မန္တလေးမြို့ ကလေးဆေးရုံကြီးမှာ အသည်းအစားထိုး ခွဲစိတ်ကုသမှုလုပ်နိုင်ဖို့ ဆောင်ရွက်နေ

ရန်ကုန် ဒီဇင်ဘာ ၁၉-၂၀၁၉
သိဂီ ၤ(VOM)
မန္တလေးမြို့ ကလေးဆေးရုံကြီးမှာ အသည်းအစားထိုး ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်နိုင်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ဂျပန်နိုင်ငံနဲ့ပူးပေါင်းပြီး ယခုနှစ်၂၀၁၉ ခုနှစ်အတွင်းက ရန်ကုန်ကလေးဆေးရုံကြီးမှာ အသည်းအစားထိုးခွဲစိတ်မှု (၃) ကြိမ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်နည်းတူ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ မန္တလေးရဲ့ ကလေးဆေးရုံကြီးမှာလည်း အသည်းအစားထိုးခွဲစိတ်ကုသမှုတွေ ဆောင်ရွက်နိုင်ဖို့တွက် ဆေးနှင့် ဆေးနှီးနွှယ် ဘာသာရပ်စုံပါဝင်သော အဖွဲ့ကို ဖွဲ့စည်းထားရှိပြီးဖြစ်တယ်လို့သိရပါတယ်။

“ဒီလို ခက်ခဲရှုပ်ထွေးတဲ့ အသည်းအစားထိုး ခွဲစိတ်ကုသမှုတွေကို မြန်မာနိုင်ငံမှာ ဆာင်ရွက်နိုင်လာတာဟာ ဂုဏ်ယူစရာတစ်ခုပါ။လာမယ့် ဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနအနေနဲ့ ဖွဲ့စည်းထားရှိတဲ့ ဆေးပညာဘာသာရပ်အသီးသီးက ဘာသာရပ်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့တွေရဲ့ အကြံပြုချက်တွေကိုရယူပြီး ဆေးဝါး၊ ဆေးပစ္စည်းနှင့် စက်ကိရိယာတွေကို ဝယ်ယူသွားမှာဖြစ်တယ်” လို့ ဒီဇင်ဘာလ ၁၈ ရက်တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အသည်းနှင့်သည်းခြေလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှု (hepatobiliary surgery) နဲ့ အခြားခွဲစိတ်ကုသမှုတွေကို ပူးပေါင်းဆောင်ရွက်မှု (joint operation) အနေဖြင့် ရန်ကုန်ကလေးဆေးရုံကြီးမှာ၂၀၁၆ခုနှစ်ကတည်းက စတင်ခဲ့ပြီး ခွဲစိတ်ကုသမှုအဖြစ် ၄ ကြိမ်ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့ပြင် ၂၀၁၈ ခုနှစ်ထဲမှာလည်း မြန်မာနိုင်ငံက အသည်းအစားထိုး ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်တဲ့ကလေးငယ်တစ်ဦးကို ဂျပန်နိုင်ငံ၊ Kyushu University Hospital ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုကို လုပ်ဆောင်ခဲ့ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်တဲ့ Japan Heart အဖွဲ့ နဲ့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးထားပါတယ်။

ဒီMOU အရ အဲ့ဒီအဖွဲ့အစည်းဟာ ဂျပန်နိုင်ငံက အထူးကုဆရာဝန်ကြီးတွေကို မြန်မာနိုင်ငံဖိတ်ကြားပြီး သက်ဆိုင်ရာဒေသခံ ဆရာဝန်ကြီးတွေနဲ့အတူပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

Photo – MOHSM
#VOM #voiceofmyanmar #ရန်ကုန် #အသည်းအစားထိုး #ကျန်းမာရေး

Zawgyi

မႏၲေလးၿမိဳ႕ ကေလးေဆး႐ုံႀကီးမွာ အသည္းအစားထိုး ခြဲစိတ္ကုသမွုလုပ္နိုင္ဖို႔ ေဆာင္ရြက္ေန

ရန္ကုန္ ဒီဇင္ဘာ ၁၉-၂၀၁၉
သိဂီ ၤ(VOM)
မႏၲေလးၿမိဳ႕ ကေလးေဆး႐ုံႀကီးမွာ အသည္းအစားထိုး ခြဲစိတ္ကုသမွုေတြ လုပ္ေဆာင္နိုင္ဖို႕ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက စီစဥ္ေဆာင္ရြက္သြားမယ္လို႕ သိရပါတယ္။

ျမန္မာနိုင္ငံမွာ အသည္းအစားထိုး ခြဲစိတ္ကုသမွုကို ဂ်ပန္နိုင္ငံနဲ႔ပူးေပါင္းၿပီး ယခုႏွစ္၂၀၁၉ ခုႏွစ္အတြင္းက ရန္ကုန္ကေလးေဆး႐ုံႀကီးမွာ အသည္းအစားထိုးခြဲစိတ္မႈ (၃) ႀကိမ္ လုပ္ေဆာင္နိုင္ခဲ့ပါတယ္။ ဒါေႀကာင့္ ရန္ကုန္နည္းတူ ျမန္မာနိုင္ငံရဲ႕ ဒုတိယၿမိဳ႕ေတာ္ျဖစ္တဲ႕ မႏၱေလးရဲ႕ ကေလးေဆး႐ုံႀကီးမွာလည္း အသည္းအစားထိုးခြဲစိတ္ကုသမွုေတြ ေဆာင္ရြက္နိုင္ဖို႕တြက္ ေဆးႏွင့္ ေဆးႏွီးႏႊယ္ ဘာသာရပ္စုံပါဝင္ေသာ အဖြဲ႕ကို ဖြဲ႕စည္းထားရွိၿပီးျဖစ္တယ္လို႕သိရပါတယ္။

“ဒီလို ခက္ခဲရွုပ္ေထြးတဲ႕ အသည္းအစားထိုး ခြဲစိတ္ကုသမွုေတြကို ျမန္မာနိုင္ငံမွာ ဆာင္ရြက္နိုင္လာတာဟာ ဂုဏ္ယူစရာတစ္ခုပါ။လာမယ့္ ဘ႑ာႏွစ္မွာ ဝန္ႀကီးဌာနအေနနဲ႕ ဖြဲ႕စည္းထားရွိတဲ႕ ေဆးပညာဘာသာရပ္အသီးသီးက ဘာသာရပ္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ေတြရဲ႕ အႀကံျပဳခ်က္ေတြကိုရယူၿပီး ေဆးဝါး၊ ေဆးပစၥည္းႏွင့္ စက္ကိရိယာေတြကို ဝယ္ယူသြားမွာျဖစ္တယ္” လို႕ ဒီဇင္ဘာလ ၁၈ ရက္ေတြ႔ဆုံေဆြးေႏြးပြဲမွာ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာ အသည္းႏွင့္သည္းေျခလမ္းေၾကာင္းဆိုင္ရာ ခြဲစိတ္ကုသမွု (hepatobiliary surgery) နဲ႔ အျခားခြဲစိတ္ကုသမႈေတြကို ပူးေပါင္းေဆာင္ရြက္မွု (joint operation) အေနျဖင့္ ရန္ကုန္ကေလးေဆး႐ုံႀကီးမွာ၂၀၁၆ခုႏွစ္ကတည္းက စတင္ခဲ႕ၿပီး ခြဲစိတ္ကုသမႈအျဖစ္ ၄ ႀကိမ္ေဆာင္ရြက္ခဲ့ပါတယ္။

ဒါ႕ျပင္ ၂၀၁၈ ခုႏွစ္ထဲမွာလည္း ျမန္မာနိုင္ငံက အသည္းအစားထိုး ခြဲစိတ္ကုသမွုခံယူဖို႕ လိုအပ္တဲ့ကေလးငယ္တစ္ဦးကို ဂ်ပန္နိုင္ငံ၊ Kyushu University Hospital ေဆး႐ုံႀကီးမွာ ခြဲစိတ္ကုသမွုကို လုပ္ေဆာင္ခဲ့ပါတယ္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနဟာ ဂ်ပန္နိုင္ငံ၊ တိုက်ိဳၿမိဳ့ အေျခစိုက္ အျပည္ျပည္ဆိုင္ရာ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းျဖစ္တဲ႕ Japan Heart အဖြဲ႕ နဲ႔ နားလည္မွုစာခၽြန္လႊာ (MOU) လက္မွတ္ေရးထိုးထားပါတယ္။

ဒီMOU အရ အဲ႕ဒီအဖြဲ႕အစည္းဟာ ဂ်ပန္နိုင္ငံက အထူးကုဆရာဝန္ႀကီးေတြကို ျမန္မာနိုင္ငံဖိတ္ၾကားၿပီး သက္ဆိုင္ရာေဒသခံ ဆရာဝန္ႀကီးေတြနဲ႕အတူပူးေပါင္းကာ က်န္းမာေရးေစာင့္ေရွာက္မွု လုပ္ငန္းေတြကို ေဆာင္ရြက္ေပးေနတာျဖစ္ပါတယ္။

Photo – MOHSM
#VOM #voiceofmyanmar #ရန္ကုန္ #အသည္းအစားထိုး #က်န္းမာေရး

Related posts

Leave a Comment

VOM News

FREE
VIEW