လက္နက္ကိုင္ေသာင္းက်န္းသူေတြကို ႏိုင္ငံေတာ္အစိုးရေနနဲ႔ထိန္းသိမ္းဖို႔ အဆိုကို ျပည္သူ႔လႊတ္ေတာ္က တင္သြင္းခြင့္မျပဳ

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၁၉-၂၀၁၉

သီရိ(VOM)

 

ႏိုင္ငံေတာ္အတြင္း လက္နက္ကိုင္ေသာင္းက်န္းသူမ်ားက မင္းမဲ့စ႐ိုက္ဆန္ဆန္ ပစ္ခက္ဖမ္းဆီး၊ စစ္ ေဆးသတ္ျဖတ္ျခင္း၊ ခရီးသည္ယာဥ္မ်ား၊ လမ္းတံတားမ်ားကို ေဖာက္ခြဲဖ်က္ဆီးျခင္းမ်ား ႀကဳံေတြ႕ေနရျခင္း ေၾကာင့္ထိေရာက္လွ်င္ျမန္စြာထိန္းသိမ္း ကာကြယ္ေပးႏိုင္ရန္ ႏိုင္ငံေတာ္အစိုးရအားတိုက္တြန္းေၾကာင္းကို ျပည္သူ႔လႊတ္ေတာ္က တင္သြင္းခြင့္မျပဳခဲ့ဘူးလို႔ ျပည္ခိုင္ၿဖိဳးပါတီဝင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက သတင္းမီဒီယာေတြကို ႏိုဝင္ဘာလ ၁၉ ရက္က ေျပာပါတယ္။

 

အဲ့ဒီအဆိုကို အခုလ ၁၄ ရက္ေန႔မွာ တင္သြင္းလိုက္တာျဖစ္ၿပီး ႏိုဝင္ဘာလ ၁၈ ရက္ေန႔ ျပည္ ေထာင္စုလႊတ္ေတာ္မွာ ေဆြးေႏြးခဲ့တဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို အျမန္ဆုံးျပန္လႊတ္ ေပးေရးအဆိုနဲ႔ အလားတူျဖစ္ေနတဲ့အတြက္ ခြင့္မျပဳတာျဖစ္တယ္လို႔ သိရပါတယ္။

 

အဆိုမွာ ႏိုင္ငံေတာ္အတြင္း ေအးခ်မ္းစြာေနထိုင္သြားလာလုပ္ကိုင္လွ်က္ရွိေသာ ျပည္သူမ်ား၊ ျပည္သူ႔ ဝန္ထမ္းမ်ား၊ ျပည္သူ႔ ကိုယ္စားလွယ္မ်ားႏွင့္ ႏိုင္ငံျခားသားမ်ား၊ သာမာန္ခရီးသြားလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား လက္နက္ကိုင္ေသာင္း က်န္းသူမ်ားက ဥပေဒမဲ့ မင္းမဲ့စ႐ိုက္ဆန္ဆန္ ပစ္ခက္ဖမ္းဆီး၊ စစ္ေဆးသတ္ျဖတ္ျခင္း၊ ခရီးသည္ယာဥ္မ်ား၊ လမ္းတံတားမ်ားကို ေဖာက္ခြဲဖ်က္ဆီးျခင္းမ်ား ႀကဳံေတြ႕ေနရျခင္းေၾကာင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္း စိမ္မ်ားပ်က္စီးဆုံးရႈံးၿပီး လုံၿခဳံမႈကင္းေဝးသလိုျဖစ္ေပၚေနျခင္းအေပၚ ထိေရာက္လွ်င္ျမန္စြာ ထိန္းသိမ္းကာကြယ္ေပးႏိုင္ရန္ ႏိုင္ငံေတာ္အစိုးရအားတိုက္တြန္းေၾကာင္းအဆိုပဲျဖစ္ပါတယ္။

 

“ဟိုဖက္ကအဆိုက ဦးေဝွ႔တင္းကို ဖမ္းဆီးေခၚေဆာင္သြားတဲ့ ေအေအအဖြဲ႕ကို ကန္႔ကြက္ရႈံ႕ခ်တာ ရယ္။ ခြၽင္းခ်က္မရွိ အျမန္ဆုံးျပန္လႊတ္ေပးဖို႔တင္တဲ့အဆိုျဖစ္တယ္။ ဒါေပမယ့္ ရခိုင္ျပည္နယ္ ေအေအအဖြဲ႕ အေပၚမွာ ဘဲ ေရးသားတင္သြင္းထားတဲ့ အေရးႀကီးအဆိုျဖစ္တယ္။ အန္ကယ့္အဆိုကေတာ့ အခု လက္နက္ကိုင္ေဆာင္ၿပီးေတာ့ အၾကမ္းဖက္ေသာင္းက်န္းေနတဲ့ ျဖစ္စဥ္ ေတြအရ ရခိုင္ျပည္နယ္မွာေရာ၊ ရွမ္းျပည္နယ္မွာေရာ ျဖစ္ခဲ့တဲ့ ျဖစ္စဥ္ေတြအေပၚမွာ မူတည္ၿပီးေတာ့ ဒီအတိုင္း ဆက္သြားလို႔ရွိရင္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး ဒါေတြဟာအမ်ားႀကီးထိခိုက္လာႏိုင္ တယ္။ ျပည္သူလူထုကလည္း ေနထိုင္သြားလာလုပ္ကိုင္စားေသာက္ဖို႔ လုံၿခဳံမႈကင္းမဲ့သလိုျဖစ္လာတယ္။ ဒါေၾကာင့္မို႔လို႔ ဒါေတြကို ဒီအတိုင္းထားရင္ ႏိုင္ငံေတာ္အတြက္ ပိုၿပီးေတာ့ ျပည္သူလူထုမွာ ဒုကၡေတြ ေရာက္လာ ႏိုင္တယ္။ ဒါေၾကာင့္မို႔လို႔ ဒါကို ႏိုင္ငံေတာ္အစိုးရက အျမန္ဆုံး ကိုင္တြယ္ေျဖရွင္းေပးေစခ်င္လို႔ အန္ကယ္က အေရးႀကီးအဆိုတင္တာျဖစ္ပါတယ္”လို႔ ျပည္ခိုင္ၿဖိဳးပါတီဝင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက ေျပာပါတယ္။

 

ဦးေဝွ႔တင္းအတြက္ တင္တဲ့အဆိုက ျပည္ေထာင္စုလႊတ္ေတာ္နဲ႔ သင့္ေတာ္တဲ့အေနအထားမရွိဘူးလို႔ ဦးေသာင္းေအးက ဆက္ေျပာပါတယ္။ အေၾကာင္းကေတာ့ ဒီလို လက္နက္ကိုင္အဖြဲ႕အစည္းတစ္ရပ္ကို ျပည္ ေထာင္စုလႊတ္ေတာ္က ေတာင္းဆိုရတယ္ဆိုတာ သိပ္ေတာ့ သဘာဝမက်ဘူးလို႔လည္း ေျပာပါတယ္။

 

