ပထမ အင်းဝခေတ်ကို တည်ထောင်ခဲ့တဲ့ သတိုးမင်းဖျားကြေးရုပ်တုကို တံတားဦးမြို့မှာထားရှိ

 

မန္တလေး ဒီဇင်ဘာ ၂၀-၂၀၁၉
မောင်တာရာ (VOM)

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ဥတည်ကျေးရွာအုပ်စု၊ လေသာရပ်အနီး၊စည်တိုပုံမြို့ရိုးအတွင်းမှာ ပထမ အင်းဝမြို့ကို တည်ထောင်ခဲ့တဲ့ မြို့တည်၊နန်းတည်ဘုရင် သတိုးမင်းဖျားကြေးရုပ်တုကို ဒီကနေ့မနက်ပိုင်းက ဖွင့်လှစ်ထားရှိခဲ့ပါတယ်။

သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရရဲ့ ဦးဆောင်လမ်းညွန်မှုနဲ့ ပြုလုပ်ခဲ့တာပြီး၊အခုနှစ် မေလအတွင်းက စိုက်ထူထားခဲ့ပြီး တည်ဆောက်ခဲ့ရာ ဒီကနေ့မှာ ဖွင့်ပွဲအခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

”သတိုးမင်းဖျားနန်းစံခဲ့တဲ့ ပထမအင်းဝခေတ်တင် မကပဲနဲ့ ပထမအင်းဝခေတ် အရင်က ရှိခဲ့ဖူးတဲ့ ပင်းယခေတ် ပထမအင်းဝခေတ် နောက်မှ ရှိတဲ့ ဟံသာဝတီခေတ်နဲ့ ဒုတိယအင်းဝခေတ်တို့က ရှိခဲ့တဲ့ နံ့ရံပန်းချီတွေ ကြေး၊ကျောက်၊အင်္ဂတေတွေ စတဲ့ ရုပ်ထု ရုပ်ကြွတွေကို လေ့လာပြီးတော့မှ ပထမအင်းဝခေတ် နန်းမူ နန်းဟန် အဆင်တန်ဆာတွေနဲ့ သမိုင်းကြောင်းနဲ့ ညီအောင် သတိုးမင်းဖျား ကြေးရုပ်ထုကြီးကို ထုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။”ဟု မြန်မာမှု ဗိသုကာ နဲ့ သမိုင်း ပညာရှင် တမ္မဝတီ ဆရာဦးဝင်းမောင် က ပြောပါတယ်။

သတိုးမင်းဖျားကြေးရုပ်တုကြီးကို မန္တလေးမြို့၊ တမ္ပဝတီရပ်ရှိ ပြည့်ဝ ကြေးသွန်းလုပ်ငန်းမှ သီတဂူဦးလှမြင့်ရဲ့သား ကိုအောင်အောင် တို့က ကြေးသွန်းပညာရှင်တွေနဲ့ တနှစ်နီးပါးကြာ တာဝန်ယူ ထုလုပ်ခဲ့တာဖြစ်ပြီး ကြေးပိဿ (၉၀၀)ရှိကာ ကုန်ကျငွေကျပ် သိန်း ၄၀၀ ကုန်ကျတယ်လို့ သိရပါတယ်။

ပထမ အင်းဝခေတ် သတိုးမင်းဖျားက သက္ကရာဇ် (၇၂၆)ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

သတိုးမင်း ဖျားရဲ့ ပုံစံတူ ကြေးရုပ်ထုမှာ အမြင့်ပေ ၁၃ ပေ ၆ လက်မ ရှိပြီး မတ်တပ်ရပ်ပုံစံဖြစ်ကာ လက်တစ်ဖက်မှာ ဓားကိုကိုင်ဆွဲထားပြီး ကျန် လက်တစ်ဖက်မှာ လှံတံ ကို ကိုင်မြှောက်ထားသည့်ပုံစံကို ထုလုပ်စိုက်ထူထားတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #သတိုးမင်းဖျားကြေးရုပ်

Zawgyi

ပထမ အင္းဝေခတ္ကို တည္ေထာင္ခဲ့တဲ့ သတိုးမင္းဖ်ားေၾကး႐ုပ္တုကို တံတားဦးၿမိဳ႕မွာထားရွိ

မႏၲေလး ဒီဇင္ဘာ ၂၀-၂၀၁၉
ေမာင္တာရာ (VOM)

မႏၲေလးတိုင္း၊ တံတားဦးၿမိဳ႕နယ္၊ ဥတည္ေက်း႐ြာအုပ္စု၊ ေလသာရပ္အနီး၊စည္တိုပုံၿမိဳ႕႐ိုးအတြင္းမွာ ပထမ အင္းဝၿမိဳ႕ကို တည္ေထာင္ခဲ့တဲ့ ၿမိဳ႕တည္၊နန္းတည္ဘုရင္ သတိုးမင္းဖ်ားေၾကး႐ုပ္တုကို ဒီကေန႔မနက္ပိုင္းက ဖြင့္လွစ္ထားရွိခဲ့ပါတယ္။

သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲဉာဏိႆရရဲ႕ ဦးေဆာင္လမ္းၫြန္မႈနဲ႔ ျပဳလုပ္ခဲ့တာၿပီး၊အခုႏွစ္ ေမလအတြင္းက စိုက္ထူထားခဲ့ၿပီး တည္ေဆာက္ခဲ့ရာ ဒီကေန႔မွာ ဖြင့္ပြဲအခမ္းအနားနဲ႔ ဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။

”သတိုးမင္းဖ်ားနန္းစံခဲ့တဲ့ ပထမအင္းဝေခတ္တင္ မကပဲနဲ႔ ပထမအင္းဝေခတ္ အရင္က ရွိခဲ့ဖူးတဲ့ ပင္းယေခတ္ ပထမအင္းဝေခတ္ ေနာက္မွ ရွိတဲ့ ဟံသာဝတီေခတ္နဲ႔ ဒုတိယအင္းဝေခတ္တို႔က ရွိခဲ့တဲ့ နံ႔ရံပန္းခ်ီေတြ ေၾကး၊ေက်ာက္၊အဂၤေတေတြ စတဲ့ ႐ုပ္ထု ႐ုပ္ႂကြေတြကို ေလ့လာၿပီးေတာ့မွ ပထမအင္းဝေခတ္ နန္းမူ နန္းဟန္ အဆင္တန္ဆာေတြနဲ႔ သမိုင္းေၾကာင္းနဲ႔ ညီေအာင္ သတိုးမင္းဖ်ား ေၾကး႐ုပ္ထုႀကီးကို ထုလုပ္ခဲ့ျခင္း ျဖစ္ပါတယ္။”ဟု ျမန္မာမႈ ဗိသုကာ နဲ႔ သမိုင္း ပညာရွင္ တမၼဝတီ ဆရာဦးဝင္းေမာင္ က ေျပာပါတယ္။

သတိုးမင္းဖ်ားေၾကး႐ုပ္တုႀကီးကို မႏၲေလးၿမိဳ႕၊ တမၸဝတီရပ္ရွိ ျပည့္ဝ ေၾကးသြန္းလုပ္ငန္းမွ သီတဂူဦးလွျမင့္ရဲ႕သား ကိုေအာင္ေအာင္ တို႔က ေၾကးသြန္းပညာရွင္ေတြနဲ႔ တႏွစ္နီးပါးၾကာ တာဝန္ယူ ထုလုပ္ခဲ့တာျဖစ္ၿပီး ေၾကးပိႆ (၉၀၀)ရွိကာ ကုန္က်ေငြက်ပ္ သိန္း ၄၀၀ ကုန္က်တယ္လို႔ သိရပါတယ္။

ပထမ အင္းဝေခတ္ သတိုးမင္းဖ်ားက သကၠရာဇ္ (၇၂၆)ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။

သတိုးမင္း ဖ်ားရဲ႕ ပုံစံတူ ေၾကး႐ုပ္ထုမွာ အျမင့္ေပ ၁၃ ေပ ၆ လက္မ ရွိၿပီး မတ္တပ္ရပ္ပုံစံျဖစ္ကာ လက္တစ္ဖက္မွာ ဓားကိုကိုင္ဆြဲထားၿပီး က်န္ လက္တစ္ဖက္မွာ လွံတံ ကို ကိုင္ေျမႇာက္ထားသည့္ပုံစံကို ထုလုပ္စိုက္ထူထားတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #သတိုးမင္းဖ်ားေၾကး႐ုပ္

Related posts

Leave a Comment

VOM News

FREE
VIEW