ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာ တိုက်ပွဲ ၁၃ ကြိမ်ထက် မနည်းဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ – ၁၉၊ ၂၀၁၉
အောင်ထူးနိုင်(VOM)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ (ဒီဇင်ဘာ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တိုက်ပွဲဖြစ်ပွားမှု ၁၃ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု နှစ်ဦး ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ(ISP Myanmar) က သိရပါတယ်။

“ဒါဟာ တိုက်ပွဲဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကတော့ ယူဆရခက်ပါတယ်။ လက်နက်ကိုင်ဘက်ကလည်း တစ်မျိုးပြောမယ်၊ အစိုးရဘက်ကလည်း တစ်မျိုးပြောမယ်၊ ဒီလိုအခြေအနေဆိုတော့ ကျွန်တော်တို့က သတင်းစာတို့၊ ဂျာနယ်တို့မှာ ပါပြီးသား သတင်းတွေကိုပဲ အတည်ပြုယူပြီး ပြန်လည်ဖော်ပြတာဖြစ်တယ်” လို့ ISP Myanmar ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက VOM ကို ပြောပါတယ်။

ISP Myanmar က ဖော်ပြတဲ့စာရင်းအရ ဒီဇင်ဘာ ဒုတိယပတ်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုတွေအနက် တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့အကြား ဖြစ်ပွားမှုမှာ အရေအတွက် အများဆုံးဖြစ်ပြီး တပ်မတော်နဲ့ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA) အကြား တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက နမ့်ဆန်မြို့နယ် ကယားလမ်းရွာအနီးမှာ တပ်မတော်နဲ့ TNLA အဖွဲ့တို့ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အခု တိုက်ပွဲဖြစ်ပွားတဲ့ နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာ ပတ်ဝန်းကျင်မှာ လွန်ခဲ့တဲ့ နှစ်လကျော်ကလည်း တပ်မတော်နဲ့ TNLA အဖွဲ့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေ ကျရောက်ခဲ့တာကြောင့် ဒေသခံတွေ နမ့်ဆန်မြို့ ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရတယ်။

နမ့်ဆန်မြို့နယ်အတွင်း တပ်မတော်နဲ့ TNLA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး နိုဝင်ဘာလကလည်း နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာနဲ့အနီးတဝိုက်မှာ TNLA နဲ့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် ပခုံးထမ်း လေယာဉ်ပစ်လက်နက် အပါအဝင် လက်နက်၊ ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိတယ်လို့ တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ ဒုတိယပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမှာ ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြားမြို့နယ်မှာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ထက် မနည်း ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

အရပ်သားသေဆုံးမှုရှိခဲ့တဲ့ တိုက်ပွဲဖြစ်ပွားမှုတွေက မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာ ဒီဇင်ဘာ ၁၁ ရက်ညပိုင်းက တပ်မတော်နဲ့ AA အဖွဲ့တို့ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူသုံးဦး သေဆုံးခဲ့တယ်လို့ ISP Myanmar ကနေသိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်က ဒီဇင်ဘာ ၁၃ ရက် သတင်းထုတ်ပြန်မှုမှာ မင်းပြားမြို့နယ် စိတ္တရကျေးရွာရှိ နေအိမ်တလုံးပေါ်မှ AA အဖွဲ့က တပ်မတော်စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်တာကြောင့် တပ်မတော် အရာရှိတဦး ဒဏ်ရာရရှိခဲ့ပြီး ပစ်ခတ်ခဲ့တဲ့အိမ်မှာ မသင်္ကာဖွယ် အမျိုးသား ၂ ဦး သေဆုံးနေပြီး အမျိုးသား ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ် ရာမောင်တံတားမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ကုလားမတောင်ကျေးရွာအတွင်းကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာသား ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရတယ်။

မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာအနီး သင်းကျစ်တော်တောင်ခြေမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က တပ်မတော်နဲ့ AA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နဖူးသင်းကျစ်တော် ဓာတ်စေတီတော်ရှိတဲ့ တောင်ပေါ်သို့ လက်နက်ကြီးကျည် အများအပြား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရတယ်။

ချင်းပြည်နယ်မှာလည်း ပလက်ဝမြို့နယ်အတွင်း ပလက်ဝစခန်းနဲ့ ပလက်ဝတံတား စီမံကိန်းကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းမှာ AA အဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ AA အဖွဲ့က ပလက်ဝမြို့နယ်အတွင်းရှိ နှုံးဘူးစခန်းကို ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ လာရောက်တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုအတွင်း AA အဖွဲ့ထံမှ အလောင်း ခြောက်လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #IPS #တိုက်ပွဲ

Zawgyi

ဒီဇင္ဘာ ဒုတိယအပတ္ထဲမွာ တိုက္ပြဲ ၁၃ ႀကိမ္ထက္ မနည္းျဖစ္ပြား

ရန္ကုန္၊ ဒီဇင္ဘာ – ၁၉၊ ၂၀၁၉
ေအာင္ထူးႏိုင္(VOM)

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၁ ရက္ေန႔မွ ၁၇ ရက္ေန႔အထိ (ဒီဇင္ဘာ ဒုတိယပတ္)ကာလအတြင္း ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္နဲ႔ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွာ တိုက္ပြဲျဖစ္ပြားမႈ ၁၃ ႀကိမ္ထက္ မနည္းရွိခဲ့ၿပီး အရပ္သားေသဆုံးမႈ ႏွစ္ဦး ရွိခဲ့တယ္လို႔ ျမန္မာ့မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရးအင္စတီက်ဴ(ISP Myanmar) က သိရပါတယ္။

“ဒါဟာ တိုက္ပြဲျဖစ္တယ္၊ မျဖစ္ဘူးဆိုတာကေတာ့ ယူဆရခက္ပါတယ္။ လက္နက္ကိုင္ဘက္ကလည္း တစ္မ်ိဳးေျပာမယ္၊ အစိုးရဘက္ကလည္း တစ္မ်ိဳးေျပာမယ္၊ ဒီလိုအေျခအေနဆိုေတာ့ ကြၽန္ေတာ္တို႔က သတင္းစာတို႔၊ ဂ်ာနယ္တို႔မွာ ပါၿပီးသား သတင္းေတြကိုပဲ အတည္ျပဳယူၿပီး ျပန္လည္ေဖာ္ျပတာျဖစ္တယ္” လို႔ ISP Myanmar ရဲ႕ ျပင္ပဆက္ဆံဆက္သြယ္ေရးဒါ႐ိုက္တာ ဦးေအာင္သူၿငိမ္းက VOM ကို ေျပာပါတယ္။

ISP Myanmar က ေဖာ္ျပတဲ့စာရင္းအရ ဒီဇင္ဘာ ဒုတိယပတ္ကာလအတြင္း တိုက္ပြဲျဖစ္ပြားမႈေတြအနက္ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕(AA)တို႔အၾကား ျဖစ္ပြားမႈမွာ အေရအတြက္ အမ်ားဆုံးျဖစ္ၿပီး တပ္မေတာ္နဲ႔ တအာင္းလက္နက္ကိုင္အဖြဲ႕(TNLA) အၾကား တိုက္ပြဲျဖစ္ပြားမႈေတြလည္း ရွိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)အတြင္း တိုက္ပြဲျဖစ္ပြားမႈမွာ ဒီဇင္ဘာ ၁၃ ရက္ နံနက္ပိုင္းက နမ့္ဆန္ၿမိဳ႕နယ္ ကယားလမ္း႐ြာအနီးမွာ တပ္မေတာ္နဲ႔ TNLA အဖြဲ႕တို႔ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အခု တိုက္ပြဲျဖစ္ပြားတဲ့ နမ့္ဆန္ၿမိဳ႕နယ္ ကယားလမ္းေက်း႐ြာ ပတ္ဝန္းက်င္မွာ လြန္ခဲ့တဲ့ ႏွစ္လေက်ာ္ကလည္း တပ္မေတာ္နဲ႔ TNLA အဖြဲ႕ အၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီးေတြ က်ေရာက္ခဲ့တာေၾကာင့္ ေဒသခံေတြ နမ့္ဆန္ၿမိဳ႕ ေပၚကို ထြက္ေျပးတိမ္းေရွာင္ခဲ့ရတယ္လို႔ သိရတယ္။

နမ့္ဆန္ၿမိဳ႕နယ္အတြင္း တပ္မေတာ္နဲ႔ TNLA တို႔ မၾကာခဏ တိုက္ပြဲျဖစ္ပြားေလ့ရွိၿပီး ႏိုဝင္ဘာလကလည္း နမ့္ဆန္ၿမိဳ႕နယ္ ဟူးခင္ေက်း႐ြာအုပ္စု၊ ဟိုမိန္းေက်း႐ြာနဲ႔အနီးတဝိုက္မွာ TNLA နဲ႔ ထိေတြ႕ပစ္ခတ္မႈေတြ ျဖစ္ခဲ့ၿပီးေနာက္ ပခုံးထမ္း ေလယာဥ္ပစ္လက္နက္ အပါအဝင္ လက္နက္၊ ခဲယမ္း အေျမာက္အျမား သိမ္းဆည္းရမိတယ္လို႔ တပ္မေတာ္က ထုတ္ျပန္ခဲ့ပါတယ္။

ဒီဇင္ဘာ ဒုတိယပတ္အတြင္း တိုက္ပြဲျဖစ္ပြားမႈအမ်ားဆုံးမွာ ရခိုင္ျပည္နယ္(ေျမာက္ပိုင္း) မင္းျပားၿမိဳ႕နယ္မွာ ျဖစ္ၿပီး တိုက္ပြဲျဖစ္ပြားမႈ ၁၀ ႀကိမ္ထက္ မနည္း ရွိခဲ့ပါတယ္။ ဒီတိုက္ပြဲအတြင္း အရပ္သား ႏွစ္ဦး ေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ ၁၀ ဦးေက်ာ္ ရွိခဲ့တယ္လို႔ သိရပါတယ္။

အရပ္သားေသဆုံးမႈရွိခဲ့တဲ့ တိုက္ပြဲျဖစ္ပြားမႈေတြက မင္းျပားၿမိဳ႕နယ္ စိတၱရေက်း႐ြာမွာ ဒီဇင္ဘာ ၁၁ ရက္ညပိုင္းက တပ္မေတာ္နဲ႔ AA အဖြဲ႕တို႔ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအပါအဝင္ လူသုံးဦး ေသဆုံးခဲ့တယ္လို႔ ISP Myanmar ကေနသိရပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္က ဒီဇင္ဘာ ၁၃ ရက္ သတင္းထုတ္ျပန္မႈမွာ မင္းျပားၿမိဳ႕နယ္ စိတၱရေက်း႐ြာရွိ ေနအိမ္တလုံးေပၚမွ AA အဖြဲ႕က တပ္မေတာ္စစ္ေၾကာင္းကို ပစ္ခတ္တိုက္ခိုက္တာေၾကာင့္ တပ္မေတာ္ အရာရွိတဦး ဒဏ္ရာရရွိခဲ့ၿပီး ပစ္ခတ္ခဲ့တဲ့အိမ္မွာ မသကၤာဖြယ္ အမ်ိဳးသား ၂ ဦး ေသဆုံးေနၿပီး အမ်ိဳးသား ၇ ဦးကို ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားမွာ ဒီဇင္ဘာ ၁၁ ရက္ေန႔က တပ္မေတာ္နဲ႔ AA တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တိုက္ပြဲျဖစ္ပြားတဲ့ေနရာအနီးက ကုလားမေတာင္ေက်း႐ြာအတြင္းကို ဒီဇင္ဘာ ၁၁ ရက္ နံနက္ပိုင္းက လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ႐ြာသား ၁၀ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ သိရတယ္။

ေျမာက္ဦးၿမိဳ႕နယ္ ေပါက္ေတာျပင္ေက်း႐ြာအနီး သင္းက်စ္ေတာ္ေတာင္ေျခမွာ ဒီဇင္ဘာ ၁၃ ရက္ေန႔က တပ္မေတာ္နဲ႔ AA အဖြဲ႕တို႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး နဖူးသင္းက်စ္ေတာ္ ဓာတ္ေစတီေတာ္ရွိတဲ့ ေတာင္ေပၚသို႔ လက္နက္ႀကီးက်ည္ အမ်ားအျပား က်ေရာက္ေပါက္ကြဲခဲ့တယ္လို႔ သိရတယ္။

ခ်င္းျပည္နယ္မွာလည္း ပလက္ဝၿမိဳ႕နယ္အတြင္း ပလက္ဝစခန္းနဲ႔ ပလက္၀တံတား စီမံကိန္းကို ဒီဇင္ဘာ ၁၁ ရက္ နံနက္ပိုင္းမွာ AA အဖြဲ႕က လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ တပ္မေတာ္က ဒီဇင္ဘာ ၁၂ ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

တပ္မေတာ္ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ AA အဖြဲ႕က ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ႏႈံးဘူးစခန္းကို ဒီဇင္ဘာ ၉ ရက္နဲ႔ ၁၀ ရက္တို႔မွာ လာေရာက္တိုက္ခိုက္ခဲ့ၿပီး ဒီတိုက္ခိုက္မႈအတြင္း AA အဖြဲ႕ထံမွ အေလာင္း ေျခာက္ေလာင္းနဲ႔ လက္နက္ခဲယမ္းေတြ သိမ္းဆည္းရမိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #IPS #တိုက္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW