ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ မြန်မာနိုင်ငံကိုသပိတ်မှောက်တဲ့ ‘Boycott Myanmar Campaign’ စတင်

တိုရွန်တို၊ ဒီဇင်ဘာ-၉-၂၀၁၉
မျိုးဆက် (VOM)

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ ယဉ်ကျေးမှု၊ သံတမန်ရေးနှင့် နိုင်ငံရေးအရ ဖိအားပေးဖို့ရည်ရွယ်တဲ့ ‘Boycott Myanmar Campaign’ ကို နိုင်ငံ ၁၀ နိုင်ငံမှ လူ့အခွင့်အရေး၊ ပညာရေးနဲ့ အခြားအဖွဲ့အစည်းပေါင်း ၃၀ က စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် သပိတ်မှောက်တဲ့ လှုပ်ရှားမှု ‘Boycott Myanmar Campaign’ ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာတိုင်ကြားထားတာအတွက် ပြန်လည်ခုခံချေပဖို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံကို ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒီလှုပ်ရှားမှုလုပ်ဆောင်တဲ့ အဖွဲ့တွေထဲမှာ Free Rohingya Coalition, Forsea.co, Restless Beings, Destination Justice, Rohingya Human Rights Network of Canada, Rohingya Human Rights Initiative of India, Asia Centre တို့လည်းပါဝင်နေပါတယ်။

လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကိုတိုင်ကြားတဲ့ အမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မှာကြားနာသွားမှာဖြစ်ပါတယ်။ ဒီကြားနာမှုတွေအတွင်း ဥရောပရိုဟင်ဂျာကောင်စီနဲ့ နယ်သာလန် မြန်မာမူစလင်အဖွဲ့တို့ ကမကထပြုပြီး သည်ဟိဂ်မြို့မှာရှိတဲ့ ICJ ရုံးအရှေ့မှာ ရိုဟင်ဂျာတွေသွေးစည်းညီညွတ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref :Daily Star Photo: UN
#voiceofmyanmar #တိုရွန်တို #ရိုဟင်ဂျာ #မြန်မာနိုင်ငံ

Zawgyi

ရိုဟင္ဂ်ာအေရးလႈပ္ရွားသူေတြ ျမန္မာနိုင္ငံကိုသပိတ္ေမွာက္တဲ႔ ‘Boycott Myanmar Campaign’ စတင္

တိုရြန္တို၊ ဒီဇင္ဘာ-၉-၂၀၁၉
မ်ိဳးဆက္ (VOM)

ရခိုင္ျပည္နယ္မွ ရိုဟင္ဂ်ာအေရးနဲ႔ပတ္သက္ျပီး ျမန္မာနုိ္င္ငံအေပၚ စီးပြားေရး၊ ယဥ္ေက်းမႈ၊ သံတမန္ေရးနွင္႔ နုိင္ငံေရးအရ ဖိအားေပးဖို႔ရည္ရြယ္တဲ႔ ‘Boycott Myanmar Campaign’ ကို နိုင္ငံ ၁၀ နုိင္ငံမွ လူ႔အခြင္႔အေရး၊ ပညာေရးနဲ႔ အျခားအဖြဲ႔အစည္းေပါင္း ၃၀ က စတင္လုပ္ေဆာင္ေနျပီျဖစ္ပါတယ္။

ျမန္မာနုိင္ငံအေပၚ သပိတ္ေမွာက္တဲ႔ လႈပ္ရွားမႈ ‘Boycott Myanmar Campaign’ ဟာ ရိုဟင္ဂ်ာေတြကို လူမ်ိဳးတုန္းသတ္ျဖတ္တယ္ဆိုျပီး ဂမ္ဘီယာနုိင္ငံက ျမန္မာနိုင္ငံကို ICJ မွာတိုင္ၾကားထားတာအတြက္ ျပန္လည္ခုခံေခ်ပဖို႔နိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ေဒၚေအာင္ဆန္းစုၾကည္ နယ္သာလန္နိုင္ငံကို ေရာက္ရိွေနခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။

ဒီလႈပ္ရွားမႈလုပ္ေဆာင္တဲ႔ အဖြဲ႔ေတြထဲမွာ Free Rohingya Coalition, Forsea.co, Restless Beings, Destination Justice, Rohingya Human Rights Network of Canada, Rohingya Human Rights Initiative of India, Asia Centre တို႔လည္းပါ၀င္ေနပါတယ္။

လူမ်ိဳးတုန္းသတ္ျဖတ္တယ္ဆိုျပီး ဂမ္ဘီယာနိုင္ငံက ျမန္မာနိုင္ငံကိုတိုင္ၾကားတဲ႔ အမႈနဲ႔ပတ္သက္ျပီး ဒီဇင္ဘာ ၁၀ ရက္ကေန ၁၂ ရက္အထိ နယ္သာလန္နိုင္ငံ သည္ဟိဂ္မွာၾကားနာသြားမွာျဖစ္ပါတယ္။ ဒီၾကားနာမႈေတြအတြင္း ဥေရာပရိုဟင္ဂ်ာေကာင္စီနဲ႔ နယ္သာလန္ ျမန္မာမူစလင္အဖြဲ႔တို႕ ကမကထျပဳျပီး သည္ဟိဂ္ျမိဳ႕မွာရိွတဲ႔ ICJ ရံုးအေရွ႕မွာ ရိုဟင္ဂ်ာေတြေသြးစည္းညိီညြတ္ေၾကာင္း ဆႏၵထုတ္ေဖာ္ပြဲေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

Ref :Daily Star Photo: UN
#voiceofmyanmar #တုိရြန္တို #ရိုဟင္ဂ်ာ #ျမန္မာနိုင္ငံ

Related posts

Leave a Comment

VOM News

FREE
VIEW