နိုင်ငံတော်အတိုင်ပင်ခံခရီးစဉ်အတွင်း မာန်အောင်မြို့မှာ မိုင်းသုံးလုံးပေါက်ကွဲ

မာန်အောင်၊ ဒီဇင်ဘာ ၁၉- ၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက မာန်အောင်မြို့မှာ လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရေးအတွက် ဆိုလာစနစ်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ဖွင့်လှစ်ပေးဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီကနေမနက်ပိုင်းက တက်ရောက်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီခရီးစဉ်မတိုင်မီ နာရီပိုင်းအလို မနက် ၆ နာရီခွဲခန့်က မာန်အောင်မြို့ပေါ်တစ်နေရာမှာ မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတွေကို တင်းကျပ်ထားခဲ့ရတယ်လို့ သိရပါတယ်။

“မနက် ၆ နာရီကျော်လောက်မှာ ပေါက်ကွဲသံ သံုံးချက်ဆက်တိုင်းကြားလိုက်ရတယ်။ မိုင်းပေါက်တယ်လို့တော့ သတင်းရပါတယ်။ ကျွန်တော်တို့လည်း သွားမကြည့်ရဲဘူး။ လူထိခိုက်မှုတွေတော့မရှိဘူး”လို့ မာန်အောင်ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းပေါက်ကွဲတဲ့နေရာဟာ ဆိုလာလျှပ်စစ်မီးစက်ရုံဖွင့်ပွဲသို့ သွားရာလမ်းမှာရှိတဲ့ မာန်အောင်ဟိုတယ်အနီးက သင်္ချိုင်းနေရာ လမ်းဘေးမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အတည်ပြုပြောဆိုပါတယ်။

“မိုင်းကွဲတာဟုတ်ပါတယ်။ ဘယ်အဖွဲ့အစည်းကလုပ်တာလဲ။ ဘယ်သူတွေလဲဆိုတာတော့ အတည်ပြုပြေားဖို့ခက်ပါတယ်။ မိုင်းက သုံးလုံးကွဲတာပါ။ ဟိုတယ်နဲ့ လေယာဉ်ကွင်းအစပ်မှာကွဲတာပါ။”လို့ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

မာန်အောင်မြို့ဟာ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသက သီးခြားတည်ရှိနေတဲ့ မင်လယ်ကျွန်းမြို့တစ်မြို့ဖြစ်ပြီး အဲ့ဒီဒေသမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသမဟုတ်ဘဲ အခုလိုပေါက်ကွဲမှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။

ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ မနက် ၉ နာရီလောက်မှာ ရောက်ရှိလာခဲ့ပြီး စက်ရုံဖွင့်လှစ်ပေးခဲ့ကာ ဒေသခံတွေနဲ့ လူထုတွေ့ဆုံပွဲတစ်ခုကိုပြုလုပ်ပြီးတော့ ၁၁ နာရီခွဲလောက်မှာ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ အစိုးရအဖွဲ့ကပြောပါတယ်။

#VOM #voiceofmyanmar #မာန်အောင် #အတိုင်ပင်ခံ #ခရီးစဉ် #မိုင်းကွဲ

Zawgyi

ႏုိင္ငံေတာ္အတုိင္ပင္ခံခရီးစဥ္အတြင္း မာန္ေအာင္ၿမိဳ႕မွာ မိုင္းသံုးလံုးေပါက္ကြဲ

မာန္ေအာင္၊ ဒီဇင္ဘာ ၁၉- ၂၀၁၉
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္ေတာင္ပိုင္းေဒသက မာန္ေအာင္ၿမိဳ႕မွာ လွ်ပ္စစ္မီးျဖန္႔ျဖဴးႏုိင္ေရးအတြက္ ဆိုလာစနစ္သံုး လွ်ပ္စစ္ဓါတ္အားေပးစက္ရံုကို ဖြင့္လွစ္ေပးဖုိ႔အတြက္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဒီကေနမနက္ပိုင္းက တက္ေရာက္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီခရီးစဥ္မတုိင္မီ နာရီပိုင္းအလို မနက္ ၆ နာရီခြဲခန္႔က မာန္ေအာင္ၿမိဳ႕ေပၚတစ္ေနရာမွာ မိုင္းသံုးလံုးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လံုၿခံဳေရးေတြကို တင္းက်ပ္ထားခဲ့ရတယ္လို႔ သိရပါတယ္။

“မနက္ ၆ နာရီေက်ာ္ေလာက္မွာ ေပါက္ကြဲသံ သံံုးခ်က္ဆက္တိုင္းၾကားလိုက္ရတယ္။ မိုင္းေပါက္တယ္လို႔ေတာ့ သတင္းရပါတယ္။ ကၽြန္ေတာ္တုိ႔လည္း သြားမၾကည့္ရဲဘူး။ လူထိခိုက္မႈေတြေတာ့မရွိဘူး”လို႔ မာန္ေအာင္ေဒသခံတစ္ဦးက ေျပာပါတယ္။

မိုင္းေပါက္ကြဲတဲ့ေနရာဟာ ဆိုလာလွ်ပ္စစ္မီးစက္ရံုဖြင့္ပြဲသို႔ သြားရာလမ္းမွာရွိတဲ့ မာန္ေအာင္ဟိုတယ္အနီးက သခၤ်ိဳင္းေနရာ လမ္းေဘးမွာ ေပါက္ကြဲခဲ့တာျဖစ္တယ္လို႔ ရခုိင္ျပည္နယ္ အစိုးရအဖြဲ႔က အတည္ျပဳေျပာဆိုပါတယ္။

“မိုင္းကြဲတာဟုတ္ပါတယ္။ ဘယ္အဖြဲ႔အစည္းကလုပ္တာလဲ။ ဘယ္သူေတြလဲဆိုတာေတာ့ အတည္ျပဳေျပားဖုိ႔ခက္ပါတယ္။ မိုင္းက သံုးလံုးကြဲတာပါ။ ဟိုတယ္နဲ႔ ေလယာဥ္ကြင္းအစပ္မွာကြဲတာပါ။”လို႔ ဝန္ႀကီး ဦးဝင္းျမင့္က ေျပာပါတယ္။

မာန္ေအာင္ၿမိဳ႕ဟာ ရခိုင္ျပည္နယ္ ေတာင္ပိုင္းေဒသက သီးျခားတည္ရွိေနတဲ့ မင္လယ္ကၽြန္းၿမိဳ႕တစ္ၿမိိဳ႕ျဖစ္ၿပီး အဲဲ့ဒီေဒသမွာ တိုက္ပြဲျဖစ္ပြားေနတဲ့ ေဒသမဟုတ္ဘဲ အခုလိုေပါက္ကြဲမႈျဖစ္ပြားခဲ့တာနဲ႔ပတ္သက္လို႔ ေဝဖန္မႈေတြလည္းရွိေနတာျဖစ္ပါတယ္။

ေပါက္ကြဲမႈေတြျဖစ္ပြားခဲ့ေပမယ့္ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကေတာ့ မနက္ ၉ နာရီေလာက္မွာ ေရာက္ရွိလာခဲ့ၿပီး စက္ရံုဖြင့္လွစ္ေပးခဲ့ကာ ေဒသခံေတြနဲ႔ လူထုေတြ႔ဆံုပြဲတစ္ခုကိုျပဳလုပ္ၿပီးေတာ့ ၁၁ နာရီခြဲေလာက္မွာ ျပန္လည္ထြက္ခြာသြားခဲ့တယ္လို႔ အစိုးရအဖြဲ႔ကေျပာပါတယ္။

#VOM #voiceofmyanmar #မာန္ေအာင္ #အတိုင္ပင္ခံ #ခရီးစဥ္ #မိုင္းကြဲ

Related posts

Leave a Comment

VOM News

FREE
VIEW