ဒုံးပျံစခန်းမှာ အရေးပါတဲ့စမ်းသပ်မှု မြောက်ကိုရီးယားပြုလုပ်၊ အမေရိကန်နဲ့ ဆွေးနွေးဖို့မလိုတော့ဘူးလို့ဆို

ဒုံးပျံစခန်းမှာ အရေးပါတဲ့စမ်းသပ်မှု မြောက်ကိုရီးယားပြုလုပ်၊ အမေရိကန်နဲ့ ဆွေးနွေးဖို့မလိုတော့ဘူးလို့ဆို

ပြုံးယမ်း၊ ဒီဇင်ဘာ-၈-၂၀၁၉
မျိုးဆက် (VOM)

မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်စခန်းမှာ အလွန်အရေးပါတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်လိုက်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ကြေညာလိုက်ပါတယ်။

အောင်မြင်စွာစမ်းသပ်လိုက်တဲ့ အဲဒီစနစ်ကို မြောက်ကိုရီးယား မဟာဗျူဟာမြောက်အဆင့် အခြေအနေကိုမြှင့်တင်ရေးမှာ အသုံးပြုသွားမယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြပါတယ်။

မြောက်ကိုရီးယားဟာ ဒုံးပျံလောင်ချာ သို့မဟုတ် တိုက်ချင်းပစ်ဒုံးပျံပစ်လွှတ်နိုင်တဲ့ အင်ဂျင်တစ်လုံးကို မြေပြင်အခြေစိုက် စခန်းမှာ စမ်းသပ်အောင်မြင်ခဲ့တာဖြစ်နိုင်ကြောင်း စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ အမေရိကန်နဲ့ နောက်ထပ်ဆွေးနွေးပွဲတွေကို တံခါးပိတ်လိုက်တဲ့ လက္ခဏာရှိပြီး ဒီစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ဖွယ်ရှိပါတယ်။

ယခုအခါ မိမိတို့အနေဖြင့် အမေရိကန်နဲ့ မပြီးနိုင်မစီးနိုင် တွေ့ဆုံဆွေးနွေးစရာမလိုတော့ပဲ နျူကလီးယားစွန့်လွှတ်ရေး ဆွေးနွေးပွဲစားပွဲဝိုင်းကနေ နှုတ်ထွက်သွားပြီလို့ မြောက်ကိုရီးယား သံတမန် ကင်ဆုန်က ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

ဒါပေမယ့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ နျူကလီးယားအရေးမှာ မြောက်ကိုရီးယားနဲ့ သဘောတူညီချက်ရရှိလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဒီဇင်ဘာ ၇ ရက်မှာ ပြောဆိုထားပါတယ်။

Ref : BBC
Photo :AFP

#voiceofmyanmar #မြောက်ကိုရီးယား #ဒုံးပျံ #အမေရိကန်နဲ့ဆွေးနွေးဖို့မလို

Zawgyi

ဒံုးပ်ံစခန္းမွာ အေရးပါတဲ႔စမ္းသပ္မႈ ေျမာက္ကိုရီးယားျပဳလုပ္၊ အေမရိကန္နဲ႔ ေဆြးေႏြးဖို႔မလိုေတာ႔ဘူးလို႔ဆို

ျပံဳးယမ္း၊ ဒီဇင္ဘာ-၈-၂၀၁၉
မ်ိဳးဆက္ (VOM)

ေျမာက္ကိုရီးယားရဲ႕ ဒံုးပ်ံစမ္းသပ္စခန္းမွာ အလြန္အေရးပါတဲ႔ စမ္းသပ္မႈတစ္ခုကို ျပဳလုပ္လုိက္တယ္လို႔ ေျမာက္ကိုရီးယားနိုင္ငံက ေၾကညာလိုက္ပါတယ္။

ေအာင္ျမင္စြာစမ္းသပ္လိုက္တဲ႔ အဲဒီစနစ္ကို ေျမာက္ကိုရီးယား မဟာဗ်ဴဟာေျမာက္အဆင္႔ အေျခအေနကိုျမွင္႔တင္ေရးမွာ အသံုးျပဳသြားမယ္လို႔ နုိင္ငံပိုင္ ေကစီအင္န္ေအသတင္းဌာနက ေဖာ္ျပပါတယ္။

ေျမာက္ကိုရီးယားဟာ ဒံုးပ်ံေလာင္ခ်ာ သို႔မဟုတ္ တိုက္ခ်င္းပစ္ဒံုးပ်ံပစ္လႊတ္နိုင္တဲ႔ အင္ဂ်င္တစ္လံုးကို ေျမျပင္အေျခစိုက္ စခန္းမွာ စမ္းသပ္ေအာင္ျမင္ခဲ႔တာျဖစ္နုိင္ေၾကာင္း ေစာင္႔ၾကည္႔ေလ႔လာသူေတြက ဆုိပါတယ္။

ေျမာက္ကိုရီးယားအစိုးရဟာ အေမရိကန္နဲ႔ ေနာက္ထပ္ေဆြးေႏြးပြဲေတြကို တံခါးပိတ္လို္က္တဲ႔ လကၡဏာရိွျပီး ဒီစမ္းသပ္မႈကို လုပ္ေဆာင္ခဲ႔ဖြယ္ရိွပါတယ္။

ယခုအခါ မိမိတို႔အေနျဖင္႔ အေမရိကန္နဲ႔ မျပီးနုိင္မစိီးနိုင္ ေတြ႔ဆံုေဆြးေႏြးစရာမလိုေတာ႔ပဲ န်ဴကလီးယားစြန္႔လႊတ္ေရး ေဆြးေႏြးပြဲစားပြဲ၀ိုင္းကေန နႈတ္ထြက္သြားျပီလို႔ ေျမာက္ကိုရီးယား သံတမန္ ကင္ဆုန္က ဒီဇင္ဘာ ၇ ရက္မွာ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ဒါေပမယ္႔ အေမရိကန္သမၼတေဒၚနယ္ထရန္႔ကေတာ႔ န်ဴကလီးယားအေရးမွာ ေျမာက္ကိုရီးယားနဲ႔ သေဘာတူညီခ်က္ရရိွလိမ္႔မယ္လို႔ ေမွ်ာ္လင္႔ထားေၾကာင္း ဒီဇင္ဘာ ၇ ရက္မွာ ေျပာဆိုထားပါတယ္။

Ref : BBC
Photo :AFP

#voiceofmyanmar #ေျမာက္ကိုုရီးယား #ဒံုုးပ်ံ #အေမရိကန္နဲ႕ေဆြးေႏြးဖိုု႕မလိုု

Related posts

Leave a Comment

VOM News

FREE
VIEW