“ ဒါေပမယ့္ ဒီအထဲမွာမွ အခုလို လက္နက္ကိုင္ၿပီးေတာ့ ျပည္သူလူထု၊ သြားလာေနထိုင္ လုပ္ကိုင္ေန မႈေတြကို ယာဥ္တန္းေတြကို တိုက္တယ္။ လူေတြကို ဖမ္းတယ္။ လူေတြကို သတ္တယ္။ မိုင္းေထာင္ေဖာက္ခြဲ တယ္။ ဒီျဖစ္ရပ္ေတြဟာ တကယ္ေျပာမယ္ဆိုရင္ေတာ့ အစိုးရအေနနဲ႔ ကြဲကြဲျပားျပား ခြဲျခားဖို႔လိုတယ္။ ဒီအဆိုတင္ၿပီးတဲ့ ေနာက္ေန႔ ၁၅ ရက္၊ ၁၆ ရက္ေန႔ေတြမွာကိုက ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ ယာဥ္တန္းကို လက္နက္ကိုင္အဖြဲ႕ကဝင္ၿပီးေတာ့ တားဆီးရပ္တန္႔ၿပီးေတာ့ ဆက္ေၾကးဝင္ေကာက္တယ္လို႔ သိရတယ္။ ဒီကိစၥနဲ႔ ပက္သက္ၿပီးေတာ့လည္း ကြက္ခိုင္တဝိုက္မွာ တိုက္ပြဲေတြျဖစ္ၾကတယ္လို႔ လူမႈကြန္ယက္မွာလည္း ပ်ံႏွံ႔ေနတယ္။ တကယ္လည္း ေျမျပင္မွာ ဒီလိုျဖစ္ခဲ့တယ္။ ေနာင္ အလားတူပဲ အဲ့ဒီေန႔ကပဲ ရခိုင္ျပည္နယ္မွာ ေက်ာက္ေတာ္နားတဝိုက္မွာ ယာဥ္တန္းတစ္ခုကို မိုင္းခြဲတိုက္ခိုက္တဲ့အတြက္ တပ္မေတာ္သား တပ္ရင္းမႈအဆင္တစ္ဦးက်ဆုံးတယ္လို႔ အၾကမ္းဖ်ဥ္းသိရတယ္။ ဒီလိုပဲ ၁၅ ရက္ေန႔မွာ ရေသ့ေတာင္ၿမိဳ႕နယ္က နယ္ေျမခံတပ္ရင္းကို  အေဝးကေနၿပီးေတာ့ လက္နက္ႀကီးေတြ နဲ႔ ပစ္ခတ္တာရွိတယ္လို႔ သိရတယ္။ အလားတူပဲ လားရႈိးၿမိဳ႕ကိုလည္း ေရွာခ္တိုက္ဒုံးေတြနဲ႔ ပစ္ခတ္တဲ့အတြက္ ေလယာဥ္ကြင္းတို႔ ရပ္ကြက္ ထဲေတြ က်ၿပီး ဒါဏ္ရာေတြ၊ ထိခိုက္မႈေတြ ပ်က္စီးမႈေတြ ရွိတယ္လို႔ သိရတယ္။ ဒါကို ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ျမန္ျမန္ဆန္ဆန္ ထိထိေရာက္ေရာက္ ကိုင္တြယ္ဖို႔ သင့္ၿပီ ဒါေၾကာင့္ မို႔ လို႔ ဒီ အေရးႀကီးအဆိုကို တင္တာျဖစ္ပါတယ္”လို႔ ဦးေသာင္းေအးကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ လြပ္လပ္ေရးရၿပီးကတည္းက လက္နက္ကိုင္ေသာင္းက်န္းမႈေတြ၊ ျပည္တြင္းေသာင္း က်န္းမႈေတြ ေပၚေပါက္လာၿပီး အစိုးရအဆက္ဆက္က ၿငိမ္းခ်မ္းေရးျပန္လည္ရရွိဖို႔ ေဆာင္႐ြက္ခဲ့ၾကပါတယ္။ အ ခုလက္ရွိအေျခအေနမွာ ၿငိမ္းခ်မ္းေရးရသြားၿပီျဖစ္တဲ့ အဖြဲ႕အစည္းအခ်ိဳ႕ လက္နက္ခ်အၿပီးတိုင္စြန္႔လႊတ္သြား ၾကၿပီး အခ်ိဳ႕ကလည္း ၿငိမ္းခ်မ္းေရးယူ လက္နက္ကိုင္ၿပီး ကိုယ့္ေဒသမွာ ကိုယ္ေနၾကတယ္။ တစ္ခ်ိဳ႕ လည္းလက္နက္ကိုင္ၿပီး ႏိုင္ငံေတာ္ရဲ႕ ကာကြယ္ေရးတာဝန္ေတြနဲ႔ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ ကို လုပ္ေနတာေတြရွိတယ္လို႔ ဦးေသာင္းေအးက မီဒီယာေတြရဲ႕ေမးျမန္္းမွဳမွာ ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

 

#voiceofmyanmar #ေနျပည္ေတာ္ #ဦးေသာင္းေအး #ေျပာၾကားခ်က္

Unicode

လက်နက်ကိုင်သောင်းကျန်းသူတွေကို နိုင်ငံတော်အစိုးရနေနဲ့ထိန်းသိမ်းဖို့ အဆိုကို ပြည်သူ့လွှတ်တော်က တင်သွင်းခွင့်မပြု

နေပြည်တော်၊ နိုဝင်ဘာ ၁၉-၂၀၁၉
သီရိ(VOM)

နိုင်ငံတော်အတွင်း လက်နက်ကိုင်သောင်းကျန်းသူများက မင်းမဲ့စရိုက်ဆန်ဆန် ပစ်ခက်ဖမ်းဆီး၊ စစ် ဆေးသတ်ဖြတ်ခြင်း၊ ခရီးသည်ယာဉ်များ၊ လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများ ကြုံတွေ့နေရခြင်း ကြောင့်ထိရောက်လျှင်မြန်စွာထိန်းသိမ်း ကာကွယ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်းကို ပြည်သူ့လွှတ်တော်က တင်သွင်းခွင့်မပြုခဲ့ဘူးလို့ ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက သတင်းမီဒီယာတွေကို နိုဝင်ဘာလ ၁၉ ရက်က ပြောပါတယ်။

 

အဲ့ဒီအဆိုကို အခုလ ၁၄ ရက်နေ့မှာ တင်သွင်းလိုက်တာဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ ပြည် ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ် ပေးရေးအဆိုနဲ့ အလားတူဖြစ်နေတဲ့အတွက် ခွင့်မပြုတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုမှာ နိုင်ငံတော်အတွင်း အေးချမ်းစွာနေထိုင်သွားလာလုပ်ကိုင်လျှက်ရှိသော ပြည်သူများ၊ ပြည်သူ့ ဝန်ထမ်းများ၊ ပြည်သူ့ ကိုယ်စားလှယ်များနှင့် နိုင်ငံခြားသားများ၊ သာမာန်ခရီးသွားလုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်း ကျန်းသူများက ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် ပစ်ခက်ဖမ်းဆီး၊ စစ်ဆေးသတ်ဖြတ်ခြင်း၊ ခရီးသည်ယာဉ်များ၊ လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများ ကြုံတွေ့နေရခြင်းကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်း စိမ်များပျက်စီးဆုံးရှုံးပြီး လုံခြုံမှုကင်းဝေးသလိုဖြစ်ပေါ်နေခြင်းအပေါ် ထိရောက်လျှင်မြန်စွာ ထိန်းသိမ်းကာကွယ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်းအဆိုပဲဖြစ်ပါတယ်။

“ဟိုဖက်ကအဆိုက ဦးဝှေ့တင်းကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အေအေအဖွဲ့ကို ကန့်ကွက်ရှုံ့ချတာ ရယ်။ ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့တင်တဲ့အဆိုဖြစ်တယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် အေအေအဖွဲ့ အပေါ်မှာ ဘဲ ရေးသားတင်သွင်းထားတဲ့ အရေးကြီးအဆိုဖြစ်တယ်။ အန်ကယ့်အဆိုကတော့ အခု လက်နက်ကိုင်ဆောင်ပြီးတော့ အကြမ်းဖက်သောင်းကျန်းနေတဲ့ ဖြစ်စဉ် တွေအရ ရခိုင်ပြည်နယ်မှာရော၊ ရှမ်းပြည်နယ်မှာရော ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအပေါ်မှာ မူတည်ပြီးတော့ ဒီအတိုင်း ဆက်သွားလို့ရှိရင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဒါတွေဟာအများကြီးထိခိုက်လာနိုင် တယ်။ ပြည်သူလူထုကလည်း နေထိုင်သွားလာလုပ်ကိုင်စားသောက်ဖို့ လုံခြုံမှုကင်းမဲ့သလိုဖြစ်လာတယ်။ ဒါကြောင့်မို့လို့ ဒါတွေကို ဒီအတိုင်းထားရင် နိုင်ငံတော်အတွက် ပိုပြီးတော့ ပြည်သူလူထုမှာ ဒုက္ခတွေ ရောက်လာ နိုင်တယ်။ ဒါကြောင့်မို့လို့ ဒါကို နိုင်ငံတော်အစိုးရက အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးစေချင်လို့ အန်ကယ်က အရေးကြီးအဆိုတင်တာဖြစ်ပါတယ်”လို့ ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။

 

ဦးဝှေ့တင်းအတွက် တင်တဲ့အဆိုက ပြည်ထောင်စုလွှတ်တော်နဲ့ သင့်တော်တဲ့အနေအထားမရှိဘူးလို့ ဦးသောင်းအေးက ဆက်ပြောပါတယ်။ အကြောင်းကတော့ ဒီလို လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ကို ပြည် ထောင်စုလွှတ်တော်က တောင်းဆိုရတယ်ဆိုတာ သိပ်တော့ သဘာဝမကျဘူးလို့လည်း ပြောပါတယ်။

 

“ ဒါပေမယ့် ဒီအထဲမှာမှ အခုလို လက်နက်ကိုင်ပြီးတော့ ပြည်သူလူထု၊ သွားလာနေထိုင် လုပ်ကိုင်နေ မှုတွေကို ယာဉ်တန်းတွေကို တိုက်တယ်။ လူတွေကို ဖမ်းတယ်။ လူတွေကို သတ်တယ်။ မိုင်းထောင်ဖောက်ခွဲ တယ်။ ဒီဖြစ်ရပ်တွေဟာ တကယ်ပြောမယ်ဆိုရင်တော့ အစိုးရအနေနဲ့ ကွဲကွဲပြားပြား ခွဲခြားဖို့လိုတယ်။ ဒီအဆိုတင်ပြီးတဲ့ နောက်နေ့ ၁၅ ရက်၊ ၁၆ ရက်နေ့တွေမှာကိုက ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ယာဉ်တန်းကို လက်နက်ကိုင်အဖွဲ့ကဝင်ပြီးတော့ တားဆီးရပ်တန့်ပြီးတော့ ဆက်ကြေးဝင်ကောက်တယ်လို့ သိရတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီးတော့လည်း ကွက်ခိုင်တဝိုက်မှာ တိုက်ပွဲတွေဖြစ်ကြတယ်လို့ လူမှုကွန်ယက်မှာလည်း ပျံနှံ့နေတယ်။ တကယ်လည်း မြေပြင်မှာ ဒီလိုဖြစ်ခဲ့တယ်။ နောင် အလားတူပဲ အဲ့ဒီနေ့ကပဲ ရခိုင်ပြည်နယ်မှာ ကျောက်တော်နားတဝိုက်မှာ ယာဉ်တန်းတစ်ခုကို မိုင်းခွဲတိုက်ခိုက်တဲ့အတွက် တပ်မတော်သား တပ်ရင်းမှုအဆင်တစ်ဦးကျဆုံးတယ်လို့ အကြမ်းဖျဉ်းသိရတယ်။ ဒီလိုပဲ ၁၅ ရက်နေ့မှာ ရသေ့တောင်မြို့နယ်က နယ်မြေခံတပ်ရင်းကို အဝေးကနေပြီးတော့ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာရှိတယ်လို့ သိရတယ်။ အလားတူပဲ လားရှိုးမြို့ကိုလည်း ရှောခ်တိုက်ဒုံးတွေနဲ့ ပစ်ခတ်တဲ့အတွက် လေယာဉ်ကွင်းတို့ ရပ်ကွက် ထဲတွေ ကျပြီး ဒါဏ်ရာတွေ၊ ထိခိုက်မှုတွေ ပျက်စီးမှုတွေ ရှိတယ်လို့ သိရတယ်။ ဒါကို နိုင်ငံတော်အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ သင့်ပြီ ဒါကြောင့် မို့ လို့ ဒီ အရေးကြီးအဆိုကို တင်တာဖြစ်ပါတယ်”လို့ ဦးသောင်းအေးကပြောပါတယ်။

 

မြန်မာနိုင်ငံမှာ လွပ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်သောင်းကျန်းမှုတွေ၊ ပြည်တွင်းသောင်း ကျန်းမှုတွေ ပေါ်ပေါက်လာပြီး အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ အ ခုလက်ရှိအခြေအနေမှာ ငြိမ်းချမ်းရေးရသွားပြီဖြစ်တဲ့ အဖွဲ့အစည်းအချို့ လက်နက်ချအပြီးတိုင်စွန့်လွှတ်သွား ကြပြီး အချို့ကလည်း ငြိမ်းချမ်းရေးယူ လက်နက်ကိုင်ပြီး ကိုယ့်ဒေသမှာ ကိုယ်နေကြတယ်။ တစ်ချို့ လည်းလက်နက်ကိုင်ပြီး နိုင်ငံတော်ရဲ့ ကာကွယ်ရေးတာဝန်တွေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကို လုပ်နေတာတွေရှိတယ်လို့ ဦးသောင်းအေးက မီဒီယာတွေရဲ့မေးမြန်းမှုမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #ဦးသောင်းအေး #ပြောကြားချက်

Related posts

Leave a Comment

VOM News

FREE
VIEW