ျပည္ၿမိဳ႕ကေတာင္သူေတြအတြက္ ထုတ္ေခ်းဖို႔လ်ာထားတဲ့ ေခ်းေငြအခ်ိဳ႕ကို စတင္ထုတ္ေပးေန

ျပည္၊ ႏိုဝင္ဘာ ၁၉-၂၀၁၉
ဂ်န္ကိုးလ္(VOM)

ပဲခူးတိုင္းအေနာက္ပိုင္း၊ ျပည္ခ႐ိုင္၊ ျပည္ၿမိဳ႕နယ္က ေဆာင္းသီးႏွံနဲ႔ေႏြးစပါးစိုက္ေတာင္သူေတြအတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြအျဖစ္ က်ပ္သိန္းေပါင္း(၂၉၀၀၀)ေက်ာ္ထုတ္ေခ်းဖို႔လ်ာထားတယ္လို႔ ျပည္ၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ကေန သိရပါတယ္။

စိုက္ပ်ိဳးစရိတ္ေခ်းေငြေတြကို ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလအတြင္း ထုတ္ေခ်းသြားေပးသြားမွာျဖစ္ၿပီး ေဆာင္းသီးႏွံအတြက္ တစ္ဧကကိုတစ္သိန္းက်ပ္ႏႈန္း၊ ေႏြစပါးအတြက္ တစ္ဧကကို တစ္သိန္းခြဲက်ပ္ႏႈန္းနဲ႔ ထုတ္ေခ်းေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“အခုစေခ်းေနပါၿပီ လ်ာထားခ်က္ က်ပ္သိန္းေပါင္း ၂၉၀၀၀ ဆိုေပမယ့္ ေႂကြးက်န္တဲ့အေပၚမွာ ၾကည့္ၿပီး ရာခိုင္ႏႈန္းအလိုက္ ခ်ထားေပးတာျဖစ္လို႔ လက္ရွိမွာ ရန္ပုံေငြ က်ပ္သိန္းေပါင္း ၁၇၈၀၀ ရပါၿပီ အဲတာနဲ႔ ေခ်းေငြေတြ စတင္ထုတ္ေပးေနပါတယ္” လို႔ ျပည္ၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မန္ေနဂ်ာ ေဒၚေဗဒါရီက ေျပာပါတယ္။

ေဆာင္းသီးႏွံအတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြေတြကို ေျမပဲ၊ မတ္ပဲ၊ ပဲတီစိမ္း၊ ကုလားပဲ၊ ဘိုကိတ္၊ ပဲတီစိမ္း စတာေတြအတြက္ ထုတ္ေခ်းေပးေလ့ရွိၿပီး အခုႏွစ္မွာေတာ့ င႐ုတ္၊ ၾကက္သြန္၊ ပဲႀကီး၊ ေထာပတ္၊ စားေတာ္ ပဲယဥ္ တို႔အတြက္ပါ ထုတ္ေခ်းေပးသြာဖို႔ ျပည္ေထာင္စုအဆင့္က ထုတ္ျပန္ထားတယ္လို႔သိရပါတယ္။

”ေခ်းေငြႏႈန္းထားေတြက တစ္ဧကကို၁သိန္းႏႈန္းဆိုေပမဲ့ ၁၀ ဧကသမားကို ၇ဧကစာနဲ႔ ၁၅ဧကကို၁၀ဧကစာ ေပးတယ္ လတိုတယ္ မိုးစပါးလိုလမရွည္ဘူး သူကျပန္ဆပ္ၿပီးမ ွမိုးစပါးအတြက္ျပန္ေခ်းတာ၊ က်ေနာ္တို႔ေတာင္သူေတြကေတာ့ေခ်းလိုက္ ဆပ္လိုက္နဲ႔သံသရာလည္ေနတာပါဘဲ ကိုယ့္လုပ္အားက ရႈံးေနတာအၿမဲေပါ့ သြင္းအားစုစားရိတ္ေတြကၾကမ္းတယ္ စက္ေခတ္ဆိုေတာ့ စကတည္းက စက္ဖိုး ေဆးဖိုး အစစအကုန္ထည့္ရတာ သီးႏွံကေစ်းမမွန္ဘူး ရာသီကေဖာက္ ဒါဘဲလုပ္စရာရွိလို႔ ဒါဘဲလုပ္ေနရတာ”လို႔ေ အေနာက္လကၡဳပၸင္႐ြာေန ေတာင္သူကိုေအးကိုကေျပာပါတယ္။

