ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တစ်နှစ်ပတ်လုံး ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး

သူရဟိန်း

ရာသီတုပ်ကွေးဆိုတာ လူတစ်ဦးကနေ တစ်ဦးဆီကို လွယ်ကူစွာကူးစက်နိုင်တဲ့ ပြင်းထန်သောဗိုင်းရပ်ကူးစက်မှှု ဖြစ်ပါတယ်။

ကျွန်တော်တို့ ထင်ထားတာထက် ပိုမိုပြင်းထန်ပြီး ကူးစက်ခံရတဲ့သူ အများစုဟာ ဆေးရုံ၊ဆေးခန်းမှာ ဆေးကုသမှုခံယူရတဲ့အထိ ဖြစ်ပွားနိုင်ကာ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသူတိုင်း အလွယ်တကူ ဖျားနာတတ်ကြတာလည်း ဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ မှ သြဂုတ်လ ၁၀ရက်နေ့အထိ ပြည်သူများအကြား တုပ်ကွေးကူးစက်မှှုဟာ ၁၃,၀၄၈ ဖြစ်ပြီး သေဆုံးသူ ၆၈ဦး ရှိခဲ့ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီးသည် ကူးစက်မှှုအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင် ပြည်နယ် နှင့် မွန်ပြည်နယ်တို့မှာ ကူးစက်မှုခံရမှုဒုတိယအများဆုံး ဖြစ်ပါတယ်။

WHO ရဲ့ ထုတ်ပြန်ကြေညာချက်အရ ဗိုင်းရပ်စ်သည် တစ်နိုင်ငံလုံးအတိုင်းအတာအရ မည်သည့် အသက်အရွယ် အပိုင်းအခြားမဆို ကူးစက်နိုင်ပြီး နားမကျန်း ဖြစ်နိုင်တဲ့အပြင် သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါတယ်။

အသက်အန္တရာယ် စိုးရိမ်ရတဲ့ အသက်အရွယ်အပိုင်းအခြားတွေကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ (အသက် ၆၅နှစ် နှင့် အထက်)၊ အသက် ၆လ မှ အသက် ၅ နှစ် အတွင်း ကလေးသူငယ်များ၊ နာတာရှည် ဆေးကုသမှှု ခံယူထားသူများ၊ နာတာရှည် ကျန်းမားရေး အခြေအနေရှိသူတွေပဲ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးခြင်းသည် ရောဂါကူးစက်မှုနဲ့ တုပ်ကွေးကြောင့်ဖြစ်သော ပြင်းထန်တဲ့ရောဂါများ၊ ရလဒ်များ ကာကွယ်ရန် ထိရောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ ဒါ့အပြင် တုပ်ကွေးဗိုင်းရပ်စ်ရဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးကို WHO နဲ့ ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားတာဖြစ်ပါတယ်။

ပြင်းထန်သော တုပ်ကွေးရောဂါဟာ ကူးစက်ဖို့အခြေအနေများသူတွေနဲ့ အထက်မှာဖော်ပြထားတဲ့ အသက်အရွယ်၊ အခြေအနေရှိသူတွေအတွက် အထူးအရေးပါပါတယ်။

တုပ်ကွေးရောဂါကာကွယ်ဆေးသည် ကူးစက်ခံထားရတဲ့ ဗိုင်းရပ်စ် နဲ့ ကာကွယ်ဆေးမှာပါဝင်တဲ့ ဗိုင်းရပ်စ် ကိုက်ညီမှှုရှိပါက ပိုမိုထိရောက်တာဖြစ်ပါတယ်။

WHOသည် ကမ္ဘာတစ်ဝန်းက မျိုးစိတ်ဗီဇကို ရှာဖွေကာ သုသေတနပြုလုပ်ပြီး လာမယ့်နှစ်အတွက် အနီးစပ်ဆုံး ကိုက်ညီမယ့် မျိုးစိတ်ဗီဇတူကာကွယ်ဆေးကို ထုတ်လုပ်တာဖြစ်တဲ့အတွက် ကာကွယ်ဆေးအများစုဟာ ဖြစ်ပွားတဲ့ဗိုင်းရပ်စ် နဲ့ ကိုက်ညီမှုရှိနေတာ ဖြစ်ပါတယ်။

ယခုနှစ်အတွက် ကာကွယ်ဆေးထိုးပေးနေသော်လည်း တုပ်ကွေးဗိုင်းရပ်စ်မှာပါဝင်တဲ့ ပဋိပစ္စည်း (antigen) ဟာ မကြာခနပြောင်းလဲနေတဲ့အတွက် တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ် ထိုးပေးခြင်းဖြင့် နောင်နှစ်များတွင် ဖြစ်ပေါ်လာမယ့် ဗိုင်းရပ်စ်မျိုးစိတ်သစ်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဆေးထိုးထားတဲ့နေရာမှာလည်း နာကျင်ခြင်း နဲ့ အနီစက်ဖြစ်တာကလွဲပြီး အခြားဘေးထွက်ဆိုးကျိုးများမရှိဘူးလို့လည်း သိရပါတယ်။

“တုပ်ကွေးကာကွယ်ဆေးကို အသက် ၆လမှ စတင်ထိုးနိုင်ပါတယ်။ အသက် ၉ နှစ်အောက် ကလေးတွေ အတွကကတော့ စပြီ်းထိုးတဲ့နှစ်မှာ တစ်လခြားပြီး ၂ကြိမ် ထိုးရပါမယ်။ နောက်နှစ်တွေမှာတော့ တစ်ကြိမ်ပဲ လိုအပ်ပါတယ်။ လူတိုင်း တုပ်ကွေး ကာကွယ်ဆေး ထိုးထားဖို့လိုအပ်ပြီး အသက် ၅ နှစ်အောက် ကလေးတွေ၊ အသက် ၆၅နှစ် အထက် လူကြီးတွေ၊ နာတာရှည် နှလုံးရောဂါသည်တွေ၊ အဆုတ် ရောဂါ၊ သွေးအားနည်းရောဂါ၊ ဆီးချိုသွေးတိုးနဲ့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ မဖြစ်မနေ ထိုးသင့်ပါတယ်။”လို့ ဒေါက်တာ စောဝင်း (ကလေးကျန်းမာရေး)ကပြောပါတယ်။

ရာသီတုပ်ကွေးကို ကာကွယ်ဆေးထိုးခြင်း နဲ့ ဗိုင်းရပ်စ်ကုသမှှုအပြင် ရိုးရှင်းလွယ်ကူသော တစ်ကိုယ်ရည် ကာကွယ် စောင့်ရှောက်မှှုတွေနဲ့လည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

• ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့ လက်များကို သန့်ရှင်းအောင် ပုံမှန် ဆေးကြောခြင်းနှင့် ခြောက်သွေ့အောင် ထားခြင်း၊ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်ခြင်းမရှိစေရန် သန့်ရှင်းစွာ နေထိုင်ခြင်း ၊ ချောင်းဆိုး၊ နှာချေရာတွင် ပါးစပ် နှင့် နှာခေါင်း ကို တစ်ရှူးဖြင့် ဖုံးထားခြင်း၊ အသုံးပြုပြီးသား တစ်ရှူးများကို စနစ်တကျမှန်ကန်စွာ စွန့်ပစ်ခြင်း၊ ဖျားနာခြင်း နှင့် အခြား တုပ်ကွေး လက္ခဏာ ခံစားနေရသူများအား ခွဲခြားကုသခြင်း၊ ဖျားနာသူများ နှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ခြင်း၊ ဖျားနာသူများ၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်များအား ထိတွေ့ခြင်းကို ရှောင်ကြဉ်ခြင်း စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

“ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်ပါတယ်။ ရာသီတုပ်ကွေးဟာ တစ်နှစ်ပတ်လုံး ဖြစ်ပွားနေပြီး အန္တရာယ်ရှိတဲ့ တုပ်ကွေးဟာ လူတိုင်းမှာ ဖြစ်ပွားနိုင်ပါတယ်။ နှစ်စဉ် ကာကွယ်ဆေး မပျက်မကွက်ထိုးပြီး တစ်ကိုယ်ရည် ကာကွယ် စောင့်ရှောက်မှုတွေကို ပြုလုပ်ပေးပါ။်” ဟု ဒေါက်တာ စောဝင်း မှ အသိပေးပြောကြားထားတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရာသီတုပ်ကွေး #ဆောင်းပါး

Zawgyi

ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ တစ္ႏွစ္ပတ္လုံး ျဖစ္ပြားေနတဲ့ ရာသီတုပ္ေကြး

သူရဟိန္း

ရာသီတုပ္ေကြးဆိုတာ လူတစ္ဦးကေန တစ္ဦးဆီကို လြယ္ကူစြာကူးစက္ႏိုင္တဲ့ ျပင္းထန္ေသာဗိုင္းရပ္ကူးစက္မွႈ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ ထင္ထားတာထက္ ပိုမိုျပင္းထန္ၿပီး ကူးစက္ခံရတဲ့သူ အမ်ားစုဟာ ေဆး႐ုံ၊ေဆးခန္းမွာ ေဆးကုသမႈခံယူရတဲ့အထိ ျဖစ္ပြားႏိုင္ကာ တုပ္ေကြးဗိုင္းရပ္စ္ ကူးစက္ခံရသူတိုင္း အလြယ္တကူ ဖ်ားနာတတ္ၾကတာလည္း ျဖစ္ပါတယ္။

က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလ ၁ရက္ေန႔ မွ ၾသဂုတ္လ ၁၀ရက္ေန႔အထိ ျပည္သူမ်ားအၾကား တုပ္ေကြးကူးစက္မွႈဟာ ၁၃,၀၄၈ ျဖစ္ၿပီး ေသဆုံးသူ ၆၈ဦး ရွိခဲ့ပါတယ္။ ဧရာဝတီ တိုင္းေဒသႀကီးသည္ ကူးစက္မွႈအမ်ားဆုံးျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကခ်င္ ျပည္နယ္ ႏွင့္ မြန္ျပည္နယ္တို႔မွာ ကူးစက္မွဳခံရမွဳဒုတိယအမ်ားဆံုး ျဖစ္ပါတယ္။

WHO ရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ ဗိုင္းရပ္စ္သည္ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ မည္သည့္ အသက္အ႐ြယ္ အပိုင္းအျခားမဆို ကူးစက္ႏိုင္ၿပီး နားမက်န္း ျဖစ္ႏိုင္တဲ့အျပင္ ေသဆုံးသည္အထိ ျဖစ္ပြားနိုင္ပါတယ္။

အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ အသက္အ႐ြယ္အပိုင္းအျခားေတြကေတာ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ား၊ သက္ႀကီး႐ြယ္အိုမ်ား (အသက္ ၆၅ႏွစ္ ႏွင့္ အထက္)၊ အသက္ ၆လ မွ အသက္ ၅ ႏွစ္ အတြင္း ကေလးသူငယ္မ်ား၊ နာတာရွည္ ေဆးကုသမွႈ ခံယူထားသူမ်ား၊ နာတာရွည္ က်န္းမားေရး အေျခအေနရွိသူေတြပဲ ျဖစ္ပါတယ္။

ကာကြယ္ေဆးထိုးျခင္းသည္ ေရာဂါကူးစက္မႈနဲ႔ တုပ္ေကြးေၾကာင့္ျဖစ္ေသာ ျပင္းထန္တဲ့ေရာဂါမ်ား၊ ရလဒ္မ်ား ကာကြယ္ရန္ ထိေရာက္တဲ့နည္းလမ္း ျဖစ္ပါတယ္။ ဒါ့အျပင္ တုပ္ေကြးဗိုင္းရပ္စ္ရဲ႕ ျပင္းထန္တဲ့ အက်ိဳးဆက္ေတြကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ တုပ္ေကြးကာကြယ္ေဆးကို WHO နဲ႔ ျပည္သူ႔ က်န္းမာေရးဝန္ႀကီးဌာနက အႀကံျပဳထားတာျဖစ္ပါတယ္။

ျပင္းထန္ေသာ တုပ္ေကြးေရာဂါဟာ ကူးစက္ဖို႔အေျခအေနမ်ားသူေတြနဲ႔ အထက္မွာေဖာ္ျပထားတဲ့ အသက္အ႐ြယ္၊ အေျခအေနရွိသူေတြအတြက္ အထူးအေရးပါပါတယ္။

တုပ္ေကြးေရာဂါကာကြယ္ေဆးသည္ ကူးစက္ခံထားရတဲ့ ဗိုင္းရပ္စ္ နဲ႔ ကာကြယ္ေဆးမွာပါဝင္တဲ့ ဗိုင္းရပ္စ္ ကိုက္ညီမွႈရွိပါက ပိုမိုထိေရာက္တာျဖစ္ပါတယ္။

WHOသည္ ကမာၻတစ္ဝန္းက မ်ိဳးစိတ္ဗီဇကို ရွာေဖြကာ သုေသတနျပဳလုပ္ၿပီး လာမယ့္ႏွစ္အတြက္ အနီးစပ္ဆုံး ကိုက္ညီမယ့္ မ်ိဳးစိတ္ဗီဇတူကာကြယ္ေဆးကို ထုတ္လုပ္တာျဖစ္တဲ့အတြက္ ကာကြယ္ေဆးအမ်ားစုဟာ ျဖစ္ပြားတဲ့ဗိုင္းရပ္စ္ နဲ႔ ကိုက္ညီမႈရွိေနတာ ျဖစ္ပါတယ္။

ယခုႏွစ္အတြက္ ကာကြယ္ေဆးထိုးေပးေနေသာ္လည္း တုပ္ေကြးဗိုင္းရပ္စ္မွာပါဝင္တဲ့ ပဋိပစၥည္း (antigen) ဟာ မၾကာခနေျပာင္းလဲေနတဲ့အတြက္ တုပ္ေကြးကာကြယ္ေဆးကို ႏွစ္စဥ္ ထိုးေပးျခင္းျဖင့္ ေနာင္ႏွစ္မ်ားတြင္ ျဖစ္ေပၚလာမယ့္ ဗိုင္းရပ္စ္မ်ိဳးစိတ္သစ္ေတြကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။ ေဆးထိုးထားတဲ့ေနရာမွာလည္း နာက်င္ျခင္း နဲ႔ အနီစက္ျဖစ္တာကလြဲၿပီး အျခားေဘးထြက္ဆိုးက်ိဳးမ်ားမရွိဘူးလို႔လည္း သိရပါတယ္။

“တုပ္ေကြးကာကြယ္ေဆးကို အသက္ ၆လမွ စတင္ထိုးႏိုင္ပါတယ္။ အသက္ ၉ ႏွစ္ေအာက္ ကေလးေတြ အတြကကေတာ့ စၿပီ္းထိုးတဲ့ႏွစ္မွာ တစ္လျခားၿပီး ၂ႀကိမ္ ထိုးရပါမယ္။ ေနာက္ႏွစ္ေတြမွာေတာ့ တစ္ႀကိမ္ပဲ လိုအပ္ပါတယ္။ လူတိုင္း တုပ္ေကြး ကာကြယ္ေဆး ထိုးထားဖို႔လိုအပ္ၿပီး အသက္ ၅ ႏွစ္ေအာက္ ကေလးေတြ၊ အသက္ ၆၅ႏွစ္ အထက္ လူႀကီးေတြ၊ နာတာရွည္ ႏွလုံးေရာဂါသည္ေတြ၊ အဆုတ္ ေရာဂါ၊ ေသြးအားနည္းေရာဂါ၊ ဆီးခ်ိဳေသြးတိုးနဲ႔ ကိုယ္ဝန္ေဆာင္ေတြ အေနနဲ႔ မျဖစ္မေန ထိုးသင့္ပါတယ္။”လို႔ ေဒါက္တာ ေစာဝင္း (ကေလးက်န္းမာေရး)ကေျပာပါတယ္။

ရာသီတုပ္ေကြးကို ကာကြယ္ေဆးထိုးျခင္း နဲ့ ဗိုင္းရပ္စ္ကုသမွႈအျပင္ ႐ိုးရွင္းလြယ္ကူေသာ တစ္ကိုယ္ရည္ ကာကြယ္ ေစာင့္ေရွာက္မွႈေတြနဲ႔လည္း ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

• ကာကြယ္နိုင္တဲ့နည္းလမ္းေတြကေတာ့ လက္မ်ားကို သန႔္ရွင္းေအာင္ ပုံမွန္ ေဆးေၾကာျခင္းႏွင့္ ေျခာက္ေသြ႕ေအာင္ ထားျခင္း၊ အသက္ရႉလမ္းေၾကာင္းမွတဆင့္ ကူးစက္ျခင္းမရွိေစရန္ သန႔္ရွင္းစြာ ေနထိုင္ျခင္း ၊ ေခ်ာင္းဆိုး၊ ႏွာေခ်ရာတြင္ ပါးစပ္ ႏွင့္ ႏွာေခါင္း ကို တစ္ရႉးျဖင့္ ဖုံးထားျခင္း၊ အသုံးျပဳၿပီးသား တစ္ရႉးမ်ားကို စနစ္တက်မွန္ကန္စြာ စြန႔္ပစ္ျခင္း၊ ဖ်ားနာျခင္း ႏွင့္ အျခား တုပ္ေကြး လကၡဏာ ခံစားေနရသူမ်ားအား ခြဲျခားကုသျခင္း၊ ဖ်ားနာသူမ်ား ႏွင့္ အနီးကပ္ထိေတြ႕ျခင္းကို ေရွာင္ၾကဥ္ျခင္း၊ ဖ်ားနာသူမ်ား၏ မ်က္လုံး၊ ႏွာေခါင္းႏွင့္ ပါးစပ္မ်ားအား ထိေတြ႕ျခင္းကို ေရွာင္ၾကဥ္ျခင္း စတဲ့အခ်က္ေတြပဲ ျဖစ္ပါတယ္။

“ႀကိဳတင္ကာကြယ္ျခင္းက ကုသျခင္းထက္ ပိုထိေရာက္ပါတယ္။ ရာသီတုပ္ေကြးဟာ တစ္ႏွစ္ပတ္လုံး ျဖစ္ပြားေနၿပီး အႏၲရာယ္ရွိတဲ့ တုပ္ေကြးဟာ လူတိုင္းမွာ ျဖစ္ပြားႏိုင္ပါတယ္။ ႏွစ္စဥ္ ကာကြယ္ေဆး မပ်က္မကြက္ထိုးၿပီး တစ္ကိုယ္ရည္ ကာကြယ္ ေစာင့္ေရွာက္မႈေတြကို ျပဳလုပ္ေပးပါ။္” ဟု ေဒါက္တာ ေစာဝင္း မွ အသိေပးေျပာၾကားထားတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရာသီတုပ္ေကြး #ေဆာင္းပါး

Related posts

Leave a Comment

VOM News

FREE
VIEW