၂၀၁၈ခုႏွစ္က အမႈမွထြက္ေျပးေနတယ္လို႔‌ဆိုကာ ကိုရဲရင့္ေက်ာ္ကို ရဲတပ္ဖြဲ႕ကဖမ္းဆီး

မႏၲေလး၊ႏိုဝင္ဘာ ၁၉-၂၀၁၉
ဟိန္းကို(VOM)

မႏၲေလးၿမိဳ႕ က်ဳံးေဘးမွာ ၂၀၁၈ခုႏွစ္က ျပည္တြင္းစစ္ၿငိမ္းခ်မ္းေရးအတြက္ ဖေယာင္းတိုင္မီးထြန္းတယ္လို႔ဆိုကာ ဗကသအဖြဲ႕ဝင္ေဟာင္း ကိုရဲရင့္ေက်ာ္ကို ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၅)ရဲစခန္းက ဒီကေန႔ညေနပိုင္းမွာ ဖမ္းဆီးခဲ့တယ္လို႔ ကိုရဲရင့္ေက်ာ္ရဲ႕ နီးစပ္သူမ်ားစီကေန သိရပါတယ္။

” ကြၽန္ေတာ္က ဖမ္းဆီးသြားတဲ့ေနရာေတာ့မေရာက္ဘူး ၊ အဲ့ေနရာေရာက္‌သြားေတာ့ ကိုစံၿငိမ္းဦးေတာ့ေျပာတာေတာ့ ၂၀၁၈ခုႏွစ္က က်ဳံးေဘးမွာ ျပည္တြင္းစစ္ရပ္တန႔္ဖို႔ ဖေယာင္းတိုင္ထြန္းတာကို သက္ဆိုင္ရာကို အသိေပးအေၾကာင္းၾကားျခင္းမရွိဘူးဆိုၿပီး အဲ့ဒီကအမႈကို ခုမွ ဖမ္းလိုက္တယ္”လို႔ ဗကသ အဖြဲ႕ဝင္ေဟာင္း ကိုေအာင္မႈိင္းဆန္းကေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁၈ရက္ေန႔ ေန႔လည္ပိုင္းက မဟာေအာင္ေျမၿမိဳ႕နယ္ထဲမွာ ဒီမိုကေရစီပညာေရးသပိတ္(၅)ႏွစ္ျပည့္ပြဲအတြက္ အစည္းအေဝးလုပ္ခဲ့ၿပီးေနာက္ပိုင္း ခုလို ဖမ္းဆီးခံခဲ့ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။

ယင္းကိစၥနဲ႔ပက္သက္ၿပီး အမွတ္(၅)ရဲစခန္းကို VOMသတင္းဌာနက သြားေမးရာ” အမွတ္(၅)ရဲစခန္းကို သြားေတာ့လည္း ရဲစခန္းတံခါးကိုေသာ့ခတ္ထားတယ္၊ ကို‌ရဲရင့္ေက်ာ္ရဲ႕ မိသားစုနဲ႔ေတြ႕ခြင့္ေပးၿပီး အျခားေသာသူ‌ေတြကို လုံး၀၀င္ခြင့္မရျဖစ္ခဲ့ပါတယ္”လို႔ VOMသတင္းဌာနက ကိုဟိန္းကေျပာပါတယ္။

ကိုရဲရင့္ေက်ာ္ကို ဒီကေန႔‌ညေနပိုင္းက မဟာေအာင္ေျမမို႔နယ္က လက္ဖက္ရည္ဆိုင္တစ္ဆိုင္မွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးသြားၿပီး လက္ရွိ ေအာင္ေျမသာစံၿမိဳ႕နယ္အမွတ္(၅)ရဲစခန္းမွာ ဖမ္းဆီးထားကာ ႏိုဝင္ဘာ(၂၀)ရက္ေန႔ နံနက္ပိုင္းမွာ ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္ရမာန္ယူသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #မႏၲေလး #ကိုရဲရင့္ေက်ာ္

Unicode

၂၀၁၈ခုနှစ်က အမှုမှထွက်ပြေးနေတယ်လို့‌ဆိုကာ ကိုရဲရင့်ကျော်ကို ရဲတပ်ဖွဲ့ကဖမ်းဆီး

မန္တလေး၊နိုဝင်ဘာ ၁၉-၂၀၁၉
ဟိန်းကို(VOM)

မန္တလေးမြို့ ကျုံးဘေးမှာ ၂၀၁၈ခုနှစ်က ပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်မီးထွန်းတယ်လို့ဆိုကာ ဗကသအဖွဲ့ဝင်ဟောင်း ကိုရဲရင့်ကျော်ကို အောင်မြေသာစံမြို့နယ် အမှတ်(၅)ရဲစခန်းက ဒီကနေ့ညနေပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ကိုရဲရင့်ကျော်ရဲ့ နီးစပ်သူများစီကနေ သိရပါတယ်။

” ကျွန်တော်က ဖမ်းဆီးသွားတဲ့နေရာတော့မရောက်ဘူး ၊ အဲ့နေရာရောက်‌သွားတော့ ကိုစံငြိမ်းဦးတော့ပြောတာတော့ ၂၀၁၈ခုနှစ်က ကျုံးဘေးမှာ ပြည်တွင်းစစ်ရပ်တန့်ဖို့ ဖယောင်းတိုင်ထွန်းတာကို သက်ဆိုင်ရာကို အသိပေးအကြောင်းကြားခြင်းမရှိဘူးဆိုပြီး အဲ့ဒီကအမှုကို ခုမှ ဖမ်းလိုက်တယ်”လို့ ဗကသ အဖွဲ့ဝင်ဟောင်း ကိုအောင်မှိုင်းဆန်းကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ရက်နေ့ နေ့လည်ပိုင်းက မဟာအောင်မြေမြို့နယ်ထဲမှာ ဒီမိုကရေစီပညာရေးသပိတ်(၅)နှစ်ပြည့်ပွဲအတွက် အစည်းအဝေးလုပ်ခဲ့ပြီးနောက်ပိုင်း ခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ယင်းကိစ္စနဲ့ပက်သက်ပြီး အမှတ်(၅)ရဲစခန်းကို VOMသတင်းဌာနက သွားမေးရာ” အမှတ်(၅)ရဲစခန်းကို သွားတော့လည်း ရဲစခန်းတံခါးကိုသော့ခတ်ထားတယ်၊ ကို‌ရဲရင့်ကျော်ရဲ့ မိသားစုနဲ့တွေ့ခွင့်ပေးပြီး အခြားသောသူ‌တွေကို လုံး၀၀င်ခွင့်မရဖြစ်ခဲ့ပါတယ်”လို့ VOMသတင်းဌာနက ကိုဟိန်းကပြောပါတယ်။

ကိုရဲရင့်ကျော်ကို ဒီကနေ့‌ညနေပိုင်းက မဟာအောင်မြေမို့နယ်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး လက်ရှိ အောင်မြေသာစံမြို့နယ်အမှတ်(၅)ရဲစခန်းမှာ ဖမ်းဆီးထားကာ နိုဝင်ဘာ(၂၀)ရက်နေ့ နံနက်ပိုင်းမှာ အောင်မြေသာစံမြို့နယ်တရားရုံးမှာ ရုံးထုတ်ရမာန်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #မန္တလေး #ကိုရဲရင့်ကျော်

 

Related posts

Leave a Comment

VOM News

FREE
VIEW