စစ်ကိုင်းမြို့မှာ ကျောက်စိမ်းအတွဲပေါင်း ၁၄၀၀ခင်းကျင်းရောင်းချနေ

စစ်ကိုင်း ဒီဇင်ဘာ ၁၉-၂၀၁၉
မောင်တာရာ (VOM)

စစ်ကိုင်းတိုင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)က ဦးစီးကျင်းပတဲ့ ဒုတိယအကြိမ် ကျောက်စိမ်းအရောင်းပြပွဲကို ဒီဇင်ဘာ၁၈ရက်နေ့ နံနက်ပိုင်းက စတင်ပြီး စစ်ကိုင်းခရိုင်ချင်းဆက်လမ်းရှိ ထက်ကျော် ကိုယ်ပိုင် အထက်တန်းကျောင်းဝန်းအတွင်းမှာ ခင်းကျင်းပြသရောင်းချနေပြီဖြစ်ပါတယ်။

ဒုတိယအကြိမ် ကျင်းပတဲ့ ကျောက်စိမ်းအရောင်းပြပွဲမှာ ကျောက်စိမ်းအတွဲပေါင်း ၁၄၀၀ ခင်းကျင်းရောင်းချလျက်ရှိပြီး ပြပွဲကိုတော့ ဒီဇင်ဘာလ၁၈ ရက်ကနေ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

”ဒီဇင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိက ကျောက်ကြည့်ရက်အဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ရက်တွေက ကျောက်ရောင်းချရက်အဖြစ် တင်ဒါဖွင့်ဖောက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တင်ဒါဖွင့်ဖောက် ဆောင်ရွက်တဲ့အခါမှာလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်း၊ ပြည်တွင်းအခွန် ကျွန်တော်တို့ အသင်းပါတယ်။ စနစ်တကျ ဖွင့်ဖောက်စနစ်ကို ထိန်းသိမ်းပြီး သဘာပတိအဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ် “လို့ စစ်ကိုင်းတိုင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ဒု-ဥက္ကဌ(၁)ဦးကျော်ဌေးက ပြောပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်း ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူတွေ ကုန်ကြမ်းလွယ်ကူစွာရရှိစေရေး၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျောက်စိမ်းအရောင်းပြပွဲကို ကျင်းပပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ပထမအကြိမ် ကျောက်စိမ်းအရောင်းပြပွဲကို စစ်ကိုင်းခရိုင်ချင်းဆက်လမ်းရှိ ထက်ကျော် ကိုယ်ပိုင် အထက်တန်းကျောင်း ဝန်းအတွင်းမှာပင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ထိ ၆ ရက်တိုင် ကျင်းပခဲ့ပြီး ပထမအကြိမ် ကျင်းပတဲ့ ကျောက်စိမ်းအရောင်းပြပွဲမှာ ကုမ္ပဏီပေါင်း ၁၀၀ ကျော်ကနေ ကျောက်စိမ်းအတွဲပေါင်း ၂၀၀၀ ကျော် ခင်းကျင်းရောင်းချခဲ့ရာ ကျပ်သိန်းပေါင်း ၂၈၀၀၀ ကျော်ဖိုး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #ကျောက်မျက်ပြပွဲ

Zawgyi

စစ္ကုိင္းၿမဳိ႕မွာ ေက်ာက္စိမ္းအတြဲေပါင္း ၁၄၀၀ခင္းက်င္းေရာင္းခ်ေန

စစ္ကုိင္း ဒီဇင္ဘာ ၁၉-၂၀၁၉
ေမာင္တာရာ (VOM)

စစ္ကုိင္းတုိင္း ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအသင္း(စစ္ကုိင္း)က ဦးစီးက်င္းပတဲ့ ဒုတိယအႀကိမ္ ေက်ာက္စိမ္းအေရာင္းၿပပြဲကုိ ဒီဇင္ဘာ၁၈ရက္ေန႔ နံနက္ပုိင္းက စတင္ၿပီး စစ္ကုိင္းခရုိင္ခ်င္းဆက္လမ္းရွိ ထက္ေက်ာ္ ကုိယ္ပုိင္ အထက္တန္းေက်ာင္းဝန္းအတြင္းမွာ ခင္းက်င္းၿပသေရာင္းခ်ေနၿပီၿဖစ္ပါတယ္။

ဒုတိယအႀကိမ္ က်င္းပတဲ့ ေက်ာက္စိမ္းအေရာင္းၿပပြဲမွာ ေက်ာက္စိမ္းအတြဲေပါင္း ၁၄၀၀ ခင္းက်င္းေရာင္းခ်လ်က္ရွိၿပီး ၿပပြဲကုိေတာ့ ဒီဇင္ဘာလ၁၈ ရက္ကေန ဒီဇင္ဘာလ ၂၅ ရက္ေန႔အထိ က်င္းပသြားမွာၿဖစ္ပါတယ္။

”ဒီဇင္ဘာလ ၁၈ ရက္ကေန ၂၀ ရက္ေန႕အထိက ေက်ာက္ႀကည့္ရက္အၿဖစ္ သတ္မွတ္ထားၿပီး က်န္တဲ့ရက္ေတြက ေက်ာက္ေရာင္းခ်ရက္အၿဖစ္ တင္ဒါဖြင့္ေဖာက္ ေဆာင္ရြက္သြားမွာၿဖစ္ပါတယ္။ တင္ဒါဖြင့္ေဖာက္ ေဆာင္ရြက္တဲ့အခါမွာလည္း အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမန္မာေက်ာက္မ်က္ေရာင္းဝယ္ေရးလုပ္ငန္း၊ ၿပည္တြင္းအခြန္ ကြ်န္ေတာ္တုိ႔ အသင္းပါတယ္။ စနစ္တက် ဖြင့္ေဖာက္စနစ္ကုိ ထိန္းသိမ္းၿပီး သဘာပတိအဖြဲ႕ဖြဲ႕ၿပီး ေဆာင္ရြက္ၿခင္းၿဖစ္ပါတယ္ “လုိ႔ စစ္ကုိင္းတုိင္း ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအသင္း(စစ္ကုိင္း)မွ ဒု-ဥကၠဌ(၁)ဦးေက်ာ္ေဌးက ေၿပာပါတယ္။
စစ္ကုိင္းၿမဳိ႕နယ္အတြင္း ေက်ာက္စိမ္းလုပ္ငန္း လုပ္ကုိင္ေနသူေတြ ကုန္ႀကမ္းလြယ္ကူစြာရရွိေစေရး၊ တုိင္းေဒသႀကီးအစုိးရရန္ပုံေငြရရွိေရး၊ အလုပ္အကုိင္အခြင့္အလမ္းရရွိေရး စတဲ့ ရည္ရြယ္ခ်က္ေတြနဲ႕ ေက်ာက္စိမ္းအေရာင္းၿပပြဲကုိ က်င္းပၿပဳလုပ္တာ ၿဖစ္တယ္လုိ႔ သိရပါတယ္။

ပထမအႀကိမ္ ေက်ာက္စိမ္းအေရာင္းၿပပြဲကုိ စစ္ကုိင္းခရုိင္ခ်င္းဆက္လမ္းရွိ ထက္ေက်ာ္ ကုိယ္ပုိင္ အထက္တန္းေက်ာင္း ဝန္းအတြင္းမွာပင္ ၿပီးခဲ့တဲ့ ႀသဂုတ္လ ၂၇ ရက္ေန႔မွ စက္တင္ဘာလ ၁ ရက္ေန႔ထိ ၆ ရက္တုိင္ က်င္းပခဲ့ၿပီး ပထမအႀကိမ္ က်င္းပတဲ့ ေက်ာက္စိမ္းအေရာင္းၿပပြဲမွာ ကုမၸဏီေပါင္း ၁၀၀ ေက်ာ္ကေန ေက်ာက္စိမ္းအတြဲေပါင္း ၂၀၀၀ ေက်ာ္ ခင္းက်င္းေရာင္းခ်ခဲ့ရာ က်ပ္သိန္းေပါင္း ၂၈၀၀၀ ေက်ာ္ဖုိး ေရာင္းခ်ခဲ့ရတယ္လုိ႕ သိရပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #ေက်ာက္မ်က္ျပပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW