၂၀၁၈ခုနှစ်က အမှုမှထွက်ပြေးနေတယ်လို့‌ဆိုကာ ကိုရဲရင့်ကျော်ကို ရဲတပ်ဖွဲ့ကဖမ်းဆီး

မန္တလေး၊နိုဝင်ဘာ ၁၉-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့ ကျုံးဘေးမှာ ၂၀၁၈ခုနှစ်က ပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်မီးထွန်းတယ်လို့ဆိုကာ ဗကသအဖွဲ့ဝင်ဟောင်း ကိုရဲရင့်ကျော်ကို အောင်မြေသာစံမြို့နယ် အမှတ်(၅)ရဲစခန်းက ဒီကနေ့ညနေပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ကိုရဲရင့်ကျော်ရဲ့ နီးစပ်သူများစီကနေ သိရပါတယ်။ ” ကျွန်တော်က ဖမ်းဆီးသွားတဲ့နေရာတော့မရောက်ဘူး ၊ အဲ့နေရာရောက်‌သွားတော့ ကိုစံငြိမ်းဦးတော့ပြောတာတော့ ၂၀၁၈ခုနှစ်က ကျုံးဘေးမှာ ပြည်တွင်းစစ်ရပ်တန့်ဖို့ ဖယောင်းတိုင်ထွန်းတာကို သက်ဆိုင်ရာကို အသိပေးအကြောင်းကြားခြင်းမရှိဘူးဆိုပြီး အဲ့ဒီကအမှုကို ခုမှ ဖမ်းလိုက်တယ်”လို့ ဗကသ အဖွဲ့ဝင်ဟောင်း ကိုအောင်မှိုင်းဆန်းကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ရက်နေ့ နေ့လည်ပိုင်းက မဟာအောင်မြေမြို့နယ်ထဲမှာ ဒီမိုကရေစီပညာရေးသပိတ်(၅)နှစ်ပြည့်ပွဲအတွက် အစည်းအဝေးလုပ်ခဲ့ပြီးနောက်ပိုင်း ခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။ ယင်းကိစ္စနဲ့ပက်သက်ပြီး အမှတ်(၅)ရဲစခန်းကို VOMသတင်းဌာနက သွားမေးရာ” အမှတ်(၅)ရဲစခန်းကို သွားတော့လည်း ရဲစခန်းတံခါးကိုသော့ခတ်ထားတယ်၊ ကို‌ရဲရင့်ကျော်ရဲ့ မိသားစုနဲ့တွေ့ခွင့်ပေးပြီး အခြားသောသူ‌တွေကို လုံး၀၀င်ခွင့်မရဖြစ်ခဲ့ပါတယ်”လို့ VOMသတင်းဌာနက ကိုဟိန်းကပြောပါတယ်။ ကိုရဲရင့်ကျော်ကို ဒီကနေ့‌ညနေပိုင်းက…

Read More

သံဃာအပါး(၃၀၀၀၀)ဆွမ်းလောင်းပွဲကို (ဂရင်းနစ်)ကမ္ဘာ့စံချိန်ဝင်အောင် ပြုလုပ်သွားမယ်

မန္တလေး၊ နိုဝင်ဘာ ၁၉-၂၀၁၉ ဟိန်းကို(VOM) Video News မန္တလေးမြို့မှာ ကျင်းပပြုလုပ်မယ့် မြန်မာ-ထိုင်းချစ်ကြည်ရေး သံဃာအပါး(၃၀၀၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို (ဂရင်းနစ်)ကမ္ဘာ့စံချိန်ဝင်အောင် ပြုလုပ်သွားမယ်လို့ ဒီကနေ့နေ့လည်ပိုင်းက ပွဲတော်ကျင်းပရေးကော်မတီက သတင်းမီဒီယာများနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ပညာရှင်တွေလာရောက်ပြီး ပွဲတော်ဖြစ်မြောက်ရေးကော်မတီနဲ့ ပူးပေါင်းကာ သံဃာအပါး(၃၀၀၀၀)ဆွမ်းလောင်းလှူမှု ပုံရိပ်တွေကို ကမ္ဘာ့အနှံ့အပြားကသိရှိပြီး (ဂရင်းနစ်)ကမ္ဘာ့စံချိန်ဝင်အောင်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ သံဃာအပါး(၃၀၀၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ဒီဇင်ဘာ ၈ရက်နေ့ နံနက်၆နာရီတိတိမှာ မန္တလေးမြို့ ၊ ချမ်းမြသာစည်၊လေယာဉ်ကွင်း(အဟောင်း)မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မန္တလေးမြို့က သံဃာတော်တွေအပါအ၀င် ထိုင်းနိုင်ငံကကြွလာမယ့် သံဃာတော်တွေကိုပါ ဆွမ်းဆန်စိမ်းလောင်းလှူကြရမှာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့က အလှူရှင်များကလည်း ဆွမ်းဆန်စိမ်းအပြင် သံဃာအသုံးအဆောင်ပစ္စည်းများ တာရှည်ခံစားသောက်ကုန်တွေကို ပါဝင်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #မန္တလေး #သံဃာအပါး(၃၀၀၀၀) #ဂရင်းနစ် Unicode သံဃာအပါး(၃၀၀၀၀)ဆွမ်းလောင်းပွဲကို (ဂရင်းနစ်)ကမ္ဘာ့စံချိန်ဝင်အောင် ပြုလုပ်သွားမယ် မန္တလေး၊ နိုဝင်ဘာ ၁၉-၂၀၁၉ ဟိန်းကို(VOM)…

Read More

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အသိပညာပေးခြင်းတွေကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားနိုင်ဖို့ စီမံချက်ချဆောင်ရွက်သင့်

နေပြည်တော်၊ နိုဝင်ဘာ ၁၉-၂၀၁၉ သီရိ(VOM) လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အသိပညာပေးတာတွေကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားနိုင်ဖို့အတွက် စီမံချက်ချဆောင်ရွက်သင့်ပါတယ်လို့ မန်တုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပညာရေးဝန်ကြီးဌာနကို ဒီကနေ့မနက်ပိုင်း ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းဝေး ပဉ္စမနေ့မှာ အကြံပြုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပြောဆိုတာကို ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက တင်သွင်းတဲ့ မျိုးဆက်သစ်များရဲ့ ပညာရေးမြှင့်တင်မှုအတွက် အခြေခံပညာ ဆရာ၊ ဆရာမများရဲ့ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားမှုများဆိုင်ရာ စုံစမ်းလေ့လာမှုအစီရင်ခံစာနဲ့ စပ်လျှဉ်းဆွေးနွေးချိန်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ကော်မတီအစီရင်ခံစာပါ အချက် ၅၀ ကို ဖြည့်စွက်အကြံပြုချင်တာကတော့ ယနေ့ခောတ်မှာ တစ်နေ့ တခြားတိုးပွားလာတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနဲ့ ပက်သက်ပြီး ကလေးသူငယ်များ လုံခြုံစိတ်ချစွာပ ညာ သင်ကြားနိုင်ရေးအတွက် သင်ကြားပို့ချသည့် ဆရာ၊ ဆရာမများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အသိပညာပေးခြင်းများကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားနိုင်ရေးအတွက် စီမံချက်ချဆောင်ရွက်သင့်ပါ ကြောင်းအကြံပြုလိုပါတယ်”လို့ မန်တုံမဲဆန္ဒနယ်မှ…

Read More

RCSS နဲ့ အစိုရကိုယ်စားလှယ်တို့ တွေ့ဆုံပွဲ ရလဒ်ကောင်းထွက်ပေါ်

ချင်းမိုင်၊ နိုဝင်ဘာ ၁၉၊ ၂၀၁၉ မင်းရန်နိုင်(VOM) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၁၉ ရက်နေ့(ဒီနေ့)မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရလဒ်ကောင်းထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ “ဒီနေ့အစည်းအဝေးကတော့ ကျွန်တော်တို့ ကောင်းမွန်တဲ့ရလဒ်ကို ရရှိခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ကိစ္စလေးတွေကို ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တယ်။ Bilateral အနေနဲ့ အစိုးရနဲ့ တပ်မတော်ကြားထဲမှာရှိနေတဲ့ တချို့ကိစ္စရပ်လေးတွေကို ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်၊ အဖြေရှာနိုင်ခဲ့တယ်” လို့ RCSS အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။ ဒါအပြင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်ရဲ့ ခရီးစဉ်တစ်ဆို့မှုနဲ့ပတ်သက်ပြီးတော့လည်း အစိုးရကိုယ်စားလှယ်ဘက်က နားလည်မှုလွဲချော်ခဲ့တာတွေကို ပြန်လည်ရှင်းပြခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။ နောင်အခါမှာ EAOs ခေါင်းဆောင်တွေဘက်က ခရီးစဉ်တွေနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံး ကြိုတင်ညှိနှိုင်းမှုတွေနဲ့ သေချာပြင်ဆင်မှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့အကြောင်းအရာတွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံပွဲကို RCSS…

Read More

ပြည်မြို့မှာ အထူးစောင့်ရှောက်မှုလိုအပ်တဲ့(အော်တစ်ဇင်)သင်တန်းကျောင်း ရေရှည်ရပ်တည်နိုင်ဖို့ အစိုးရအကူအညီလိုအပ်

ပြည်၊ နိုဝင်ဘာ ၁၉ -၂၀၁၉ ဂျန်ကိုးလ်(VOM) ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ အထူးစောင့်ရှောက်မှုလိုအပ်နေသော ကလေးတွေအတွက်ဖွင့်ထားတဲ့ (အော်တစ်ဇင်)သင်တန်းကျောင်းဟာ မြေနေရာနဲ့ အဆောက်အဦးမရှိဘဲ ရန်ပုံငွေနည်းပါးမှုတွေကြောင့် ရေရှည်ရပ်တည်ဖို့ ခက်ခဲနေပြီး အစိုးရရဲ့အကူအညီလိုအပ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ အဲဒီကျောင်းမှာ ပြည်မြို့နဲ့အနီးတစ်ဝိုက်က အော်တစ်ဇင်ကလေးငယ်တွေရဲ့ ဘဝတွေကို မြှင့်တင်ပေးနိုင်ပြီး မိဘအပေါ် အမှီအခိုနည်းကာ မိမိပတ်ဝန်းကျင်မှာ ရပ်တည်လာနိုင်ဘို့ ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့တဲ့ကျောင်းဖြစ်ပါတယ်။သင်တန်းကျောင်းမှာ အခုဆိုရင်တစ်နှစ်စွန်းစွန်းကာလအတွင်း ကလေးတွေရဲ့ အရည်အသွေး ဖွံ့ဖြိုးတိုးတက်လာသော်လည်း ရေရှည်ဆက်လက်ရပ်တည်ရန် မလွယ်တော့ဘူးလို့သိရပါတယ်။ “နိုင်ငံတော်အစိုးရဘက်က ကျနော်တို့ကို ကူညီတာဆိုလို့ ဖောင်ဒေးရှင်းဖွဲ့ခွင့်ဆိုတာလေးတစ်ခုပဲလို့ ပြောရမလိုဘဲ ကျနော်တို့စရိတ်တွေနဲ့ပဲ သွားနေကြရတာ လူကယ်ပြန်ကလည်း သတင်းအချက်အလက် လောက်ပဲ ပံ့ပိုးနိုင်တဲ့အနေအထားမှာရှိပါတယ် ကျနော်တို့ကို ဖြစ်နိုင်ရင်တော့ မြေနေရာသီးသန့်လေး အဆောက်အဦးလေး သီးသန့်လေးပေးမယ်ဆိုရင် ဆက်လက်ပြီး ရှင်သန်နိုင်မှာပါ အခုတော့ လုံးပါးပါးလာပါပြီ”လို့ ကျောင်းတာဝန်ခံ ခေတ္တရာမြေဖောင်ဒေးရှင်းရဲ့ အတွင်းရေးမှူး ဦးသောင်းအေးကပြောပြပါတယ် ဒီသင်တန်းကျောင်းမှာ…

Read More

ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲတဲ့အမှု ဒီဇင်ဘာလအတွင်း လူသိရှင်ကြား ကြားနာမည်

သည်ဟိဂ်၊ နိုဝင်ဘာ-၁၉-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံဟာ လူနည်းစုရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာတရားစွဲထားတာနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၀ ကနေ ၁၂ ရက်အထိ လူသိရှင်ကြား ကြားနာသွားမယ်လို့ ICJ ကထုတ်ပြန်ပါတယ်။ ဒီကြားနာမှုမှာ ဂမ်းဘီယာနိုင်ငံက တောင်းဆိုထားတဲ့အတိုင်း လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်အရေးယူ တားမြစ်တဲ့ ယာယီအမိန့်ထုတ်ဖို့ဆိုတဲ့ အစိီအမံကို အလေးပေး လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကြားမှုလုပ်ဆောရာမှာ ဂမ်ဘီယာနိုင်ငံက ဒီဇင်ဘာ ၁၀ရက် ၊ မြန်မာနိုင်ငံက ဒီဇင်ဘာ ၁၁ မှာလျှောက်လဲချက်ပေးရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်မှာတော့ နှစ်ဘက်စလုံးက လျှောက်လဲကြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ကုလသမဂ္ဂ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက…

Read More

လက်နက်ကိုင်သောင်းကျန်းသူတွေကို နိုင်ငံတော်အစိုးရနေနဲ့ထိန်းသိမ်းဖို့ အဆိုကို ပြည်သူ့လွှတ်တော်က တင်သွင်းခွင့်မပြု

နေပြည်တော်၊ နိုဝင်ဘာ ၁၉-၂၀၁၉ သီရိ(VOM)   နိုင်ငံတော်အတွင်း လက်နက်ကိုင်သောင်းကျန်းသူများက မင်းမဲ့စရိုက်ဆန်ဆန် ပစ်ခက်ဖမ်းဆီး၊ စစ် ဆေးသတ်ဖြတ်ခြင်း၊ ခရီးသည်ယာဉ်များ၊ လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများ ကြုံတွေ့နေရခြင်း ကြောင့်ထိရောက်လျှင်မြန်စွာထိန်းသိမ်း ကာကွယ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်းကို ပြည်သူ့လွှတ်တော်က တင်သွင်းခွင့်မပြုခဲ့ဘူးလို့ ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက သတင်းမီဒီယာတွေကို နိုဝင်ဘာလ ၁၉ ရက်က ပြောပါတယ်။   အဲ့ဒီအဆိုကို အခုလ ၁၄ ရက်နေ့မှာ တင်သွင်းလိုက်တာဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ ပြည် ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ် ပေးရေးအဆိုနဲ့ အလားတူဖြစ်နေတဲ့အတွက် ခွင့်မပြုတာဖြစ်တယ်လို့ သိရပါတယ်။   အဆိုမှာ နိုင်ငံတော်အတွင်း အေးချမ်းစွာနေထိုင်သွားလာလုပ်ကိုင်လျှက်ရှိသော ပြည်သူများ၊ ပြည်သူ့ ဝန်ထမ်းများ၊ ပြည်သူ့ ကိုယ်စားလှယ်များနှင့် နိုင်ငံခြားသားများ၊ သာမာန်ခရီးသွားလုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်း ကျန်းသူများက…

Read More

ဟောင်ကောင်တက္ကသိုလ်ကို သိမ်းပိုက်ထားတဲ့ဆန္ဒပြသူတွေ လက်နက်ချဖို့ငြင်းဆို

ဟောင်ကောင်၊ နိုဝင်ဘာ-၁၉-၂၀၁၉ မျိုးဆက် (VOM) ဟောင်ကောင်ပိုလီတက္ကနစ် တက္ကသိုလ်ကို ရဲတပ်ဖွဲ့က သုံးရက်ကြာဝိုင်းထားချိန်မှာ တက္ကသိုလ်ကို သိမ်ပိုက်အခြေစိုက်ထားတဲ့ ဆန္ဒပြသူဒါဇင်များစွာက လက်နက်ချဖို့ နိုဝင်ဘာ ၁၉ ရက်က သတိပေးမှုတွေကို ငြင်းဆန်လိုက်ပါတယ်။ ပိုလီနည်းပညာတက္ကသိုလ်နယ်မြေကနေ ထွက်ခွာဖို့ ကြိုးစားတဲ့ အခြားဆန္ဒပြသူအယောက(်၁၀၀)ဟာ မျက်ရည်ယိုဗုံးတွေ ရော်ဘာကျည်ဆံတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရပြီး အချို့ကတော့အဖမ်းခံခဲ့ရပါတယ်။ သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ အပြင်းအထန်ဆန္ဒပြမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ပိုလီတက္ကနစ်တက္ကသိုလ်ကို သိမ်းပိုက်ထားတဲ့ ဆန္ဒပြသူတွေအနေနဲ့ လက်နက်ချဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းက နိုဝင်ဘာ ၁၉ ရက်မှာ တိုက်တွန်းထားပါတယ်။ တက္ကသိုလ်ထဲက ရိုက်နှက်ခံရသူတွေထဲမှာ အထက်တန်းကျောင်းသားတွေလည်း ပါဝင်နေပြီး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုနဲ့ ပစ်ခတ်မှုတွေကို စိုးရိမ်နေကြပါတယ်။ နိုဝင်ဘာ၁၈ရက် ကဖြစ်ပွားခဲ့တဲ့ ရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်အတွက်း လူပေါင်း ၁၁၆ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ တက္ကသိုလ်ထဲက ဆန္ဒပြသူအချို့ကတော့ တံတားတစ်စင်းပေါ်ကနေ ကြိုးနဲ့ဆင်းပြီး အသင့်စောင့်နေတဲ့…

Read More

ပြည်မြို့ကတောင်သူတွေအတွက် ထုတ်ချေးဖို့လျာထားတဲ့ ချေးငွေအချို့ကို စတင်ထုတ်ပေးနေ

ပြည်၊ နိုဝင်ဘာ ၁၉-၂၀၁၉ ဂျန်ကိုးလ်(VOM) ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်က ဆောင်းသီးနှံနဲ့နွေးစပါးစိုက်တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ကျပ်သိန်းပေါင်း(၂၉၀၀၀)ကျော်ထုတ်ချေးဖို့လျာထားတယ်လို့ ပြည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ သိရပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေတွေကို နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း ထုတ်ချေးသွားပေးသွားမှာဖြစ်ပြီး ဆောင်းသီးနှံအတွက် တစ်ဧကကိုတစ်သိန်းကျပ်နှုန်း၊ နွေစပါးအတွက် တစ်ဧကကို တစ်သိန်းခွဲကျပ်နှုန်းနဲ့ ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “အခုစချေးနေပါပြီ လျာထားချက် ကျပ်သိန်းပေါင်း ၂၉၀၀၀ ဆိုပေမယ့် ကြွေးကျန်တဲ့အပေါ်မှာ ကြည့်ပြီး ရာခိုင်နှုန်းအလိုက် ချထားပေးတာဖြစ်လို့ လက်ရှိမှာ ရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၇၈၀၀ ရပါပြီ အဲတာနဲ့ ချေးငွေတွေ စတင်ထုတ်ပေးနေပါတယ်” လို့ ပြည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ဗေဒါရီက ပြောပါတယ်။ ဆောင်းသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေတွေကို မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ဘိုကိတ်၊ ပဲတီစိမ်း စတာတွေအတွက် ထုတ်ချေးပေးလေ့ရှိပြီး အခုနှစ်မှာတော့ ငရုတ်၊ ကြက်သွန်၊ ပဲကြီး၊…

Read More

ပုဂံဘုရားတွေမှာ သံပန်းတံခါးမတပ်ချင်ပေမယ့်လည်း မတပ်လို့မရတဲ့ အခြေအနေဖြစ်နေ

ရန်ကုန် နိုဝင်ဘာ ၁၉-၂၀၁၉ သိဂီ င်္(VOM)   ပုဂံက ဘုရားတွေပေါ်တက်ရောက်နိုင်တဲ့ လှေခါးပါတဲ့ဘုရားတွေမှာ  သံပန်းတံခါး မတပ်ချင်ပေမယ့်လည်း လက်ရှိအခြေအနေက မတပ်လို့မရတဲ့ အခြေအနေကိုရောက်နေတယ်လို့ ပုဂံရှေးဟောင်းသုတေသနဌာနခွဲကနေသိရပါတယ်။   ဘုရားတွေပေါ် မဆင်မခြင်တက်ရောက်မှုတွေကို တားမြစ်ဖို့အတွက် လတ်တလောမှ ပုဂံက ဘုရားတွေပေါ်တက်ရောက်ခွင့်ကိုပိတ်ထားပေမယ့်လည်း ဒေသခံတွေအကူအညီနဲ့ ဘုရားပေါ်တက်တဲ့ကိစ္စတွေရှိသလို တားမြစ်ကန့်သတ်ထားတဲ့ သံပန်းတံခါးကို ချိုးဖျက်ဝင်ရောက်သူ ဖျက်စီးသူတွေ ရှိနေတာကြောင့် ဘုရားတွေမှာ သံပန်းတံခါး တပ်ဆင်နေရတာဖြစ်ပါတယ်။   “ပုဂံဘုရားနဲ့ သံပန်းမတင့်တယ်ဘူး ပြောကြတယ်။ ကျတော်တို့လည်း ဒီဘုရားတွေကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မတပ်ချင်ဘူး။ မတပ်ချင်ပေမယ့်လည်း ဒီသံပန်းတံခါးတောင် သော့ဖျက်လိုက် ရိုက်ချိုးလိုက် လုပ်ကြတယ်။ တခြားအသားတွေဆို အလွယ်တကူပျက်စီးသွားမှာပဲ။ ခိုင်ခိုင်ခံ့ခံ့ဖြစ်မယ့်အရာကိုစဉ်းစားရတယ်။ ထိခိုက်မှုနည်းအောင်စဉ်းစားလုပ်ရတယ်။ ဖျက်တဲ့နေရာမှာလည်း အင်္ဂတေတွေ မပျက်စီးအောင် သေချာလုပ်ရတယ်။ စဉ်းစားရတယ်။တကယ်လို့အားလုံးသာ စည်းကမ်းလိုက်နာပြီး မတက်သင့်တာမတက်ဘူးဆိုရင် ဒီတံခါးတွေတပ်စရာတောင်မလိုဘူး။ လိုက်နာမှု ပိုင်းကျအားနည်းတယ်။ ဒါကြောင့်…

Read More
VOM News

FREE
VIEW