တောင်သူဦးပေါက်စ အမှုမှ ကျောင်းဆရာမကို ခရိုင်တရားရုံးအယူခံအောင်၍ အပြီးသတ်လွတ်

မန္တလေး၊ အောက်တိုဘာ ၅-၂၀၁၉
ဟိန်းကို(VOM)

တောင်သူဦးပေါက်စ နဲ့ ရေကြောင်းရဲတပ်ဖွဲ့(မန္တလေး)တို့ အငြင်းပွားမှုဖြစ်ပွားနေတဲ့မြေပေါ်မှာ ၂၀၁၈ခုနှစ် နို၀င်ဘာလ၁၀ရက်နေ့က ရေကြောင်းရဲတပ်ဖွဲ့ မှ ဝင်ရောက်သိမ်းဆည်းပြီးခြံစည်းရိုးခတ်နေစဉ် တောင်သူမိသားစုက နှောက်ယှက်မှုများပြုလုပ်ခဲ့တယ်လို့ဆိုကာ ရေကြောင်းရဲတပ်ဖွဲ့(မန္တလေး)က တောင်သူဦးပေါက်စ အပါအ၀င် တောင်သူ၆ဦးကို တရားစွဲဆိုခဲ့ပါတယ်။

တရားစွဲဆိုခံရတဲ့ တောင်သူ၆ဦးကို ဩဂုတ်လ ၁၆ရက်နေ့က မဟာအောင်မြေမြို့နယ်တရားရုံးမှာ ထောင်ဒဏ် ၂နှစ်စီချမှတ်ခံရပြီး ထောင်ဒဏ်ချမှတ်ခံရမှုကို ကျောင်းဆရာမ မခိုင်ဇာ၀င်းက ကျေနပ်မှုမရှိတဲ့အတွက် ခရိုင်တရားရုံးကို အယူခံတက်ခဲ့ရာ အောက်တိုဘာ ၄ရက်နေ့ မနက်ပိုင်းက အောက်ရုံးအမိန့်ကိုပယ်ဖျက် ပြီးတော့ မခိုင်ဇာ၀င်းကိုအပြီးသတ် လွှတ်ပေးဖို့ ခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

#voiceofmyanmar#မန္တလေး#တောင်သူဦးပေါက်စ အမှုမှ ကျောင်းဆရာမကို#ခရိုင်တရားရုံးအယူခံအောင်၍ အပြီးသတ်လွတ်#

Zawgyi Code

ေတာင္သူဦးေပါက္စ အမႈမွ ေက်ာင္းဆရာမကို ခ႐ိုင္တရား႐ုံးအယူခံေအာင္၍ အၿပီးသတ္လြတ္

မႏၲေလး၊ ေအာက္တိုဘာ ၅-၂၀၁၉
ဟိန္းကို(VOM)

ေတာင္သူဦးေပါက္စ နဲ႔ ေရေၾကာင္းရဲတပ္ဖြဲ႕(မႏၲေလး)တို႔ အျငင္းပြားမႈျဖစ္ပြားေနတဲ့ေျမေပၚမွာ ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလ၁၀ရက္ေန႔က ေရေၾကာင္းရဲတပ္ဖြဲ႕ မွ ဝင္ေရာက္သိမ္းဆည္းၿပီးၿခံစည္း႐ိုးခတ္ေနစဥ္ ေတာင္သူမိသားစုက ေႏွာက္ယွက္မႈမ်ားျပဳလုပ္ခဲ့တယ္လို႔ဆိုကာ ေရေၾကာင္းရဲတပ္ဖြဲ႕(မႏၲေလး)က ေတာင္သူဦးေပါက္စ အပါအ၀င္ ေတာင္သူ၆ဦးကို တရားစြဲဆိုခဲ့ပါတယ္။

တရားစြဲဆိုခံရတဲ့ ေတာင္သူ၆ဦးကို ဩဂုတ္လ ၁၆ရက္ေန႔က မဟာေအာင္ေျမၿမိဳ႕နယ္တရား႐ုံးမွာ ေထာင္ဒဏ္ ၂ႏွစ္စီခ်မွတ္ခံရၿပီး ေထာင္ဒဏ္ခ်မွတ္ခံရမႈကို ေက်ာင္းဆရာမ မခိုင္ဇာ၀င္းက ေက်နပ္မႈမရွိတဲ့အတြက္ ခ႐ိုင္တရား႐ုံးကို အယူခံတက္ခဲ့ရာ ေအာက္တိုဘာ ၄ရက္ေန႔ မနက္ပိုင္းက ေအာက္႐ုံးအမိန႔္ကိုပယ္ဖ်က္ ၿပီးေတာ့ မခိုင္ဇာ၀င္းကိုအၿပီးသတ္ လႊတ္ေပးဖို႔ ခ႐ိုင္တရား႐ုံးက အမိန္႔ခ်မွတ္လိုက္တာျဖစ္ပါတယ္။

#voiceofmyanmar#မႏၲေလး#ေတာင္သူဦးေပါက္စ အမႈမွ ေက်ာင္းဆရာမကို#ခ႐ိုင္တရား႐ုံးအယူခံေအာင္၍ အၿပီးသတ္လြတ္#

Related posts

Leave a Comment

VOM News

FREE
VIEW