ျပည္ၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့မိုးရာသီ(၂၀၁၉)ခုႏွစ္ မိုးစပါးစိုက္ပ်ိဳးရာသီက စိုက္ဧကေပါင္း (၅)ေသာင္းေက်ာ္အတြက္ က်ပ္သိန္းေပါင္း (၈)ေသာင္းေက်ာ္ ထုတ္ေခ်းခဲ့တယ္လို႔ျပည္ၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ကေန သိရတာျဖစ္ပါတယ္။

#voiceofmyanmar #ျပည္ #ေတာင္သူ #ေခ်းေငြ

Unicode

ပြည်မြို့ကတောင်သူတွေအတွက် ထုတ်ချေးဖို့လျာထားတဲ့ ချေးငွေအချို့ကို စတင်ထုတ်ပေးနေ

ပြည်၊ နိုဝင်ဘာ ၁၉-၂၀၁၉
ဂျန်ကိုးလ်(VOM)

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်က ဆောင်းသီးနှံနဲ့နွေးစပါးစိုက်တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ကျပ်သိန်းပေါင်း(၂၉၀၀၀)ကျော်ထုတ်ချေးဖို့လျာထားတယ်လို့ ပြည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ သိရပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေတွေကို နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း ထုတ်ချေးသွားပေးသွားမှာဖြစ်ပြီး ဆောင်းသီးနှံအတွက် တစ်ဧကကိုတစ်သိန်းကျပ်နှုန်း၊ နွေစပါးအတွက် တစ်ဧကကို တစ်သိန်းခွဲကျပ်နှုန်းနဲ့ ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အခုစချေးနေပါပြီ လျာထားချက် ကျပ်သိန်းပေါင်း ၂၉၀၀၀ ဆိုပေမယ့် ကြွေးကျန်တဲ့အပေါ်မှာ ကြည့်ပြီး ရာခိုင်နှုန်းအလိုက် ချထားပေးတာဖြစ်လို့ လက်ရှိမှာ ရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၇၈၀၀ ရပါပြီ အဲတာနဲ့ ချေးငွေတွေ စတင်ထုတ်ပေးနေပါတယ်” လို့ ပြည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ဗေဒါရီက ပြောပါတယ်။

ဆောင်းသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေတွေကို မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ဘိုကိတ်၊ ပဲတီစိမ်း စတာတွေအတွက် ထုတ်ချေးပေးလေ့ရှိပြီး အခုနှစ်မှာတော့ ငရုတ်၊ ကြက်သွန်၊ ပဲကြီး၊ ထောပတ်၊ စားတော် ပဲယဉ် တို့အတွက်ပါ ထုတ်ချေးပေးသွာဖို့ ပြည်ထောင်စုအဆင့်က ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

”ချေးငွေနှုန်းထားတွေက တစ်ဧကကို၁သိန်းနှုန်းဆိုပေမဲ့ ၁၀ ဧကသမားကို ၇ဧကစာနဲ့ ၁၅ဧကကို၁၀ဧကစာ ပေးတယ် လတိုတယ် မိုးစပါးလိုလမရှည်ဘူး သူကပြန်ဆပ်ပြီးမ ှမိုးစပါးအတွက်ပြန်ချေးတာ၊ ကျနော်တို့တောင်သူတွေကတော့ချေးလိုက် ဆပ်လိုက်နဲ့သံသရာလည်နေတာပါဘဲ ကိုယ့်လုပ်အားက ရှုံးနေတာအမြဲပေါ့ သွင်းအားစုစားရိတ်တွေကကြမ်းတယ် စက်ခေတ်ဆိုတော့ စကတည်းက စက်ဖိုး ဆေးဖိုး အစစအကုန်ထည့်ရတာ သီးနှံကဈေးမမှန်ဘူး ရာသီကဖောက် ဒါဘဲလုပ်စရာရှိလို့ ဒါဘဲလုပ်နေရတာ”လို့ေ အနောက်လက္ခုပ္ပင်ရွာနေ တောင်သူကိုအေးကိုကပြောပါတယ်။

ပြည်မြို့နယ်မှာ ပြီးခဲ့တဲ့မိုးရာသီ(၂၀၁၉)ခုနှစ် မိုးစပါးစိုက်ပျိုးရာသီက စိုက်ဧကပေါင်း (၅)သောင်းကျော်အတွက် ကျပ်သိန်းပေါင်း (၈)သောင်းကျော် ထုတ်ချေးခဲ့တယ်လို့ပြည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ သိရတာဖြစ်ပါတယ်။

#voiceofmyanmar #ပြည် #တောင်သူ #ချေးငွေ

Related posts

Leave a Comment

VOM News

FREE
VIEW