ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္က ဥပေဒျပျခိမ္းေျခာက္တဲ့ သေဘာျဖစ္ေန

ရန္ကုန္၊ နိုဝင္ဘာ ၃၀-၂၀၁၉
သတင္း-သိဂီ ၤ(VOM)
ရုိက္ကူး/တည္းျဖတ္- ေအာင္ထူးနိုုင္(VOM)

ရန္ကုန္တိုင္းရဲ့ အႀကီးဆုံးျဖစ္တဲဲ့ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္က ေစ်းသူေစ်းသားေတြ အခက္အခဲကို ညွိနိႈင္းေပးတာမ်ိဳးမလုပ္တဲ့အျပင္ ဥပေဒျပ ျခိမ္းေျခာက္တဲ့သေဘာမိ်ဳး ျပဳလုပ္သြားတာတဲ့အတြက္ ေစ်းသူေစ်းသားေတြဘဝ ခိုကိုးရာမဲ့ေနျပီလို႕ တာေမြေစ်းသူေစ်းသား ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

နိုဝင္ဘာလ ၂၉ ရက္ေန႔ညေနပိုင္းက ရန္ကုန္ၿမိဳ့ေတာ္ စည္ပင္သာယာေရးေကာ္မတီ႐ုံး၊ အစည္းအေဝးခန္းမမွာၿပဳလုပ္ခဲ့တဲ့ တာေမြ(ယာယီ)ေဈး အဆင့္ျမင့္ေဈးျပန္လည္တည္ေဆာက္ျခင္း လုပ္ငန္းႏွင့္ ပတ္သက္ၿပီး ေဈးသူ၊ ေဈးသားေတြနဲ႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း ေတြ႕ဆုံေဆြးေႏြးပြဲမွာ ေျပာဆိုခဲ႕တာျဖစ္ပါတယ္။ ေတြ႔ဆုံမွဳမွာလည္း ေစ်းသူေစ်းသားေတြနဲ႔ ဝန္ႀကီးခ်ဳပ္တို႔ အေျခအတင္စကားမ်ားတာေတြလည္း ျဖစ္ခဲ့ပါတယ္။

” စည္ပင္ဥပေဒပဲဖတ္ျပတယ္ လူေတြကို ျခိမ္းေျခာက္တဲ႕သေဘာျဖစ္ေနတယ္။ သူေျပာသမ်ွနာခံရမယ္ သူအမိန္႔ေပးသမွ်နာခံရမယ္၊ တို႔က ဘာမွေတာင္းဆိုလို႔မရဘူးျဖစ္ေနတယ္။ ညိွညွိႏႈိင္းႏႈိင္းျဖစ္ခ်င္တာ ခုေတာ့ ညွိႏႈိင္းမယ္ဆိုတာမရွိဘူး ။ ခံရေပါင္းမ်ားျပီ။ မိေအး နွစ္ခါမက သုံးခါနာျဖစ္ေနျပီ။ အရင္ကလည္းခံၿပီးၿပီ “လို႔ ဝန္ႀကီးခ်ဳပ္နဲ႔ေတြ႕ဆုံပြဲမွာ တာေမြေစ်းမွေစ်းသည္တစ္ဦးက ေျပာဆိုခဲ့ပါတယ္။

တာေမြေဈးသူေဈးသားေတြက အဆင့္ျမွင့္တင္မယ့္ တာေမြယာယီေစ်းသစ္စီမံကိန္းမွာ (Base Ment) ေျမေအာက္ခန္းပါဝင္ျခင္းကို သေဘာမတူဘဲ ေဈးဝင္ေပါက္အဓိကလမ္း (Main)ေတြထည့္ေပးဖို႕ ေျမညီထပ္အျမင့္ကို ေပ (၂၀) ထားေပးဖို႕အပါအဝင္ ေဈးေရွ႕မ်က္ႏွာစာနဲ႔ ပတ္လည္ဝင္ေပါက္ေတြကိုလည္း အပြင့္(အျပည္)ထားရွိေပးဖို႕ ဆိုင္ခန္း(ေရွ႕/ေဘး) ပတ္လည္ေလၽွာက္လမ္းကို (၈)ေပပတ္လမ္းထားရွိေပးဖို႕ စတဲ့အခ်က္ ၈ ခ်က္ကို လိုက္ေလ်ာေပးဖို႔ ဝန္ႀကီးခ်ဳပ္ကို ေတာင္းဆိုခဲ့ေပမယ့္လည္း ဝန္ႀကီးခ်ဳပ္နဲ႔ ေျပလည္မႈမရရွိခဲ႕ပါဘူး။

ဝန္ႀကီးခ်ဳပ္နဲ႔ေတြ႕ဆုံခဲ့ရင္ ေစ်းသူေစ်းသားေတြ အခက္အခဲေျပလည္သြားလိမ့္မယ္ လို႔ထင္ခဲ့ေပမယ့္ ဝန္ႀကီးခ်ဳပ္ဟာ ျပည္သူ႔အသံကိုနားမေထာင္ဘဲ တစ္ဖက္သတ္ဆုံးျဖတ္ခဲ့သလို လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း ျပည္သူ႔ဘက္မွာ ရပ္တည္တာမရွိဘူးလို႕ ေစ်းသူေစ်းသားေတြကေျပာပါတယ္။

” ျပင္လည္းမေပးဘူး ဒီ ၈ ခ်က္ကိုလဲျပင္လို့မရဘူး ေတာင္းဆိုလို့လည္းမရဘူး တဖက္သတ္ျဖစ္ေနတယ္ ေတာင္းဆိုလို့မရဘူး။ ဟိုဘက္က ဝန္ႀကီးခ်ဳပ္ကိုဘာေျပာထားလဲမသိဘူး ။ခုအမတို့က ဘာဆက္လုပ္လို႔လုပ္ရမွန္းမသိဘူး ။အႀကီးဆုံးက ပယ္ခ်တယ္ဆိုေတာ့ ခိုကိုးရာမဲဲ့ အားကိုစရာမဲ့ေနတယ္။ ဝန္ႀကီးခ်ဳပ္နဲ႔ေတြ႕မွ ျပီးမယ္ဆိုလို႔ ေတြ႕ေတာ့လည္း ဘာမွမထူးဘူး ။ တစ္ခ်က္ ႏွစ္ခ်က္ေလာက္ေတာ့ လိုက္ေလ်ာမယ္ထင္ခဲ႕တာ ” လို႕ ေစ်းသူေစ်းသားကိုယ္စားလွယ္ ေဒၚသိန္းသိန္းေဌးကေျပာပါတယ္။

တာေမြယာယီေစ်းသစ္ကို ၁၆ဘီလီယံ ကုန္က်ခံတည္ေဆာက္မွာျဖစ္ၿပီး အထပ္ျမင့္ ငါးထပ္တည္ေဆာက္ဖို႔လ်ာထားကာ ေစ်းသူေစ်းသားေတြကုိ ေျမညီ ၊ ပထမထပ္၊ ဒုတိယထပ္ကို ခြဲေဝေပးအပ္မွာျဖစ္ၿပီး ကားပါကင္လည္းပါရွိမွာျဖစ္တဲဲ့အျပင္ ေပသုံးဆယ္ ေစ်းပတ္လမ္းလည္း ထည့္သြင္းေရးဆြဲထားတယ္လို႔ သိရပါတယ္။

