စစ္ေျမျပင္အင္ဂ်င္နီယာတပ္က တပ္မေတာ္သားတစ္ဦး ဓားနဲ႕ထိုးခံရၿပီးေသဆုံး

အင္းမ ေအာက္တိုဘာ ၂၈-၂၀၁၉
မိုးယံ (VOM)

ပဲခူးတိုင္း၊ ျပည္ခ႐ိုင္၊ အင္းမၿမိဳ႕စစ္ေျမျပင္အင္ဂ်င္နီယာတပ္
အိမ္ေထာင္သည္လိုင္းခန္းမွာ ေအာက္တိုဘာလ ၂၆ရက္ေန႔က ဇနီးျဖစ္သူကဓားနဲ႔ထိုးလိုက္တဲ့အတြက္ တပ္မေတာ္သားတစ္ဦးေသဆုံးသြားတယ္လို႔ အင္းမရဲစခန္းကသိရပါတယ္။

တပ္သားထြန္းေအာင္နဲ႔ ဇနီးျဖစ္သူမသဲစုေအာင္တို႔ တစ္ေယာက္တစ္ခြန္းစကားမ်ားရာမွ
တပ္သားထြန္းေအာင္က ဇနီးျဖစ္သူကို ဆယ္ေပါင္တူနဲ႔ထုမယ္ဆိုၿပီး
႐ြယ္ခဲ့လို႔ ဇနီးျဖစ္သူက မီးဖိုေခ်ာင္သုံး အ႐ိုးအသြား(၈)လကၼခန႔္ရွိတဲ့ အဝါေရာင္ေကာ္႐ိုးတပ္ ဟင္းလွီးဓားနဲ႔ ဘယ္ဖက္ရင္အုံကိုထိုးခဲ့တယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားပါတယ္။

‟စစ္ေျမျပင္အင္ဂ်င္နီယာတပ္ဝန္းက တပ္သားကို ဇနီးကဓားနဲ႔ထိုးလို႔ေသဆုံးသြားတာဟုတ္ပါတယ္
အခုလတ္တေလာ အျပင္ေရာက္ေနလို႔ ျဖစ္စဥ္ကို ေနာက္မွ ေျပာျပမယ္လို႔”အင္းမရဲစခန္း မွ စခန္းမႉးရဲအုပ္ဆန္းေမာင္က VOMကို အတည္ျပဳေျပာပါတယ္။

တပ္သားထြန္းေအာင္မွာ ေ႐ႊေတာင္ၿမိဳ႕ အမွတ္(၆)၊ကုတင္(၁၀၀) စစ္ေဆး႐ုံမွာ
ေဆးကုသမႈခံယူေနခ်ိန္ ရရွိတဲ့ဒဏ္ရာနဲ႔ မေန႔ေန႔လည္ကေသဆုံးသြားခဲ့တယ္လို႔
အမွတ္ (၃)တပ္စုမႉး(ၾကည္း)မွ ဗိုလ္ႀကီးဇင္ကိုကိုက အင္းမရဲစခန္းကို အေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။

တပ္မေတာ္သားတစ္ဦးကို ေသဆံုးေအာင္ျပဳလုပ္ခဲ့တဲ့ မသဲစုေအာင္ အသက္ ၂၆ႏွစ္ ကို အင္းမၿမိဳ႕စစ္ေျမျပင္အင္ဂ်င္နီယာတပ္ တပ္ေထာက္ဗိုလ္ႀကီးခင္ေဇာ္က တရားလိုျပဳလုပ္ၿပီး အင္းမရဲစခန္းမွာ (ပ)၁၁၆/၂၀၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ၃၀၂ နဲ႔အမႈဖြင့္ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #အင္းမ #တပ္မေတာ္သားေသဆံုး

 

Unicode

စစ်မြေပြင်အင်ဂျင်နီယာတပ်က တပ်မတော်သားတစ်ဦး ဓားနဲ့ထိုးခံရပြီးသေဆုံး

အင်းမ အောက်တိုဘာ ၂၈-၂၀၁၉
မိုးယံ (VOM)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ အင်းမမြို့စစ်မြေပြင်အင်ဂျင်နီယာတပ်
အိမ်ထောင်သည်လိုင်းခန်းမှာ အောက်တိုဘာလ ၂၆ရက်နေ့က ဇနီးဖြစ်သူကဓားနဲ့ထိုးလိုက်တဲ့အတွက် တပ်မတော်သားတစ်ဦးသေဆုံးသွားတယ်လို့ အင်းမရဲစခန်းကသိရပါတယ်။

တပ်သားထွန်းအောင်နဲ့ ဇနီးဖြစ်သူမသဲစုအောင်တို့ တစ်ယောက်တစ်ခွန်းစကားများရာမှ
တပ်သားထွန်းအောင်က ဇနီးဖြစ်သူကို ဆယ်ပေါင်တူနဲ့ထုမယ်ဆိုပြီး
ရွယ်ခဲ့လို့ ဇနီးဖြစ်သူက မီးဖိုချောင်သုံး အရိုးအသွား(၈)လက္မခန့်ရှိတဲ့ အဝါရောင်ကော်ရိုးတပ် ဟင်းလှီးဓားနဲ့ ဘယ်ဖက်ရင်အုံကိုထိုးခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

‟စစ်မြေပြင်အင်ဂျင်နီယာတပ်ဝန်းက တပ်သားကို ဇနီးကဓားနဲ့ထိုးလို့သေဆုံးသွားတာဟုတ်ပါတယ်
အခုလတ်တလော အပြင်ရောက်နေလို့ ဖြစ်စဉ်ကို နောက်မှ ပြောပြမယ်လို့”အင်းမရဲစခန်း မှ စခန်းမှူးရဲအုပ်ဆန်းမောင်က VOMကို အတည်ပြုပြောပါတယ်။

တပ်သားထွန်းအောင်မှာ ရွှေတောင်မြို့ အမှတ်(၆)၊ကုတင်(၁၀၀) စစ်ဆေးရုံမှာ
ဆေးကုသမှုခံယူနေချိန် ရရှိတဲ့ဒဏ်ရာနဲ့ မနေ့နေ့လည်ကသေဆုံးသွားခဲ့တယ်လို့
အမှတ် (၃)တပ်စုမှူး(ကြည်း)မှ ဗိုလ်ကြီးဇင်ကိုကိုက အင်းမရဲစခန်းကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

တပ်မတော်သားတစ်ဦးကို သေဆုံးအောင်ပြုလုပ်ခဲ့တဲ့ မသဲစုအောင် အသက် ၂၆နှစ် ကို အင်းမမြို့စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ထောက်ဗိုလ်ကြီးခင်ဇော်က တရားလိုပြုလုပ်ပြီး အင်းမရဲစခန်းမှာ (ပ)၁၁၆/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂ နဲ့အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #အင်းမ #တပ်မတော်သားသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW