ေဟာင္ေကာင္တကၠသိုလ္ကို သိမ္းပိုက္ထားတဲ႔ဆႏၵျပသူေတြ လက္နက္ခ်ဖို႔ျငင္းဆို

ေဟာင္ေကာင္၊ နို၀င္ဘာ-၁၉-၂၀၁၉
မ်ိဳးဆက္ (VOM)

ေဟာင္ေကာင္ပိုလီတကၠနစ္ တကၠသိုလ္ကို ရဲတပ္ဖြဲ႔က သံုးရက္ၾကာဝိုင္းထားခ်ိန္မွာ တကၠသိုလ္ကို သိမ္ပိုက္အေျခစိုက္ထားတဲ႔ ဆႏၵျပသူဒါဇင္မ်ားစြာက လက္နက္ခ်ဖို႔ နုိဝင္ဘာ ၁၉ ရက္က သတိေပးမႈေတြကို ျငင္းဆန္လိုက္ပါတယ္။

ပုိလီနည္းပညာတကၠသုိလ္နယ္ေျမကေန ထြက္ခြာဖို႔ ၾကိဳးစားတဲ႔ အျခားဆႏၵျပသူအေယာက(္၁၀၀)ဟာ မ်က္ရည္ယုိဗံုးေတြ ေရာ္ဘာက်ည္ဆံေတြနဲ႔ ရဲတပ္ဖြဲ႔ရဲ႕ပစ္ခတ္မႈေတြနဲ႔ ရင္ဆုိင္ရျပီး အခ်ိဳ႕ကေတာ႔အဖမ္းခံခဲ႔ရပါတယ္။

သံုးရက္ၾကာ ျဖစ္ပြားခဲ႔တဲ႔ အျပင္းအထန္ဆႏၵျပမႈေတြကို ျငိမ္းခ်မ္းစြာေျဖရွင္းနုိင္ဖို႔ ပိုလီတကၠနစ္တကၠသိုလ္ကို သိမ္းပိုက္ထားတဲ႔ ဆႏၵျပသူေတြအေနနဲ႔ လက္နက္ခ်ဖို႔ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ကာရီလမ္းက နို၀င္ဘာ ၁၉ ရက္မွာ တိုက္တြန္းထားပါတယ္။

တကၠသိုလ္ထဲက ရိုက္နွက္ခံရသူေတြထဲမွာ အထက္တန္းေက်ာင္းသားေတြလည္း ပါ၀င္ေနျပီး ရဲတပ္ဖြဲ႔ရဲ႕ ဖမ္းဆီးမႈန႔ဲ႔ ပစ္ခတ္မႈေတြကို စိုးရိမ္ေနၾကပါတယ္။

ႏုိဝင္ဘာ၁၈ရက္ ကျဖစ္ပြားခဲ႔တဲ႔ ရဲတပ္ဖြဲ႔နဲ႔ အဓိကရုဏ္အတြက္း လူေပါင္း ၁၁၆ဦးထိခုိက္ဒဏ္ရာရခဲ႔တယ္လို႔ အာဏာပုိင္ေတြကေျပာပါတယ္။

တကၠသိုလ္ထဲက ဆႏၵျပသူအခ်ိဳ႕ကေတာ႔ တံတားတစ္စင္းေပၚကေန ၾကိဳးနဲ႔ဆင္းျပီး အသင္႔ေစာင္႔ေနတဲ႔ ေမာ္ေတာ္ဆိုင္ကယ္ေတြေပၚတက္ကာ ထြက္ေျပးလြတ္ေျမာက္သြားတာေတြလည္းရိွေနပါတယ္။

တကၠသိုလ္ထဲမွာ ရိွေနေသးတဲ႔ ဆႏၵျပသူေတြ ျငိမ္းခ်မ္းစြာနဲ႔ အျပင္ထြက္လာေရးအတြက္ တကၠသိုလ္္ေက်ာင္းအုပ္ၾကီးနဲ႔ ဘာသာေရးအဖြဲ႔ကိုယ္စားလွယ္ေတြကို ေက်ာင္းအတြင္းဝင္ေရာက္သြားဖို႔ အာဏာပိုင္ေတြက စီစဥ္ေနပါတယ္။

Ref : CNA Photo : Reuters
#voiceofmyanamar #ေဟာင္ေကာင္ #ဆႏၵျပ

Unicode

ဟောင်ကောင်တက္ကသိုလ်ကို သိမ်းပိုက်ထားတဲ့ဆန္ဒပြသူတွေ လက်နက်ချဖို့ငြင်းဆို

ဟောင်ကောင်၊ နိုဝင်ဘာ-၁၉-၂၀၁၉
မျိုးဆက် (VOM)

ဟောင်ကောင်ပိုလီတက္ကနစ် တက္ကသိုလ်ကို ရဲတပ်ဖွဲ့က သုံးရက်ကြာဝိုင်းထားချိန်မှာ တက္ကသိုလ်ကို သိမ်ပိုက်အခြေစိုက်ထားတဲ့ ဆန္ဒပြသူဒါဇင်များစွာက လက်နက်ချဖို့ နိုဝင်ဘာ ၁၉ ရက်က သတိပေးမှုတွေကို ငြင်းဆန်လိုက်ပါတယ်။

ပိုလီနည်းပညာတက္ကသိုလ်နယ်မြေကနေ ထွက်ခွာဖို့ ကြိုးစားတဲ့ အခြားဆန္ဒပြသူအယောက(်၁၀၀)ဟာ မျက်ရည်ယိုဗုံးတွေ ရော်ဘာကျည်ဆံတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရပြီး အချို့ကတော့အဖမ်းခံခဲ့ရပါတယ်။

သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ အပြင်းအထန်ဆန္ဒပြမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ပိုလီတက္ကနစ်တက္ကသိုလ်ကို သိမ်းပိုက်ထားတဲ့ ဆန္ဒပြသူတွေအနေနဲ့ လက်နက်ချဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းက နိုဝင်ဘာ ၁၉ ရက်မှာ တိုက်တွန်းထားပါတယ်။

တက္ကသိုလ်ထဲက ရိုက်နှက်ခံရသူတွေထဲမှာ အထက်တန်းကျောင်းသားတွေလည်း ပါဝင်နေပြီး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုနဲ့ ပစ်ခတ်မှုတွေကို စိုးရိမ်နေကြပါတယ်။

နိုဝင်ဘာ၁၈ရက် ကဖြစ်ပွားခဲ့တဲ့ ရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်အတွက်း လူပေါင်း ၁၁၆ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

တက္ကသိုလ်ထဲက ဆန္ဒပြသူအချို့ကတော့ တံတားတစ်စင်းပေါ်ကနေ ကြိုးနဲ့ဆင်းပြီး အသင့်စောင့်နေတဲ့ မော်တော်ဆိုင်ကယ်တွေပေါ်တက်ကာ ထွက်ပြေးလွတ်မြောက်သွားတာတွေလည်းရှိနေပါတယ်။

တက္ကသိုလ်ထဲမှာ ရှိနေသေးတဲ့ ဆန္ဒပြသူတွေ ငြိမ်းချမ်းစွာနဲ့ အပြင်ထွက်လာရေးအတွက် တက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ ဘာသာရေးအဖွဲ့ကိုယ်စားလှယ်တွေကို ကျောင်းအတွင်းဝင်ရောက်သွားဖို့ အာဏာပိုင်တွေက စီစဉ်နေပါတယ်။

Ref : CNA Photo : Reuters
#voiceofmyanamar #ဟောင်ကောင် #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW