မိုးမောက် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ၆၆ ဃ ဖြင့်အမှုဖွင့်ခံရ

မိုးမောက်၊ အောက်တိုဘာ ၅-၂၀၁၉
ရန်နိုင်ထွန်း(VOM)

ကချင်ပြည်နယ် မိုးမောက်မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆ ဃ နဲ့ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှာ အောက်တိုဘာ ၄ ရက်နေမှာ တရားလိုဒေါ်စုစုခိုင်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

တရားလိုဘက်ကတော့ သူ့ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ၂၀၂၀ ရွေးကောက်ပွဲ နိုင်အောင် ဘယ်လိုလုပ်ရမလည်း ဆိုတဲ့ပို့ကို အောက်တိုဘာ ၁ ရက်နေ့မှာ NLD ပါတီဝင် တစ်ဦးဖြစ်တဲ့ ဦးချစ် အကောင့်ပိုင်ရှင်က ( tag ) တွဲတင်ခဲ့ရာမှာ မီးနဂါးအကောင့်အမည်နဲ့ အခုအမှုဖွင့်ခံရသူ လွှတ်တော်ကိုယ်စားလှယ် ရေးသားခဲ့တဲ့ ( comment ) ကြောင့် အမှုဖွင့်ရတာလို့ ဆိုပါတယ်။

အမှုဖွင့်ရလောက်တဲ့အထိ ရေးသားတုန့်ပြန်ခဲ့တာကတော့ “NLD အစိုးရအနေနဲ့ ရေရော ၊ လမ်းရော ၊ လျှပ်စစ်မီးရော အားလုံးပေါ့လေ အကုန်လုပ်ပေးထားတယ် မျက်စိရှိရင်မြင်မယ် ၊ ဒီလောက်လုပ်ပေးထားတာမှ မကျေနပ်ရင် သူ့ သမီး ဗိုက်ဖောင်းအောင်လုပ်ပေးဖို့ပဲ ကျန်တော့တယ်လို့ ပြောတယ်။ ကိုယ်ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်က မဲဆန္ဒရှင်ပြည်သူကို အဲ့လို မိုက်မိုက်ရိုင်းရိုင်း တုန့်ပြန်လို့ အမှုဖွင့်ခဲ့တာပါ ” လို့ ဒေါ်စုစုခိုင်က ရှင်းပြခဲ့ပါတယ်။

မိုးမောက်မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာမှာ ဖုန်းစက်ပိတ်ထားခဲ့ပါတယ်။ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှ စခန်းမှူးရဲအုပ် သိန်းဌေးကတော့ နယ်မြေရဲစခန်း အမှုအမှတ် ပ – ၄၃၆ / ၂၀၁၉ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆ ဃ နဲ့ အမှုဖွင့်ထားကြောင်း အတည်ပြုခဲ့ပြီး ဆက်လက် ဆောင်ရွက်စရာကိစ္စတွေကို ဥပဒေနဲ့ အညီ လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။

#voiceofmyanmar#မိုးမောက်#NLDလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၆၆ဃဖြင့်အမှုဖွင့်ခံရ#

Zawgyi Code

မိုးေမာက္ NLD လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး ၆၆ ဃ ျဖင့္အမႈဖြင့္ခံရ

မိုးေမာက္၊ ေအာက္တိုဘာ ၅-၂၀၁၉
ရန္ႏိုင္ထြန္း(VOM)

ကခ်င္ျပည္နယ္ မိုးေမာက္မဲဆႏၵနယ္အမွတ္ ၁ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဝင္းကို ဆက္သြယ္ေရးဥပေဒပုဒ္မ-၆၆ ဃ နဲ႔ ျမစ္ႀကီးနားၿမိဳ႕ အမွတ္ ၂ ရဲစခန္းမွာ ေအာက္တိုဘာ ၄ ရက္ေနမွာ တရားလိုေဒၚစုစုခိုင္က အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

တရားလိုဘက္ကေတာ့ သူ႔ရဲ႕ Facebook လူမႈကြန္ယက္စာမ်က္ႏွာမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲ ႏိုင္ေအာင္ ဘယ္လိုလုပ္ရမလည္း ဆိုတဲ့ပို႔ကို ေအာက္တိုဘာ ၁ ရက္ေန႔မွာ NLD ပါတီဝင္ တစ္ဦးျဖစ္တဲ့ ဦးခ်စ္ အေကာင့္ပိုင္ရွင္က ( tag ) တြဲတင္ခဲ့ရာမွာ မီးနဂါးအေကာင့္အမည္နဲ႔ အခုအမႈဖြင့္ခံရသူ လႊတ္ေတာ္ကိုယ္စားလွယ္ ေရးသားခဲ့တဲ့ ( comment ) ေၾကာင့္ အမႈဖြင့္ရတာလို႔ ဆိုပါတယ္။

အမႈဖြင့္ရေလာက္တဲ့အထိ ေရးသားတုန႔္ျပန္ခဲ့တာကေတာ့ “NLD အစိုးရအေနနဲ႔ ေရေရာ ၊ လမ္းေရာ ၊ လွ်ပ္စစ္မီးေရာ အားလုံးေပါ့ေလ အကုန္လုပ္ေပးထားတယ္ မ်က္စိရွိရင္ျမင္မယ္ ၊ ဒီေလာက္လုပ္ေပးထားတာမွ မေက်နပ္ရင္ သူ႔ သမီး ဗိုက္ေဖာင္းေအာင္လုပ္ေပးဖို႔ပဲ က်န္ေတာ့တယ္လို႔ ေျပာတယ္။ ကိုယ္ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ ကိုယ္စားလွယ္က မဲဆႏၵရွင္ျပည္သူကို အဲ့လို မိုက္မိုက္႐ိုင္း႐ိုင္း တုန႔္ျပန္လို႔ အမႈဖြင့္ခဲ့တာပါ ” လို႔ ေဒၚစုစုခိုင္က ရွင္းျပခဲ့ပါတယ္။

မိုးေမာက္မဲဆႏၵနယ္ အမွတ္ ၁ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဝင္းကို ဖုန္းျဖင့္ ဆက္သြယ္ခဲ့ရာမွာ ဖုန္းစက္ပိတ္ထားခဲ့ပါတယ္။ ျမစ္ႀကီးနားၿမိဳ႕ အမွတ္ ၂ ရဲစခန္းမွ စခန္းမႉးရဲအုပ္ သိန္းေဌးကေတာ့ နယ္ေျမရဲစခန္း အမွဳအမွတ္ ပ – ၄၃၆ / ၂၀၁၉ ဆက္သြယ္ေရးဥပေဒပုဒ္မ – ၆၆ ဃ နဲ႔ အမႈဖြင့္ထားေၾကာင္း အတည္ျပဳခဲ့ၿပီး ဆက္လက္ ေဆာင္႐ြက္စရာကိစၥေတြကို ဥပေဒနဲ႔ အညီ လုပ္ကိုင္ေနတယ္လို႔ ေျပာပါတယ္။

#voiceofmyanmar#မိုးေမာက္#NLDလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး၆၆ဃျဖင့္အမႈဖြင့္ခံရ#

Related posts

Leave a Comment

VOM News

FREE
VIEW