ကေလးၿမိဳ႕နယ္မွာ ေက်ာက္မီးေသြးတြင္း ေပါက္ကြဲမႈျဖစ္ပြား တစ္ဦးေသဆံုး သုံးဦးဒဏ္ရာရ

ကေလး ေအာက္တိုဘာ ၃၁-၂၀၁၉
မိုင္ခ်ယ္ရီ(VOM)

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္အတြင္းက ထူးဟန္သစ္ကုမၸဏီပိုင္ ေက်ာက္မီးေသြး တူးေဖာ္တဲ့လုပ္ကြက္ အတြင္း မိုင္းတြင္းေပါက္ကြဲရာကေန မိုင္းလုပ္သား တစ္ဦး ေသဆုံးၿပီး သုံးဦးဒဏ္ရာရတဲ့ ျဖစ္စဥ္တစ္ခု ေအာက္တိုဘာ ၃၀ရက္ေန႔ ညပိုင္းကျဖစ္ပြားခဲ့တယ္လို႔ စခန္းႀကီးနယ္ေျမရဲစခန္းကေန သိရပါတယ္။

ကေလးၿမိဳ႕နယ္ ၾကက္ဖိနပ္ေခ်ာင္းဖ်ားက ပလူဇဝေဒသ ေက်ာက္မီးေသြး မိုင္းက်င္းအတြင္း မီသိန္းဓါတ္ေငြ႕ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္ပါတယ္။

“ ေပါက္ကြဲမႈေၾကာင့္ ဦးဝင္းလြင္ (၃၈)ႏွစ္ ကေလးၿမိဳ႕ နန္းဗဟိုရ္ေက်း႐ြာ ေနသူမွာ ေသဆုံးခဲ့ၿပီး ၊ဦးအဲထြန္း(၄၄)ႏွစ္ ရာဇၿဂိဳဟ္ေက်း႐ြာ၊ဦးေစာေအာင္(၄၄)ႏွစ္ ကံႀကီးေက်း႐ြာ ႏွင့္ ဦးေဇာ္မင္းေအာင္ (၃၁)ႏွစ္ မင္းကင္းၿမိဳ႕နယ္ေတာင္တြင္းၿမိဳ႕မေက်း႐ြာေနသူ သုံးဦးမွာ မီးေလာင္ဒဏ္ရာမ်ားရရွိကာ ကေလးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈ ခံယူလ်က္ေနတယ္ ” လို႔ စခန္းႀကီးနယ္ေျမရဲစခန္း က တာဝန္ရွိသူတစ္ဦး က ေျပာပါတယ္။

ကေလးၿမိဳ႕နယ္ နဲ႔ ကေလးဝၿမိဳ႕နယ္အတြင္းက ေက်ာက္မီးေသြးတူးေဖာ္တဲ့ လုပ္ကြက္ေတြမွာ ၂၀၁၉ ခုႏွစ္ ေမလ ၂၀ ရက္ေန႔က ထူးဟန္သစ္ ကုမၸဏီ လုပ္ကြက္အတြင္းမွာပဲ ေက်ာက္မီးေသြးတြင္းေပါက္ကြဲမႈေၾကာင့္ လူ ၆ ဦး ဒဏ္ရာရရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၄ ရက္ေန႔ ကလည္း ထူးဟန္သစ္ ေက်ာက္မီးေသြး တူးေဖာ္တဲ့ ကုမၸဏီလုပ္ကြက္ က်င္းအတြင္းမွာ ေအာက္ဆီဂ်င္ျပတ္လပ္ၿပီး လူတစ္ဦး ေသဆုံးတဲ့ ျဖစ္စဥ္ေတြ ျဖစ္ပြားခဲ့ပါေသးတယ္။

#voiceofmyanmar #ကေလးၿမိဳ႕ #ေက်ာက္မီးေသြးတြင္းေပါက္ကြဲ

Unicode

ကလေးမြို့နယ်မှာ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဖြစ်ပွား တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ

ကလေး အောက်တိုဘာ ၃၁-၂၀၁၉
မိုင်ချယ်ရီ(VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ထူးဟန်သစ်ကုမ္ပဏီပိုင် ကျောက်မီးသွေး တူးဖော်တဲ့လုပ်ကွက် အတွင်း မိုင်းတွင်းပေါက်ကွဲရာကနေ မိုင်းလုပ်သား တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရတဲ့ ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၃၀ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ စခန်းကြီးနယ်မြေရဲစခန်းကနေ သိရပါတယ်။

ကလေးမြို့နယ် ကြက်ဖိနပ်ချောင်းဖျားက ပလူဇဝဒေသ ကျောက်မီးသွေး မိုင်းကျင်းအတွင်း မီသိန်းဓါတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

“ ပေါက်ကွဲမှုကြောင့် ဦးဝင်းလွင် (၃၈)နှစ် ကလေးမြို့ နန်းဗဟိုရ်ကျေးရွာ နေသူမှာ သေဆုံးခဲ့ပြီး ၊ဦးအဲထွန်း(၄၄)နှစ် ရာဇဂြိုဟ်ကျေးရွာ၊ဦးစောအောင်(၄၄)နှစ် ကံကြီးကျေးရွာ နှင့် ဦးဇော်မင်းအောင် (၃၁)နှစ် မင်းကင်းမြို့နယ်တောင်တွင်းမြို့မကျေးရွာနေသူ သုံးဦးမှာ မီးလောင်ဒဏ်ရာများရရှိကာ ကလေးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူလျက်နေတယ် ” လို့ စခန်းကြီးနယ်မြေရဲစခန်း က တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ကလေးမြို့နယ် နဲ့ ကလေးဝမြို့နယ်အတွင်းက ကျောက်မီးသွေးတူးဖော်တဲ့ လုပ်ကွက်တွေမှာ ၂၀၁၉ ခုနှစ် မေလ ၂၀ ရက်နေ့က ထူးဟန်သစ် ကုမ္ပဏီ လုပ်ကွက်အတွင်းမှာပဲ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ ကလည်း ထူးဟန်သစ် ကျောက်မီးသွေး တူးဖော်တဲ့ ကုမ္ပဏီလုပ်ကွက် ကျင်းအတွင်းမှာ အောက်ဆီဂျင်ပြတ်လပ်ပြီး လူတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #ကလေးမြို့ #ကျောက်မီးသွေးတွင်းပေါက်ကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW