ဘတ္စ္ကားမွတ္တိုင္မွာ ေစ်းဆိုင္ခန္းေတြေဆာက္မယ့္ကိစၥ ေဝဖန္မႈေတြရွိခဲ့ေပမယ့္ စတင္လုပ္ေဆာင္မယ္

ရန္ကုန္ ေအာက္တိုဘာ ၃၁-၂၀၁၉
သိဂီ ၤ(VOM)

ေဝဖန္မႈေတြရွိခဲ့တဲ့ လမ္းေဘး ဘတ္စ္ကားမွတ္တိုင္ပလက္ေဖာင္းေပၚမွာ ေစ်းဆိုင္ခန္းေဆာက္ျပီးျပန္လည္းငွားရမ္းေပးမယ့္ကိစၥ Downtown ျမိဳ႕တြင္းဧရိယာ မွာ စတင္လုပ္ေဆာင္သြားမယ္လို႕ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကေန သိရပါတယ္။

လတ္တေလာ ျမိဳ႕တြင္းဧရိယာမွာ ဘတ္စ္ကားမွတ္တိုင္ေတြ တည္ေဆာက္ေနၿပီး မွတ္တိုင္ေတြလုပ္ငန္းၿပီးတာနဲ႕ ေစ်းဆိုင္ေတြကို ေနရာသတ္မွတ္ေပးသြားမွာ ျဖစ္ပါတယ္။

” အစီအစဥ္က မပ်က္ပါဘူး ။ ခု downtown ဧရိယာမွာ သက္ဆိုင္ရာကုမၸဏီကေန ဘတ္စ္ကားမွတ္တိုင္ေတြ ေႀကာ္ျငာ ပိုင္းဆိုင္ရာေတြလတပ္ဆင္ဖို႕ရွိတယ္။ ဆိုင္ထားမယ့္အစီအစဥ္က မပ်က္ဘူး အဓိက ဘတ္စ္ကားစီးတဲ႕အခါ pre-card စနစ္နဲ႕ စီးနိုင္ဖို႕ ကဒ္ေတြအလြယ္တကူဝယ္နိုင္ဖို႕ ဆိုင္ခန္းထားမယ္ေျပာတာပါ” လို႕ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမွဴးျဖစ္သူ ဦးသန္းကေျပာပါတယ္။

ျမိဳ႕တြင္း ဧရိယာမွာ မွတ္တိုင္ေပါင္း ၅၀၀ တည္ေဆာက္သြားမွာျဖစ္ၿပီး ဒီေစ်းဆိုင္ခန္းေတြကို ခရီးသည္ စီးနင္းမႈမ်ားၿပီး အဆင့္ျမွင့္မႈျပဳလုပ္ထားတဲ႕ Bus ကားမွတ္တိုင္ေတြမွာ အဓိက ဖြင့္လွစ္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

” သိန္း ၂၀ က ဘယ္လိုေပးရမလဲ ဆိုတာရွိေသးတယ္။ အရစ္က်လား ေလ်ွာက္ကထဲက တခါတည္းေပးသြင္းရမွာလားရွိေသးတယ္။ တစ္ႀကိမ္တည္းေပးရမယ္ဆို အဆင္မေျပဘူး။ ဆိုင္ေလးနဲ႕ေသခ်ာစနစ္တက် ေရာင္းရမယ္ဆိုရင္ေတာ့ ပိုေကာင္းတာေပါ့ ။ အဆင္ေျပတဲ႕ နႈန္းေလးျဖစ္ခ်င္ပါတယ္ ” လို႕ ျမိဳ႕တြင္း မွတ္တိုင္တစ္ခုမွာ ေရာင္းခ်ေနတဲ့ လမ္းေဘးေစ်းသည္ျဖစ္သူ ဦး သိန္းစိုးကေျပာပါတယ္။

YBS ဘတ္စ္ကားမွတ္တိုင္ေတြမွာ တည္ေဆာက္ငွားရမ္းေပးမယ့္ ဆိုင္ခန္းေတြမွာ ေဆးလိပ္နဲ႕ ကြမ္းယာကိုေတာ့ ေရာင္းခ်ခြင့္ျပဳမွာ မဟုတ္ေႀကာင္းနဲ႕ ဆိုင္ခန္းေတြကေတာ့ ငါးေပပတ္လည္ အက်ယ္ရွိ္ျပီး တစ္ခန္းအတြက္ ကုန္က်ေငြက သိန္း ၂၀ ဝန္းက်င္ရွိနိုင္တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးက ေျပာဆိုထားတာတာလည္းရွိပါတယ္။

