ဖင်လန်နိုင်ငံမှ ၃၄ နှစ်အရွယ်အမျိုးသမီး ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာ

ဟယ်လင်စကီး၊ ဒီဇင်ဘာ-၉-၂၀၁၉
မျိုးဆက် (VOM)

ဖင်လန်နိုင်ငံမှာ အသက် ၃၄ နှစ်အရွယ် ဆန်နာမာရင်ဟာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံလိုက်ရပြီး သူဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်တစ်ဦးအဖြစ် သတ်မှတ်ရမှာဖြစ်ကာ ဖင်လန်နိုင်ငံမှာ ညွှန့်ပေါင်းအစိုးရတစ်ရပ်ကို အမျိုးသမီးတစ်ဦးက ဦးဆောင်တော့မှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် အန့်တီရီနေးနှုတ်ထွက်သွားပြီးနောက် ပို့ဆောင်ရေးဝန်ကြီးဖြစ်သူ ဆန်နာမာရင်ကို ဝန်ကြီးချုပ်အဖြစ် သူမရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ရွေးချယ်လိုက်တာဖြစ်ပြီး ယခုတစ်ပတ်အတွင်းမှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖွယ်ရှိနေပါတယ်။

သူမဟာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ထားတဲ့ ပါတီငါးခုပါဝင်တဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်သွားမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရီနေးဟာ စာတိုက်နဲ့ပတ်သက်တဲ့ သပိတ်မှောက်မှုတစ်ခုကို ကိုင်တွယ်ရာမှာ ညွှန့်ပေါင်းအဖွဲ့ရဲ့ ယုံကြည်မှု ပျောက်ဆုံးပြီးနောက် ရာထူးကနေ နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။
ဆန်နာမာရင်အနေနဲ့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်မယ့်အချိန်မှာ အသက် ၃၄ နှစ်အရွယ်သာရှိတာကြောင့် ကမ္ဘာ့အသက်ငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက်ငယ်ရွယ်တဲ့ ဝန်ကြီးချုပ်တွေအဖြစ် သူမပြီးရင် နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန် အသက် ၃၉ နှစ်နဲ့ ယူကရိန်းဝန်ကြီးချုပ် အိုလက်စကီ ဟွန်ချာရပ် အသက် ၃၅ နှစ်တို့ဖြစ်ပါတယ်။

Ref : BBC Photo :Reuters
#voiceofmyanmar #ဟယ်လင်စကီး #ဖင်လန် #ဝန်ကြီးချုပ်

Zawgyi

ဖင္လန္နုိင္ငံမွ ၃၄ နွစ္အရြယ္အမ်ိဳးသမီး ကမၻာ႔အသက္အငယ္ဆံုး ၀န္ၾကီးခ်ဳပ္ျဖစ္လာ

ဟယ္လင္စကီး၊ ဒီဇင္ဘာ-၉-၂၀၁၉
မ်ိဳးဆက္ (VOM)

ဖင္လန္နိုင္ငံမွာ အသက္ ၃၄ နွစ္အရြယ္ ဆန္နာမာရင္ဟာ ၀န္ၾကီးခ်ဳပ္အျဖစ္ ခန္႔အပ္ခံလိုက္ရျပီး သူဟာ ကမၻာ႔အသက္အငယ္ဆံုး ၀န္ၾကီးခ်ဳပ္တစ္ဦးအျဖစ္ သတ္မွတ္ရမွာျဖစ္ကာ ဖင္လန္နိုင္ငံမွာ ညႊန္႔ေပါင္းအစိုးရတစ္ရပ္ကို အမ်ိဳးသမီးတစ္ဦးက ဦးေဆာင္ေတာ႔မွာျဖစ္ပါတယ္။

၀န္ၾကီးခ်ဳပ္ အန္႔တီရီေနးနႈတ္ထြက္သြားျပီးေနာက္ ပို႔ေဆာင္ေရး၀န္ၾကီးျဖစ္သူ ဆန္နာမာရင္ကို ၀န္ၾကီးခ်ဳပ္အျဖစ္ သူမရဲ႕ ဆိုရွယ္ဒီမိုကရက္တစ္ပါတီက ေရြးခ်ယ္လိုက္တာျဖစ္ျပီး ယခုတစ္ပတ္အတြင္းမွာ ၀န္ၾကီးခ်ဳပ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုဖြယ္ရိွေနပါတယ္။

သူမဟာ အမ်ိဳးသမီးေတြခ်ည္းပဲ ဦးေဆာင္ထားတဲ႔ ပါတီငါးခုပါဝင္တဲ႔ ညႊန္႔ေပါင္းအစိုးရအဖြဲ႔ကို ဦးေဆာင္သြားမွာျဖစ္ပါတယ္။

ဝန္ၾကီးခ်ဳပ္ေဟာင္း ရီေနးဟာ စာတိုက္နဲ႔ပတ္သက္တဲ႔ သပိတ္ေမွာက္မႈတစ္ခုကို ကိုင္တြယ္ရာမွာ ညႊန္႔ေပါင္းအဖြဲ႔ရဲ႕ ယံုၾကည္မႈ ေပ်ာက္ဆံုးျပီးေနာက္ ရာထူးကေန နႈတ္ထြက္လိုက္တာျဖစ္ပါတယ္။
ဆန္နာမာရင္အေနနဲ႔ ဝန္ၾကီးခ်ဳပ္တာဝန္ထမ္းေဆာင္မယ္႔အခ်ိန္မွာ အသက္ ၃၄ နွစ္အရြယ္သာရိွတာေၾကာင္႔ ကမၻာ႔အသက္ငယ္ဆံုး ဝန္ၾကီးခ်ဳပ္အျဖစ္ သတ္မွတ္ရမွာျဖစ္ပါတယ္။

လက္ရိွမွာေတာ႔ အသက္ငယ္ရြယ္တဲ႔ ၀န္ၾကီးခ်ဳပ္ေတြအျဖစ္ သူမျပီးရင္ နယူးဇီလန္၀န္ၾကီးခ်ဳပ္ ဂ်ာဆင္ဒါအာဒန္ အသက္ ၃၉ နွစ္နဲ႔ ယူကရိိန္း၀န္ၾကီးခ်ဳပ္ အိုလက္စကီ ဟြန္ခ်ာရပ္ အသက္ ၃၅ နွစ္တို႔ျဖစ္ပါတယ္။

Ref : BBC Photo :Reuters
#voiceofmyanmar #ဟယ္လင္စကီး #ဖင္လန္ #ဝန္ႀကီးခ်ဳပ္

Related posts

Leave a Comment

VOM News

FREE
VIEW