ကျားဖောင်လုပ်ငန်းမှာ ရေလုပ်သားအချို့ လူ့အခွင့်အရေး ထိခိုက်နစ်နာမှုတွေရှိနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈-၂၀၁၉
စွဲ့ဝတီ(VOM)

ကျားဖောင်လုပ်ငန်းပေါ်မှာ ကျန်းမာရေးချို့တဲ့လို့ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိတဲ့ အလုပ်သမားတွေကို ဆဲဆိုကြိမ်းမောင်းတာတွေ ရိုက်နှက်ညှဉ်းပန်းပြီး ခိုင်းစေတာတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် ရေလုပ်သား အချို့ ပျောက်ဆုံး၊ သေဆုံးသွားကြတဲ့ လူ့အခွင့်အရေး ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကနေ သိရပါတယ်။

ကျားဖောင်လုပ်ငန်းဟာ ကမ်းခြေကနေ ရေမိုင် ၃၀ ကျော်မှာ လုပ်ကိုင်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ပိုက်ထောင်ပိုက်ဆွဲ အလုပ်ကို နေ့စဉ်ပင်ပန်းကြီးစွာ လုပ်ကိုင်ရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။

ပုဇွန်ပြုတ်၊ ငါးခြောက်လှန်း စတဲ့လုပ်ငန်းတွေကိုလည်း အချိန်လုပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ရေလုပ်သားတွေက ခံနိုင်ရည်မရှိတော့ဘဲ ကျန်းမာရေးချို့တဲ့လာကြတယ်လို့ သိရပါတယ်။

ကျားဖောင်လုပ်ငန်းမှာ တရားဝင်လုပ်ကိုင်တဲ့ လုပ်ငန်းရှင်ဦးရေထက် လက်တွေ့မှာ တရားမဝင်လုပ်ငန်းရှင် ဦးရေ ၆ ဆခန့် ပိုမိုများပြားနေပြီး တရားဝင်မှတ်ပုံတင် ရေလုပ်သားမှာလည်း ၄၀၀ ကျော်သာ ရှိနေကာ တရားမဝင် ရေလုပ်သားဦးရေများစွာ လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။

“တရားဝင်ဦးရေထက် တရားမဝင် လုပ်ငန်းတွေက များတယ်။ တရားမဝင် ရေလုပ်သားတွေက များနေတဲ့အခါကျတော့ စည်းကမ်းတကျမရှိဘူး။ အဲဒါကြောင့် လုပ်သားရှားပါးမူတွေကြောင့် ရွေ့ပြောင်းလုပ်သားတွေကိုခေါ်ပြီးတော့ ခိုင်းတဲ့အခါ စနစ်တကျ မရှိတဲ့အတွက်ကြောင့် လူကုန်ကူးတာတွေဖြစ်တယ်။ အခြေခံလူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတဲ့အနေအထားတွေကို ရှိတာပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အဓိကတော့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စတွေ၊ ပင်လယ်ပြင်မှာ သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေ အရေးတကြီး လျင်လျင်မြန်မြန်နဲ့ တားဆီးကာကွယ်ပေးဖို့ ။ လူ့အခွင့်အရေးချိုးဖောက်တာတွေကိုလည်း တားဆီးပေးဖို့။ ပင်လယ်ပြင်ရဲ့ သဘာဝသံယံဇာတထိန်းသိမ်းရေးလုပ်ငန်းကိုလည်း အမြန်ဆုံးကာကွယ်ပေးဖို့အတွက် သက်ဆိုင်ရာကိုလည်း တင်ပြထားတာဖြစ်ပါတယ် ”လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်ရေးမှူး ဦးဘုန်းကြွယ်က ပြောပါတယ်။

တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက်တွေကို ကျားဖောင်လုပ်ငန်းရှင် များက လိုက်နာမှု အားနည်းနေပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းများကလည်း ကြပ်မတ်ထိန်းကျောင်း ဆောင်ရွက်မှု အားနည်းနေတာကိုတွေ့ရတယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒီဇင်ဘာ ၁၇ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

ကျားဖောင်လုပ်ငန်း ကျယ်ပြန့် တိုးတက်လာမှုအပေါ်မှာ အခြေပြုပြီးတော့ ရေလုပ်သား လိုအပ်ချက် များပြားလာသော်လည်း ဒေသတွင်း လုပ်သားရှားပါးတဲ့အတွက် ပွဲစားတွေက လာပို့တဲ့ အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေကို စနစ်တကျ စိစစ်မှုမရှိဘဲ ငှားရမ်းဆောင်ရွက်ကြတာတွေကြောင့် လူကုန်ကူးမှု အပါအဝင် အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေများ ပေါ်ပေါက် လာရခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

လာရောက်လုပ်ကိုင်သော လုပ်သားအများစုမှာ ပညာအရည်အချင်း နည်းပါးတာတွေ၊ ဆင်းရဲနွမ်းပါးပြီး မိသားစုအတွက် ငွေကြေးလိုအပ်ချက် ရှိနေသူများဖြစ်တာတွေ၊ လုပ်ငန်းခွင်ရဲ့ ခက်ခဲကြမ်းတမ်းမှုကို မသိနားမလည်ဘဲ ပွဲစားတွေစည်းရုံးသိမ်းသွင်းမှုအပေါ် ယုံကြည်ပြီးတော့ လုပ်သားငှားရမ်းစာချုပ်များ၊ ငွေပေးငွေယူ စာချုပ်များမှာ အလွယ်တကူ လက်မှတ်ရေးထိုးကြတာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင်ရှိ ပင်လယ်ပြင် ကျားဖောင်ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ရေလုပ်သားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိနေတယ်လို့ လူမှုကွန်ရက် စာမျက်နှာများမှာလည်း တွေ့ရတဲ့အတွက် ကော်မရှင်ဥပဒေပုဒ်မ ၂၈ နဲ့အညီ ကွင်းဆင်းစုံစမ်းစစ်ဆေးဖို့ အဲ့ဒီဒေသတွေကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၂ ရက်နေ့ကနေ ဒီဇင်ဘာ၆ ရက်နေ့အထိ သွားရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဖျာပုံဒေသက သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်း၊ ကျားဖောင်လုပ်ငန်းရှင်၊ ကျားဖောင်ဦးစီးချုပ်၊ ဖောင်ဦးစီး၊ ကျားဖောင်လုပ်သား စတဲ့လုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဆုံမေးမြန်းတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီက တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ကျားဖောင်လုပ်ငန်းတွေကို စနစ်တကျ ကြပ်မတ်ထိန်းကျောင်းနိုင်တဲ့ စနစ် (Control Mechanism) တစ်ရပ် ထူထောင်နိုင်ရေး အကြံပြုချက်တွေကို သက်ဆိုင်ရာကို အကြံပြု တင်ပြထားတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကနေ သိရပါတယ်။

#VOM #voiceofmyanmar #ဧရာဝတီ #ကျားဖောင် #လူ့အခွင့်အရေးကော်မရှင်

Zawgyi

က်ားေဖာင္လုပ္ငန္းမွာ ေရလုပ္သားအခ်ိဳ႕ လူ႔အခြင့္အေရး ထိခိုက္နစ္နာမႈေတြရိွေန

ရန္ကုန္၊ ဒီဇင္ဘာ ၁၈-၂၀၁၉
စြဲ႕၀တီ(VOM)

က်ားေဖာင္လုပ္ငန္းေပၚမွာ က်န္းမာေရးခ်ိဳ႕တဲ့လို႔ အလုပ္လုပ္ကိုင္ႏိုင္စြမ္းမရွိတဲ့ အလုပ္သမားေတြကို ဆဲဆိုႀကိမ္းေမာင္းတာေတြ ႐ိုက္ႏွက္ညႇဥ္းပန္းၿပီး ခိုင္းေစတာေတြ စတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအျပင္ ေရလုပ္သား အခ်ိဳ႕ ေပ်ာက္ဆုံး၊ ေသဆုံးသြားၾကတဲ့ လူ႔အခြင့္အေရး ထိခိုက္နစ္နာမႈေတြ ရွိေနတယ္လို႔ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ကေန သိရပါတယ္။

က်ားေဖာင္လုပ္ငန္းဟာ ကမ္းေျခကေန ေရမိုင္ ၃၀ ေက်ာ္မွာ လုပ္ကိုင္ရတဲ့ လုပ္ငန္းတစ္ခုျဖစ္ၿပီး ပိုက္ေထာင္ပိုက္ဆြဲ အလုပ္ကို ေန႔စဥ္ပင္ပန္းႀကီးစြာ လုပ္ကိုင္ရတဲ့ အလုပ္တစ္ခုျဖစ္ပါတယ္။

ပုဇြန္ျပဳတ္၊ ငါးေျခာက္လွန္း စတဲ့လုပ္ငန္းေတြကိုလည္း အခ်ိန္လုၿပီး လုပ္ကိုင္ရတဲ့ လုပ္ငန္းျဖစ္တဲ့အတြက္ ပင္ပန္းႏြမ္းနယ္မႈဒဏ္ကို ေရလုပ္သားေတြက ခံႏိုင္ရည္မရွိေတာ့ဘဲ က်န္းမာေရးခ်ိဳ႕တဲ့လာၾကတယ္လို႔ သိရပါတယ္။

က်ားေဖာင္လုပ္ငန္းမွာ တရားဝင္လုပ္ကိုင္တဲ့ လုပ္ငန္းရွင္ဦးေရထက္ လက္ေတြ႕မွာ တရားမဝင္လုပ္ငန္းရွင္ ဦးေရ ၆ ဆခန႔္ ပိုမိုမ်ားျပားေနၿပီး တရားဝင္မွတ္ပုံတင္ ေရလုပ္သားမွာလည္း ၄၀၀ ေက်ာ္သာ ရွိေနကာ တရားမဝင္ ေရလုပ္သားဦးေရမ်ားစြာ လုပ္ကိုင္ေနတယ္လို႔လည္း သိရပါတယ္။

“တရားဝင္ဦးေရထက္ တရားမဝင္ လုပ္ငန္းေတြက မ်ားတယ္။ တရားမဝင္ ေရလုပ္သားေတြက မ်ားေနတဲ့အခါက်ေတာ့ စည္းကမ္းတက်မရွိဘူး။ အဲဒါေၾကာင့္ လုပ္သားရွားပါးမူေတြေၾကာင့္ ေ႐ြ႕ေျပာင္းလုပ္သားေတြကိုေခၚၿပီးေတာ့ ခိုင္းတဲ့အခါ စနစ္တက် မရွိတဲ့အတြက္ေၾကာင့္ လူကုန္ကူးတာေတြျဖစ္တယ္။ အေျခခံလူ႔အခြင့္အေရးေတြ ခ်ိဳးေဖာက္ခံရတဲ့အေနအထားေတြကို ရွိတာေပါ့။ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ အဓိကေတာ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရတဲ့ကိစၥေတြ၊ ပင္လယ္ျပင္မွာ သံယံဇာတနဲ႔ သဘာ၀ပတ္ဝန္းက်င္ထိန္းသိမ္းေရး လုပ္ငန္းေတြ အေရးတႀကီး လ်င္လ်င္ျမန္ျမန္နဲ႔ တားဆီးကာကြယ္ေပးဖို႔ ။ လူ႔အခြင့္အေရးခ်ိဳးေဖာက္တာေတြကိုလည္း တားဆီးေပးဖို႔။ ပင္လယ္ျပင္ရဲ႕ သဘာ၀သံယံဇာတထိန္းသိမ္းေရးလုပ္ငန္းကိုလည္း အျမန္ဆုံးကာကြယ္ေပးဖို႔အတြက္ သက္ဆိုင္ရာကိုလည္း တင္ျပထားတာျဖစ္ပါတယ္ ”လို႔ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ အတြင္ေရးမႉး ဦးဘုန္းႂကြယ္က ေျပာပါတယ္။

တည္ဆဲဥပေဒ၊ လုပ္ထုံးလုပ္နည္းနဲ႔ ၫႊန္ၾကားခ်က္ေတြကို က်ားေဖာင္လုပ္ငန္းရွင္ မ်ားက လိုက္နာမႈ အားနည္းေနၿပီး သက္ဆိုင္ရာဌာန အဖြဲ႕အစည္းမ်ားကလည္း ၾကပ္မတ္ထိန္းေက်ာင္း ေဆာင္႐ြက္မႈ အားနည္းေနတာကိုေတြ႕ရတယ္လို႔ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ ဒီဇင္ဘာ ၁၇ရက္္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ထားပါတယ္။

က်ားေဖာင္လုပ္ငန္း က်ယ္ျပန႔္ တိုးတက္လာမႈအေပၚမွာ အေျချပဳၿပီးေတာ့ ေရလုပ္သား လိုအပ္ခ်က္ မ်ားျပားလာေသာ္လည္း ေဒသတြင္း လုပ္သားရွားပါးတဲ့အတြက္ ပြဲစားေတြက လာပို႔တဲ့ အနယ္နယ္အရပ္ရပ္က ေ႐ႊ႕ေျပာင္းလုပ္သားေတြကို စနစ္တက် စိစစ္မႈမရွိဘဲ ငွားရမ္းေဆာင္႐ြက္ၾကတာေတြေၾကာင့္ လူကုန္ကူးမႈ အပါအဝင္ အေျခခံလူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတဲ့ အေျခအေနမ်ား ေပၚေပါက္ လာရျခင္း ျဖစ္တယ္လို႔လည္း သိရပါတယ္။

လာေရာက္လုပ္ကိုင္ေသာ လုပ္သားအမ်ားစုမွာ ပညာအရည္အခ်င္း နည္းပါးတာေတြ၊ ဆင္းရဲႏြမ္းပါးၿပီး မိသားစုအတြက္ ေငြေၾကးလိုအပ္ခ်က္ ရွိေနသူမ်ားျဖစ္တာေတြ၊ လုပ္ငန္းခြင္ရဲ႕ ခက္ခဲၾကမ္းတမ္းမႈကို မသိနားမလည္ဘဲ ပြဲစားေတြစည္း႐ုံးသိမ္းသြင္းမႈအေပၚ ယုံၾကည္ၿပီးေတာ့ လုပ္သားငွားရမ္းစာခ်ဳပ္မ်ား၊ ေငြေပးေငြယူ စာခ်ဳပ္မ်ားမွာ အလြယ္တကူ လက္မွတ္ေရးထိုးၾကတာျဖစ္တယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္း ၊ ဖ်ာပုံခ႐ိုင္ရွိ ပင္လယ္ျပင္ က်ားေဖာင္ငါးဖမ္းလုပ္ငန္းေတြမွာ လုပ္ကိုင္ေနၾကတဲ့ ေရလုပ္သားေတြဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈမ်ားရွိေနတယ္လို႔ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားမွာလည္း ေတြ႕ရတဲ့အတြက္ ေကာ္မရွင္ဥပေဒပုဒ္မ ၂၈ နဲ႔အညီ ကြင္းဆင္းစုံစမ္းစစ္ေဆးဖို႔ အဲ့ဒီေဒသေတြကို ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ ကြင္းဆင္းစုံစမ္းစစ္ေဆးေရးအဖြဲ႕က ဒီဇင္ဘာ ၂ ရက္ေန႔ကေန ဒီဇင္ဘာ၆ ရက္ေန႔အထိ သြားေရာက္စစ္ေဆးတာေတြ ျပဳလုပ္ခဲ့ပါတယ္။

ကြင္းဆင္းစုံစမ္းစစ္ေဆးေရးအဖြဲ႕ဟာ ဖ်ာပုံေဒသက သက္ဆိုင္ရာေဒသ အာဏာပိုင္အဖြဲ႕အစည္း၊ က်ားေဖာင္လုပ္ငန္းရွင္၊ က်ားေဖာင္ဦးစီးခ်ဳပ္၊ ေဖာင္ဦးစီး၊ က်ားေဖာင္လုပ္သား စတဲ့လုပ္ငန္းနဲ႔ ဆက္စပ္ပတ္သက္တဲ့ ပုဂၢိဳလ္ေတြကို ေတြ႕ဆုံေမးျမန္းတာေတြလည္း ျပဳလုပ္ခဲ့တယ္လုိ႔ သိရပါတယ္။

အဲ့ဒီက ေတြ႕ရွိခ်က္ေတြနဲ႔ ပတ္သက္ၿပီး က်ားေဖာင္လုပ္ငန္းေတြကို စနစ္တက် ၾကပ္မတ္ထိန္းေက်ာင္းႏိုင္တဲ့ စနစ္ (Control Mechanism) တစ္ရပ္ ထူေထာင္ႏိုင္ေရး အႀကံျပဳခ်က္ေတြကို သက္ဆိုင္ရာကို အႀကံျပဳ တင္ျပထားတယ္လို႔ ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ကေန သိရပါတယ္။

#VOM #voiceofmyanmar #ဧရာဝတီ #က်ားေဖာင္ #လူ႔အခြင့္အေရးေကာ္မရွင္

Related posts

Leave a Comment

VOM News

FREE
VIEW