ဂ်ပန္နုိင္ငံရဲ႕ ကမၻာ႔ေရွးေဟာင္းအေမြအနွစ္စာရင္းဝင္ ရွဴရီရဲတိုက္ မီးေလာင္ကြ်မ္း

တိုကိ်ဳ၊ ေအာက္တိုဘာ-၃၁-၂၀၁၉
မ်ိဳးဆက္ (VOM)

ဂ်ပန္နုိင္ငံေတာင္ပိုင္း အိုကီနာဝါကြ်န္းေပၚရိွ ယူနက္စကို ကမၻာ႔အေမြအနွစ္ေနရာတစ္ခုအျဖစ္ သတ္မွတ္ခံထားရတဲ႔ ရွဴရီရဲတိုက္ရဲ႕ အဓိကအေဆာက္အအံုေတြ ေအာက္တိုဘာ ၃၁ ရက္ေန႔က မီးေလာင္ကြ်မ္းမႈျဖစ္ပြားခဲ႔ပါတယ္။

မီးသတ္သမားေတြဟာ ဒီေန႔မနက္ အေစာပိုင္းကတည္းက မီးျငိမ္းသတ္မႈေတြလုပ္ေဆာင္ေနခဲ႔ျပီး ဒီျဖစ္စဥ္ေၾကာင္႔ လက္ရွိအခ်ိန္ထိ ထိခိုက္ဒါဏ္ရာရတာေတြမရိွေသးဘူးလို႔ သတင္းေတြကေဖာ္ျပပါတယ္။

မီးေလာင္ကြ်မ္းမႈေၾကာင္႔ ေျမာက္ဘက္နဲ႔ ေတာင္ဘက္အေဆာက္အအံုေတြလိုမ်ိဳး ရဲတိုက္ရဲ႕ အဓိကေနရာေတြ ေလာင္ကြ်မ္းျပိဳက်သြားခဲ႔တယ္လို႔ ေဒသခံသတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

မီးေလာင္ကြ်မ္းမႈအေၾကာင္းရင္းကို မသိရိွရေသးေပမယ္႔ ေအာက္တိုဘာ ၃၁ ရက္နံနက္ ၂ နာရိီ ၃၀ မိနစ္ဝန္းက်င္ေလာက္မွာ လံုျခံဳေရးကုမၸဏီတစ္ခုကေန မီးသတိေပးအခ်က္ျပသံထြက္ေပၚခဲ႔တယ္လို႔ အိုကီနာဝါျပည္နယ္ရဲတပ္ဖြဲ႔ ေျပာေရးဆိုခြင္႔ရိွသူက ေျပာပါတယ္။

ရီယူက်ဴမင္းဆက္ လြန္ခဲ႔တဲ႔ နွစ္ေပါင္း ၅၀၀ ကတည္ေဆာက္ခဲ႔တဲ႔ အဲဒီ သစ္သားရဲတိုက္ကို ဂ်ပန္နုိင္ငံရဲ႕ အမ်ိဳးသား ရတနာအျဖစ္ ၁၉၃၃ ခုနွစ္မွာ သတ္မွတ္ခဲ႔ၾကပါတယ္။ ဒုတိယကမၻာစစ္က တိုက္ပြဲတစ္ခုအတြင္း ရဲတိုက္ဟာ အားလံုးနီးပါး ဖ်က္ဆီးခံခဲ႔ရျပီး လက္ရိွလက္ရာဟာ ျပန္လည္မြန္းမံတည္ ေဆာက္ထား တာျဖစ္ပါတယ္။

Ref : BBC Photo : Twitter
#voiceofmyanmar #တိုက်ိဳ #ရွဴရီရဲတိုက္မီးေလာင္

Unicode

ဂျပန်နိုင်ငံရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ရှူရီရဲတိုက် မီးလောင်ကျွမ်း

တိုကျို၊ အောက်တိုဘာ-၃၁-၂၀၁၉
မျိုးဆက် (VOM)

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းပေါ်ရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ ရှူရီရဲတိုက်ရဲ့ အဓိကအဆောက်အအုံတွေ အောက်တိုဘာ ၃၁ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

မီးသတ်သမားတွေဟာ ဒီနေ့မနက် အစောပိုင်းကတည်းက မီးငြိမ်းသတ်မှုတွေလုပ်ဆောင်နေခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် လက်ရှိအချိန်ထိ ထိခိုက်ဒါဏ်ရာရတာတွေမရှိသေးဘူးလို့ သတင်းတွေကဖော်ပြပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် မြောက်ဘက်နဲ့ တောင်ဘက်အဆောက်အအုံတွေလိုမျိုး ရဲတိုက်ရဲ့ အဓိကနေရာတွေ လောင်ကျွမ်းပြိုကျသွားခဲ့တယ်လို့ ဒေသခံသတင်းဌာနတွေက ဖော်ပြထားပါတယ်။

မီးလောင်ကျွမ်းမှုအကြောင်းရင်းကို မသိရှိရသေးပေမယ့် အောက်တိုဘာ ၃၁ ရက်နံနက် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်လောက်မှာ လုံခြုံရေးကုမ္ပဏီတစ်ခုကနေ မီးသတိပေးအချက်ပြသံထွက်ပေါ်ခဲ့တယ်လို့ အိုကီနာဝါပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရီယူကျူမင်းဆက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကတည်ဆောက်ခဲ့တဲ့ အဲဒီ သစ်သားရဲတိုက်ကို ဂျပန်နိုင်ငံရဲ့ အမျိုးသား ရတနာအဖြစ် ၁၉၃၃ ခုနှစ်မှာ သတ်မှတ်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်က တိုက်ပွဲတစ်ခုအတွင်း ရဲတိုက်ဟာ အားလုံးနီးပါး ဖျက်ဆီးခံခဲ့ရပြီး လက်ရှိလက်ရာဟာ ပြန်လည်မွန်းမံတည် ဆောက်ထား တာဖြစ်ပါတယ်။

Ref : BBC Photo : Twitter
#voiceofmyanmar #တိုကျို #ရှူရီရဲတိုက်မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW