အိန္ဒိယမှာ နိုင်ငံသားဥပဒေဆန္ဒပြပွဲအတွင်း သေဆုံးသူ ကိုးဦးရှိလာ

ဒေလီ၊ ဒီဇင်ဘာ-၂၀-၂၀၁၉
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံမှာ မွတ်စလင်ဆန့်ကျင်တဲ့ ဥပဒေလို့ရှုမြင်ရတဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို ဆန္ဒပြမှုတွေ သီတင်းနှစ်ပတ်ကြာဖြစ်ပွားပြီးနောက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်ရင်ဆိုင် အဓိကရုဏ်းတွေ ထပ်မံဖြစ်ပေါ်နေပါတယ်။

ဒီဇင်ဘာ ၁၉ ရက်မှာတော့ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူအရေအတွက်ဟာ ကိုးဦးအထိရှိလာပြီဖြစ်ပါတယ်။

ပြဌာန်းလိုက်တဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့က ဝင်ရောက်လာတဲ့ မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့်ကန့်သတ်ထားပြီး ကျန်ဘာသာဝင်တွေကို နိုင်ငံသားဖြစ်ခွင့်ပြုထားပါတယ်။

သောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဒီဇင်ဘာ ၁၉ ရက်မှာ နိုင်ငံတစ်ဝန်းဆန္ဒပြခဲ့ကြပြီး မြောက်ပိုင်းတွင် လပ်နောင်း၊ တောင်ပိုင်းတွင် မန်ဂါလိုရီနဲ့ ဝန်ကြီးချုပ်မိုဒီရဲ့ ဇာတိမြေဖြစ်တဲ့ ဂူဂျာရက်တို့မှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

အာဏာပိုင်တွေအနေနဲ့ မငြိမ်မသက်အခြေအနေတွေကို ထိန်းသိမ်းဖို့ အရေးပေါ်ဥပဒေတွေပြဌာန်းခြင်း၊ အင်တာနက်ဆက်သွယ်မှုတွေဖြတ်တောက်ခြင်းနဲ့ နိုင်ငံတစ်ဝန်းရှိ အကဲဆတ်တဲ့နေရာတွေက ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပိတ်ထားခြင်းတွေကိုအလျင်အမြန်လုပ်ဆောင်နေကြပါတယ်။

ဒီဥပဒေဟာ မွတ်စလင်တွေကို ခွဲခြားဆက်ဆံတာဖြစ်ပြီး ဝန်ကြီးချုပ်မိုဒီရဲ့အစိုးရဟာ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပျက်ပြားအောင်လုပ်နေတယ်လို့ ဝေဖန်သူတွေက ပြောဆိုထားကြပါတယ်။

Ref : CNA Photo : Reuters
#VOM #voiceofmyanmar #အိန္ဒိယ #ဆန္ဒပြပွဲ #သေဆုံးသူကိုးဦး

Zawgyi

အိႏိၵယမွာ နိုင္ငံသားဥပေဒဆႏၵျပပြဲအတြင္း ေသဆံုးသူ ကိုးဦးရိွလာ

ေဒလီ၊ ဒီဇင္ဘာ-၂၀-၂၀၁၉
မ်ိဳးဆက္ (VOM)

အိႏိၵယနိုင္ငံမွာ မြတ္စလင္ဆန္႔က်င္တဲ႔ ဥပေဒလို႔ရႈျမင္ရတဲ႔ နိုင္ငံသားျဖစ္ခြင့္ဥပေဒသစ္ကို ဆႏၵျပမႈေတြ သီတင္းနွစ္ပတ္ၾကာျဖစ္ပြားျပီးေနာက္ ဆႏၵျပသူေတြနဲ႔ ရဲတပ္ဖြဲ႔တို႔အၾကား ထိပ္တိုက္ရင္ဆိုင္ အဓိကရုဏ္းေတြ ထပ္မံျဖစ္ေပၚေနပါတယ္။

ဒီဇင္ဘာ ၁၉ ရက္မွာေတာ႔ ရဲတပ္ဖြဲ႔ရဲ႕ပစ္ခတ္မႈေၾကာင္႔ လူသံုးဦးေသဆံုးခဲ႔ျပီး ဆႏၵျပပြဲေတြအတြင္း ေသဆံုးသူအေရအတြက္ဟာ ကိုးဦးအထိရိွလာျပီျဖစ္ပါတယ္။

ျပဌာန္းလိုက္တဲ႔ နိုင္ငံသားျဖစ္ခြင္႔ဥပေဒသစ္ဟာ အိမ္နီးခ်င္းနိုင္ငံေတြျဖစ္တဲ႔ ဘဂၤလားေဒ႔ရွ္၊ ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္တို႔က ၀င္ေရာက္လာတဲ႔ မြတ္စလင္ေတြကို နိုင္ငံသားျဖစ္ခြင္႔ကန္႔သတ္ထားျပီး က်န္ဘာသာ၀င္ေတြကို နုိင္ငံသားျဖစ္ခြင္႔ျပဳထားပါတယ္။

ေသာင္ေပါင္းမ်ားစြာေသာ ဆႏၵျပသူေတြဟာ ဒီဇင္ဘာ ၁၉ ရက္မွာ နိုင္ငံတစ္၀န္းဆႏၵျပခဲ႔ၾကျပီး ေျမာက္ပိုင္းတြင္ လပ္ေနာင္း၊ ေတာင္ပိုင္းတြင္ မန္ဂါလိုရီနဲ႔ ၀န္ၾကီးခ်ဳပ္မိုဒီရဲ႕ ဇာတိေျမျဖစ္တဲ႔ ဂူဂ်ာရက္တို႔မွာ အၾကမ္းဖက္မႈေတြျဖစ္ပြားခဲ႔ပါတယ္။

အာဏာပိုင္ေတြအေနနဲ႔ မျငိမ္မသက္အေျခအေနေတြကို ထိန္းသိမ္းဖို႔ အေရးေပၚဥပေဒေတြျပဌာန္းျခင္း၊ အင္တာနက္ဆက္သြယ္မႈေတြျဖတ္ေတာက္ျခင္းနဲ႔ နိုင္ငံတစ္၀န္းရိွ အကဲဆတ္တဲ႔ေနရာေတြက ေစ်းဆိုင္ေတြနဲ႔ စားေသာက္ဆိုင္ေတြကို ပိတ္ထားျခင္းေတြကိုအလ်င္အျမန္လုပ္ေဆာင္ေနၾကပါတယ္။

ဒီဥပေဒဟာ မြတ္စလင္ေတြကို ခြဲျခားဆက္ဆံတာျဖစ္ျပီး ၀န္ၾကီးခ်ဳပ္မိုဒီရဲ႕အစိုးရဟာ နို္င္ငံရဲ႕ဖြဲ႔စည္းပံုအေျခခံဥပေဒကို ပ်က္ျပားေအာင္လုပ္ေနတယ္လို႔ ေ၀ဖန္သူေတြက ေျပာဆိုထားၾကပါတယ္။

Ref : CNA Photo : Reuters
#VOM #voiceofmyanmar #အိႏိၵယ #ဆႏၵျပပြဲ #ေသဆံုးသူကိုးဦး

Related posts

Leave a Comment

VOM News

FREE
VIEW