လက္ရွိ တာေမြယာယီေစ်း ယာယီဆိုင္အငွားခ်ထားတ့ဲ Demand ဆိုင္ခန္ေပါင္းက ၆၀၀ေက်ာ္႐ွိပါတယ္။ ဝန္ႀကီးခ်ဳပ္ကေတာ့ ေစ်းေတြကို စီမံခန့္ခြဲရတာ အေမြဆိုင္အိမ္ကို ေျဖရွင္းေပးေနရသလိုျဖစ္ေနတာနဲ႕ ေစ်းေတြအားလုံးဟာ နိုင္ငံေတာ္ပိုင္ပစၥည္းသာျဖစ္ၿပီး နိုင္ငံေတာ္ပိုင္ပစၥည္းကို ဘယ္သူမွယူလို႔မရသလို စည္းေဘာင္ဥပေဒကိုေက်ာ္ျပီးလည္း ဘယ္သူမွလုပ္ေဆာင္ခြင့္မရွိတာေႀကာင့္ ေစ်းေတြဟာ ဥပေဒနဲ႕အညီလိုက္နာဖို႔ လိုအပ္ေနတယ္လို႔လည္း သိရပါတယ္။

” ေစ်းေတြက နိုင္ငံေတာ္ပိုင္ျဖစ္တယ္။ နိုင္ငံေတာ္ပိုင္ပစၥည္းကို အငွားခ်ထားတာျဖစ္တယ္။ အပိုင္မဟုတ္ဘူး။ ဥပေဒဆိုတာရွိပါတယ္။ ဥပေဒကိုေက်ာ္လို့မရဘူး။ ေစ်းေတြက အေမြဆိုင္အိမ္ရွင္းရသလို ျဖစ္ေနတယ္။ ဒါမျဖစ္သင့္ဘူး။ ထုတ္ျပန္ထားတဲ့ဥပေဒကို မသိလို႔လုပ္လိုက္မိပါတယ္ဆိုတာမ်ိဳး ေျပာလို႕မရပါဘူး။ အမွားၾကာလာရင္ အမွန္လို႔မွတ္ယူတာေတြေႀကာင့္ ခုလိုျဖစ္ေနတာျဖစ္တယ္။ ေစ်းကေန ထိုက္သသင့္သေလာက္မရဘူး ဆိုင္ခန္းေတြကို အဆင့္ဆင့္ျပန္ငွားတဲ့သူေတြကသာ ပိုရေနတယ္။” လို႕ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေတြ႕ဆံုမွဳမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိ စည္ပင္သာယာေကာ္မတီေအာက္မွာ ေစ်းေပါင္း ၁၈၀ ေက်ာ္၊ ယာယီအငွားခ်ထားတဲ့ ေစ်းဆိုင္ခန္းေပါင္းက ၆၀၀၀၀ ေက်ာ္ရွိေနၿပီး ေစ်းဆိုင္ေတြကို အပိုင္မဟုတ္ဘဲ တစ္ႏွစ္တစ္ႀကိမ္အငွားစနစ္နဲ႔ ခ်ထားတာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #တာေမြေစ်း #ဝန္ႀကီးခ်ဳပ္

Unicode

ဝန်ကြီးချုပ်ကိုယ်တိုင်က ဥပဒေပြခြိမ်းခြောက်တဲ့ သဘောဖြစ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၃၀-၂၀၁၉
သတင်း-သိဂီ ၤ(VOM)
ရိုက်ကူး/တည်းဖြတ်- အောင်ထူးနိုင်(VOM)

ရန်ကုန်တိုင်းရဲ့ အကြီးဆုံးဖြစ်တဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်က ဈေးသူဈေးသားတွေ အခက်အခဲကို ညှိနှိုင်းပေးတာမျိုးမလုပ်တဲ့အပြင် ဥပဒေပြ ခြိမ်းခြောက်တဲ့သဘောမျိုး ပြုလုပ်သွားတာတဲ့အတွက် ဈေးသူဈေးသားတွေဘဝ ခိုကိုးရာမဲ့နေပြီလို့ တာမွေဈေးသူဈေးသား ကိုယ်စားလှယ်တွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တဲ့ တာမွေ(ယာယီ)ဈေး အဆင့်မြင့်ဈေးပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းနှင့် ပတ်သက်ပြီး ဈေးသူ၊ ဈေးသားတွေနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံမှုမှာလည်း ဈေးသူဈေးသားတွေနဲ့ ဝန်ကြီးချုပ်တို့ အခြေအတင်စကားများတာတွေလည်း ဖြစ်ခဲ့ပါတယ်။

