက်ခဲ့ရာ အောက်တိုဘာ ၄ရက်နေ့ မနက်ပိုင်းက အောက်ရုံးအမိန့်ကိုပယ်ဖျက် ပြီးတော့ မခိုင်ဇာ၀င်းကိုအပြီးသတ် လွှတ်ပေးဖို့ ခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ #voiceofmyanmar#မန္တလေး#တောင်သူဦးပေါက်စ အမှုမှ ကျောင်းဆရာမကို#ခရိုင်တရားရုံးအယူခံအောင်၍ အပြီးသတ်လွတ်# Zawgyi Code တောင်သူဦးပေါက်စ အမှုမှ ကျောင်းဆရာမကို ခရိုင်တရားရုံးအယူခံအောင်၍ အပြီးသတ်လွတ် မန္တလေး၊ အောက်တိုဘာ ၅-၂၀၁၉ ဟိန်းကို(VOM) တောင်သူဦးပေါက်စ နဲ့ ရေကြောင်းရဲတပ်ဖွဲ့(မန္တလေး)တို့…

Read More
VOM News

FREE
VIEW