ကရိုင်းမီးယားအရေး ရုရှားနဲ့ ယူကရိန်းသမ္မတတို့ ပထမဆုံးအကြိမ်ဆွေးနွေးမယ်

ကရိုင်းမီးယားအရေး ရုရှားနဲ့ ယူကရိန်းသမ္မတတို့ ပထမဆုံးအကြိမ်ဆွေးနွေးမယ်

မော်စကို၊ ဒီဇင်ဘာ-၉-၂၀၁၉
မျိုးဆက် (VOM)

ယူကရိန်းအရှေ့ပိုင်း ကရိုင်းမီးယားဒေသမှာ ဖြစ်ပွားနေတဲ့ ငါးနှစ်ခွဲကြာ ပဋိပက္ခကိုဖြေရှင်းရေးအတွက် ရုရှားသမ္မတ ပူတင်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ဟာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးကြတော့မှာဖြစ်ပါတယ်။

အဲဒီဒေသမှာ ရုရှားကျောထောက်နောက်ခံပြုထားတဲ့ သူပုန်တွေနဲ့ ယူကရိန်းအစိုးရတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေကြောင်း လူပေါင်း ၁၃၀၀၀ ကျော်သေဆုံးခဲ့ရပါတယ်။

ယူကရိန်းအရှေ့ပိုင်း ဒေသသုံးခုကနေ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းခြင်းနဲ့အတူ အခြေအနေတွေကို ဆက်တိုက်ဆိုသလို လက်ခံမှုတွေကြောင်း ဆွေးနွေးပွဲအောင်မြင်ဖို့ မျှော်လင့်ရပါတယ်။

ယူကရိန်းသမ္မတ ဇယ်လန်စကီးဟာ ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေနဲ့အတူ ပြင်သစ်နိုင်ငံမှာ ရုရှားသမ္မတပူတင်ကို တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာသောင်ပြိုကမ်းပြိုအနိုင်ရပြီး သမ္မတဖြစ်လာတဲ့ မစ္စတာ ဇယ်လန်စကီးအနေနဲ့ ယူကရိန်းအရှေ့ပိုင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်၍ မယုံနိုင်လောက်အောင် ဆောင်ရွက်ခဲ့ပါတယ်။

မစ္စတာ ဇယ်လန်စကီး၏ မဟာဗျူဟာမှာ ရုရှားနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အဓိကအာရုံစိုက်ခဲ့ပါတယ်။ ယင်းသို့ ဆွေးနွေးမှုများပြန်လည်စတင်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့အတိုက်အခံတွေဆီကနေ အမျက်ဒေါသထွက်တာတွေလည်း ရင်ဆိုင်နေရပါတယ်။

Ref : BBC
Photo :AFP

#voiceofmyanmar #ကရိုင်းမီးယားအရေး #ရှရှား #ယူကရိန်း

Zawgyi

က႐ိုင္းမီးယားအေရး ႐ုရွားနဲ႔ ယူကရိန္းသမၼတတို႔ ပထမဆုံးအႀကိမ္ေဆြးေႏြးမယ္

ေမာ္စကို၊ ဒီဇင္ဘာ-၉-၂၀၁၉
မ်ိဳးဆက္ (VOM)

ယူကရိန္းအေရွ႕ပိုင္း က႐ိုင္းမီးယားေဒသမွာ ျဖစ္ပြားေနတဲ့ ငါးႏွစ္ခြဲၾကာ ပဋိပကၡကိုေျဖရွင္းေရးအတြက္ ႐ုရွားသမၼတ ပူတင္နဲ႔ ယူကရိန္းသမၼတ ဇယ္လန္စကီးတို႔ဟာ ပထမဆုံးအႀကိမ္ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံ ေဆြးေႏြးၾကေတာ့မွာျဖစ္ပါတယ္။

အဲဒီေဒသမွာ ႐ုရွားေက်ာေထာက္ေနာက္ခံျပဳထားတဲ့ သူပုန္ေတြနဲ႔ ယူကရိန္းအစိုးရတပ္ဖြဲ႕ဝင္ေတြအၾကား တိုက္ပြဲေတြေၾကာင္း လူေပါင္း ၁၃၀၀၀ ေက်ာ္ေသဆုံးခဲ့ရပါတယ္။

ယူကရိန္းအေရွ႕ပိုင္း ေဒသသုံးခုကေန ယူကရိန္းတပ္ဖြဲ႕ဝင္ေတြ ႐ုပ္သိမ္းျခင္းနဲ႔အတူ အေျခအေနေတြကို ဆက္တိုက္ဆိုသလို လက္ခံမႈေတြေၾကာင္း ေဆြးေႏြးပြဲေအာင္ျမင္ဖို႔ ေမွ်ာ္လင့္ရပါတယ္။

ယူကရိန္းသမၼတ ဇယ္လန္စကီးဟာ ျပင္သစ္နဲ႔ ဂ်ာမနီေခါင္းေဆာင္ေတြနဲ႔အတူ ျပင္သစ္ႏိုင္ငံမွာ ႐ုရွားသမၼတပူတင္ကို ေတြ႕ဆုံသြားမွာျဖစ္ပါတယ္။

ယခုႏွစ္အေစာပိုင္းက ျပဳလုပ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာေသာင္ၿပိဳကမ္းၿပိဳအႏိုင္ရၿပီး သမၼတျဖစ္လာတဲ့ မစၥတာ ဇယ္လန္စကီးအေနနဲ႔ ယူကရိန္းအေရွ႕ပိုင္း ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္၍ မယုံႏိုင္ေလာက္ေအာင္ ေဆာင္႐ြက္ခဲ့ပါတယ္။

မစၥတာ ဇယ္လန္စကီး၏ မဟာဗ်ဴဟာမွာ ႐ုရွားႏွင့္ ေဆြးေႏြးပြဲမ်ား ျပန္လည္စတင္ရန္ အဓိကအာ႐ုံစိုက္ခဲ့ပါတယ္။ ယင္းသို႔ ေဆြးေႏြးမႈမ်ားျပန္လည္စတင္တာနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕အတိုက္အခံေတြဆီကေန အမ်က္ေဒါသထြက္တာေတြလည္း ရင္ဆိုင္ေနရပါတယ္။

Ref : BBC
Photo :AFP

#voiceofmyanmar #က႐ိုင္းမီးယားအေရး #ရွရွား #ယူကရိန္း

Related posts

VOM News

FREE
VIEW