” စည်ပင်ဥပဒေပဲဖတ်ပြတယ် လူတွေကို ခြိမ်းခြောက်တဲ့သဘောဖြစ်နေတယ်။ သူပြောသမျှနာခံရမယ် သူအမိန့်ပေးသမျှနာခံရမယ်၊ တို့က ဘာမှတောင်းဆိုလို့မရဘူးဖြစ်နေတယ်။ ညှိညှိနှိုင်းနှိုင်းဖြစ်ချင်တာ ခုတော့ ညှိနှိုင်းမယ်ဆိုတာမရှိဘူး ။ ခံရပေါင်းများပြီ။ မိအေး နှစ်ခါမက သုံးခါနာဖြစ်နေပြီ။ အရင်ကလည်းခံပြီးပြီ “လို့ ဝန်ကြီးချုပ်နဲ့တွေ့ဆုံပွဲမှာ တာမွေဈေးမှဈေးသည်တစ်ဦးက ပြောဆိုခဲ့ပါတယ်။

တာမွေဈေးသူဈေးသားတွေက အဆင့်မြှင့်တင်မယ့် တာမွေယာယီဈေးသစ်စီမံကိန်းမှာ (Base Ment) မြေအောက်ခန်းပါဝင်ခြင်းကို သဘောမတူဘဲ ဈေးဝင်ပေါက်အဓိကလမ်း (Main)တွေထည့်ပေးဖို့ မြေညီထပ်အမြင့်ကို ပေ (၂၀) ထားပေးဖို့အပါအဝင် ဈေးရှေ့မျက်နှာစာနဲ့ ပတ်လည်ဝင်ပေါက်တွေကိုလည်း အပွင့်(အပြည်)ထားရှိပေးဖို့ ဆိုင်ခန်း(ရှေ့/ဘေး) ပတ်လည်လျှောက်လမ်းကို (၈)ပေပတ်လမ်းထားရှိပေးဖို့ စတဲ့အချက် ၈ ချက်ကို လိုက်လျောပေးဖို့ ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့ပေမယ့်လည်း ဝန်ကြီးချုပ်နဲ့ ပြေလည်မှုမရရှိခဲ့ပါဘူး။

ဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့ရင် ဈေးသူဈေးသားတွေ အခက်အခဲပြေလည်သွားလိမ့်မယ် လို့ထင်ခဲ့ပေမယ့် ဝန်ကြီးချုပ်ဟာ ပြည်သူ့အသံကိုနားမထောင်ဘဲ တစ်ဖက်သတ်ဆုံးဖြတ်ခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူ့ဘက်မှာ ရပ်တည်တာမရှိဘူးလို့ ဈေးသူဈေးသားတွေကပြောပါတယ်။

” ပြင်လည်းမပေးဘူး ဒီ ၈ ချက်ကိုလဲပြင်လို့မရဘူး တောင်းဆိုလို့လည်းမရဘူး တဖက်သတ်ဖြစ်နေတယ် တောင်းဆိုလို့မရဘူး။ ဟိုဘက်က ဝန်ကြီးချုပ်ကိုဘာပြောထားလဲမသိဘူး ။ခုအမတို့က ဘာဆက်လုပ်လို့လုပ်ရမှန်းမသိဘူး ။အကြီးဆုံးက ပယ်ချတယ်ဆိုတော့ ခိုကိုးရာမဲ့ အားကိုစရာမဲ့နေတယ်။ ဝန်ကြီးချုပ်နဲ့တွေ့မှ ပြီးမယ်ဆိုလို့ တွေ့တော့လည်း ဘာမှမထူးဘူး ။ တစ်ချက် နှစ်ချက်လောက်တော့ လိုက်လျောမယ်ထင်ခဲ့တာ ” လို့ ဈေးသူဈေးသားကိုယ်စားလှယ် ဒေါ်သိန်းသိန်းဌေးကပြောပါတယ်။