#voiceofmyanmar #ရန္ကုန္ #YBS #ေစ်းဆိုင္ခန္း

 

Unicode

ဘတ်စ်ကားမှတ်တိုင်မှာ ဈေးဆိုင်ခန်းတွေဆောက်မယ့်ကိစ္စ ဝေဖန်မှုတွေရှိခဲ့ပေမယ့် စတင်လုပ်ဆောင်မယ်

ရန်ကုန် အောက်တိုဘာ ၃၁-၂၀၁၉
သိဂီ ၤ(VOM)

ဝေဖန်မှုတွေရှိခဲ့တဲ့ လမ်းဘေး ဘတ်စ်ကားမှတ်တိုင်ပလက်ဖောင်းပေါ်မှာ ဈေးဆိုင်ခန်းဆောက်ပြီးပြန်လည်းငှားရမ်းပေးမယ့်ကိစ္စ Downtown မြို့တွင်းဧရိယာ မှာ စတင်လုပ်ဆောင်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

လတ်တလော မြို့တွင်းဧရိယာမှာ ဘတ်စ်ကားမှတ်တိုင်တွေ တည်ဆောက်နေပြီး မှတ်တိုင်တွေလုပ်ငန်းပြီးတာနဲ့ ဈေးဆိုင်တွေကို နေရာသတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။

” အစီအစဉ်က မပျက်ပါဘူး ။ ခု downtown ဧရိယာမှာ သက်ဆိုင်ရာကုမ္ပဏီကနေ ဘတ်စ်ကားမှတ်တိုင်တွေ ကြော်ငြာ ပိုင်းဆိုင်ရာတွေလတပ်ဆင်ဖို့ရှိတယ်။ ဆိုင်ထားမယ့်အစီအစဉ်က မပျက်ဘူး အဓိက ဘတ်စ်ကားစီးတဲ့အခါ pre-card စနစ်နဲ့ စီးနိုင်ဖို့ ကဒ်တွေအလွယ်တကူဝယ်နိုင်ဖို့ ဆိုင်ခန်းထားမယ်ပြောတာပါ” လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးသန်းကပြောပါတယ်။

မြို့တွင်း ဧရိယာမှာ မှတ်တိုင်ပေါင်း ၅၀၀ တည်ဆောက်သွားမှာဖြစ်ပြီး ဒီဈေးဆိုင်ခန်းတွေကို ခရီးသည် စီးနင်းမှုများပြီး အဆင့်မြှင့်မှုပြုလုပ်ထားတဲ့ Bus ကားမှတ်တိုင်တွေမှာ အဓိက ဖွင့်လှစ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

” သိန်း ၂၀ က ဘယ်လိုပေးရမလဲ ဆိုတာရှိသေးတယ်။ အရစ်ကျလား လျှောက်ကထဲက တခါတည်းပေးသွင်းရမှာလားရှိသေးတယ်။ တစ်ကြိမ်တည်းပေးရမယ်ဆို အဆင်မပြေဘူး။ ဆိုင်လေးနဲ့သေချာစနစ်တကျ ရောင်းရမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ ။ အဆင်ပြေတဲ့ နှုန်းလေးဖြစ်ချင်ပါတယ် ” လို့ မြို့တွင်း မှတ်တိုင်တစ်ခုမှာ ရောင်းချနေတဲ့ လမ်းဘေးဈေးသည်ဖြစ်သူ ဦး သိန်းစိုးကပြောပါတယ်။

YBS ဘတ်စ်ကားမှတ်တိုင်တွေမှာ တည်ဆောက်ငှားရမ်းပေးမယ့် ဆိုင်ခန်းတွေမှာ ဆေးလိပ်နဲ့ ကွမ်းယာကိုတော့ ရောင်းချခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ ဆိုင်ခန်းတွေကတော့ ငါးပေပတ်လည် အကျယ်ရှိပြီး တစ်ခန်းအတွက် ကုန်ကျငွေက သိန်း ၂၀ ဝန်းကျင်ရှိနိုင်တယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောဆိုထားတာတာလည်းရှိပါတယ်။

#voiceofmyanmar #ရန်ကုန် #YBS #ဈေးဆိုင်ခန်း

Related posts

Leave a Comment

VOM News

FREE
VIEW