တာမွေယာယီဈေးသစ်ကို ၁၆ဘီလီယံ ကုန်ကျခံတည်ဆောက်မှာဖြစ်ပြီး အထပ်မြင့် ငါးထပ်တည်ဆောက်ဖို့လျာထားကာ ဈေးသူဈေးသားတွေကို မြေညီ ၊ ပထမထပ်၊ ဒုတိယထပ်ကို ခွဲဝေပေးအပ်မှာဖြစ်ပြီး ကားပါကင်လည်းပါရှိမှာဖြစ်တဲ့အပြင် ပေသုံးဆယ် ဈေးပတ်လမ်းလည်း ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။

လက်ရှိ တာမွေယာယီဈေး ယာယီဆိုင်အငှားချထားတဲ့ Demand ဆိုင်ခန်ပေါင်းက ၆၀၀ကျော်ရှိပါတယ်။ ဝန်ကြီးချုပ်ကတော့ ဈေးတွေကို စီမံခန့်ခွဲရတာ အမွေဆိုင်အိမ်ကို ဖြေရှင်းပေးနေရသလိုဖြစ်နေတာနဲ့ ဈေးတွေအားလုံးဟာ နိုင်ငံတော်ပိုင်ပစ္စည်းသာဖြစ်ပြီး နိုင်ငံတော်ပိုင်ပစ္စည်းကို ဘယ်သူမှယူလို့မရသလို စည်းဘောင်ဥပဒေကိုကျော်ပြီးလည်း ဘယ်သူမှလုပ်ဆောင်ခွင့်မရှိတာကြောင့် ဈေးတွေဟာ ဥပဒေနဲ့အညီလိုက်နာဖို့ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

” ဈေးတွေက နိုင်ငံတော်ပိုင်ဖြစ်တယ်။ နိုင်ငံတော်ပိုင်ပစ္စည်းကို အငှားချထားတာဖြစ်တယ်။ အပိုင်မဟုတ်ဘူး။ ဥပဒေဆိုတာရှိပါတယ်။ ဥပဒေကိုကျော်လို့မရဘူး။ ဈေးတွေက အမွေဆိုင်အိမ်ရှင်းရသလို ဖြစ်နေတယ်။ ဒါမဖြစ်သင့်ဘူး။ ထုတ်ပြန်ထားတဲ့ဥပဒေကို မသိလို့လုပ်လိုက်မိပါတယ်ဆိုတာမျိုး ပြောလို့မရပါဘူး။ အမှားကြာလာရင် အမှန်လို့မှတ်ယူတာတွေကြောင့် ခုလိုဖြစ်နေတာဖြစ်တယ်။ ဈေးကနေ ထိုက်သသင့်သလောက်မရဘူး ဆိုင်ခန်းတွေကို အဆင့်ဆင့်ပြန်ငှားတဲ့သူတွေကသာ ပိုရနေတယ်။” လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တွေ့ဆုံမှုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ စည်ပင်သာယာကော်မတီအောက်မှာ ဈေးပေါင်း ၁၈၀ ကျော်၊ ယာယီအငှားချထားတဲ့ ဈေးဆိုင်ခန်းပေါင်းက ၆၀၀၀၀ ကျော်ရှိနေပြီး ဈေးဆိုင်တွေကို အပိုင်မဟုတ်ဘဲ တစ်နှစ်တစ်ကြိမ်အငှားစနစ်နဲ့ ချထားတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #တာမွေဈေး #ဝန်ကြီးချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW