Grade 10 သင်ရိုးသစ်မှာ ပေါင်းစပ်ဘာသာရပ်တွေ ထပ်တိုးမယ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀-၂၀၁၉
စွဲ့ဝတီ(VOM)

၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်မှာပြောင်းလဲမဲ့ Grade 10 သင်ရိုးသစ်မှာ ပေါင်းစပ်ဘာသာရပ်တွေ ထပ်တိုးမှာဖြစ်ပြီး သိပ္ပံသမားဟာ ဝိဇ္ဇာတွဲဖက်ဘာသာရပ်နဲ့ ဝိဇ္ဇာသမားဟာ သိပ္ပံတွဲဖက်ဘာသာရပ်ကိုပါ သင်ရမယ်လို့ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနကနေ သိရပါတယ်။

Grade 10 သင်ရိုးသစ်မှာ ဓာတု၊ရူပ၊ ဇီ၀ စတဲ့ဘာသာရပ်တွေပါတဲ့ သိပ္ပံတွဲသမားဟာ ပထဝီ၊ သမိုင်း ၊ ဘောဂ သုံးခုတွဲထားတဲ့ လူမူရေးသိပ္ပံ ဘာသာရပ်ကိုပါ သင်ယူရမှာဖြစ်ပြီး ပထဝီ၊ သမိုင်း ၊ ဘောဂ စတဲ့ ဘာသာရပ်တွေပါတဲ့ ဝိဇ္ဇာတွဲသမားတွေဟာ ဓာတု၊ ရူပ ၊ ဇီ၀ ပေါင်းစပ်ထားတဲ့ သိပ္ပံ ဘာသာရပ်ကိုပါ သင်ယူရမှာဖြစ်တဲ့အပြင် ဓာတု၊ ရူပ၊ ဘောဂ စတဲ့ ဘာသာရပ်တွေပါတဲ့ ဝိပ္ပံဘာသာတွဲသမားဟာလည်း ပထဝီ၊ သမိုင်းဘာသာရပ်တွဲဖက်တွေကိုပါ တွဲပြီးသင်ရမယ်လို့ သိရပါတယ်။

“သိပ္ပံယူရင် ဝိဇ္ဇာကို တွဲမယ်။ ဝိဇ္ဇာယူရင် သိပ္ပံကို တွဲမယ်။ ဝိပ္ပံကိုတော့ ဓာတု၊ ရူပ ၊ ဘောဂ သမားသည် ပထဝီ၊ သမိုင်း တွဲပေးလိုက်တယ်။ စိတ်ကြိုက်မြန်မာစာကတော့ မြန်မာစာ ၊ အင်္ဂလိပ်၊ သချာၤ ၊ စိတ်ကြိုက်မြန်မာစာပါမယ်။ ဘောဂဗေဒပါမယ်။ ဘောဂဗေဒကို ၁၀၀ဖိုးအမှတ်ရှိတဲ့ ဘာသာရပ်အနေနဲ့ ထားလဲဆိုရင် အခုခေတ်ကြီးက ပြောမယ်ဆိုရင် ဝိဇ္ဇာ သမားဖြစ်ဖြစ်၊ သိပ္ပံသမားဖြစ်ဖြစ် စီးပွားရေး လုပ်ချင်တဲ့သူတွေများတယ်။ လုပ်နေကြတာလည်းရှိတယ်။ စီးပွားရေးဆိုင်ရာ အတွေးအမြင်လေးတွေ ရပါစေတော့ ဆိုတဲ့ စိတ်ကူးနဲ့ ဘောဂဗေဒထည့်ပေးလိုက်တယ်။ ပြီးရင် ပထဝီဝင်၊ သမိုင်းကို တွဲရမယ်။ ဒါကြောင့် စိတ်ကြိုက်မြန်မာစာသမားဟာ မြန်မာစာ ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စိတ်ကြိုက်မြန်မာစာ၊ ဘောဂဗေဒ ပထဝီဝင်+ သမိုင်း၊ သိပ္ပံ (ဓာတု+ရူပ+ဇီဝဗဒေ) ကို သင်ရမယ်”လို့ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုလက်ရှိမှာ အထက်တန်းအဆင့်တွဲထားတဲ့ ဘာသာရပ်တွေကိုကြည့်မယ်ဆိုရင် ကျောင်းသားကျောင်းသူ အများစုယူကြတဲ့ ဘာသာတွဲလေးခုရှိပြီး မြန်မာစာ၊ အင်္ဂလိပ်၊ သချာၤ သည် မသင်မနေရဖြစ်ကာ ဓာတု၊ရူပ၊ ဇီ၀ သိပ္ပတွဲ၊ပထဝီ၊ သမိုင်း ဘောက ဝိဇ္ဇာ တွဲ၊ ဓာတု၊ ရူပ ဘောဂ ဝိပ္ပံတွဲ ၊ စိတ်ကြိုက်မြန်မာစာ စတဲ့ဘာသာတွဲ လေးခုကို အဓိကယူကြတာ ဖြစ်တယ်လို့သိရပါတယ်။

Grade 10 သင်ရိုးသစ်မှာ ဘာသာတွဲလေးခုလုံးဟာ ပေါင်းစပ်ဘာသာရပ်တွေအပြင် စာရိတ္တနှင့် ပြည်သူ့နီတိ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ+ပန်းချီ+ဂီတ စတဲ့ ဘာသာရပ်ခွဲတွေကို မသင်မနေရ သင်ယူရမြှ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီ ပေါင်းစပ်ဘာသာရပ်တွေဟာ အခြေခံသဘောတရားတွေကိုသာ ထည့်သွင်းထားတာဖြစ်တဲ့အတွက် စာမျက်နှာ ၁၀၀ခန့်သာ ပါဝင်ပြီး ခက်ခဲတာတွေ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ပေါင်းစပ်ဘာသာရပ်တွေကို အခြေခံပညာပြီးမြောက်ကြောင်း စာမေးပွဲမှာ ထည့်သွင်းဖြေဆိုရမှာဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာတော့ ထည့်သွင်းဖြေဆိုရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #Grade10 #သင်ရိုးသစ်

Zawgyi

Grade 10 သင္႐ိုးသစ္မွာ ေပါင္းစပ္ဘာသာရပ္ေတြ ထပ္တိုးမယ္

ရန္ကုန္၊ ဒီဇင္ဘာ ၂၀-၂၀၁၉
စြဲ႔ဝတီ(VOM)

၂၀၂၀ – ၂၀၂၁ ပညာသင္ႏွစ္မွာေျပာင္းလဲမဲ့ Grade 10 သင္႐ိုးသစ္မွာ ေပါင္းစပ္ဘာသာရပ္ေတြ ထပ္တိုးမွာျဖစ္ၿပီး သိပၸံသမားဟာ ဝိဇၨာတြဲဖက္ဘာသာရပ္နဲ႔ ဝိဇၨာသမားဟာ သိပၸံတြဲဖက္ဘာသာရပ္ကိုပါ သင္ရမယ္လို႔ ပညာေရးသုေတသနစီမံကိန္းႏွင့္ ေလ့က်င့္ေရးဦးစီးဌာနကေန သိရပါတယ္။

Grade 10 သင္႐ိုးသစ္မွာ ဓာတု၊႐ူပ၊ ဇီ၀ စတဲ့ဘာသာရပ္ေတြပါတဲ့ သိပၸံတြဲသမားဟာ ပထဝီ၊ သမိုင္း ၊ ေဘာဂ သုံးခုတြဲထားတဲ့ လူမူေရးသိပၸံ ဘာသာရပ္ကိုပါ သင္ယူရမွာျဖစ္ၿပီး ပထဝီ၊ သမိုင္း ၊ ေဘာဂ စတဲ့ ဘာသာရပ္ေတြပါတဲ့ ဝိဇၨာတြဲသမားေတြဟာ ဓာတု၊ ႐ူပ ၊ ဇီ၀ ေပါင္းစပ္ထားတဲ့ သိပၸံ ဘာသာရပ္ကိုပါ သင္ယူရမွာျဖစ္တဲ့အျပင္ ဓာတု၊ ႐ူပ၊ ေဘာဂ စတဲ့ ဘာသာရပ္ေတြပါတဲ့ ဝိပၸံဘာသာတြဲသမားဟာလည္း ပထဝီ၊ သမိုင္းဘာသာရပ္တြဲဖက္ေတြကိုပါ တြဲၿပီးသင္ရမယ္လို႔ သိရပါတယ္။

“သိပၸံယူရင္ ဝိဇၨာကို တြဲမယ္။ ဝိဇၨာယူရင္ သိပၸံကို တြဲမယ္။ ဝိပၸံကိုေတာ့ ဓာတု၊ ႐ူပ ၊ ေဘာဂ သမားသည္ ပထဝီ၊ သမိုင္း တြဲေပးလိုက္တယ္။ စိတ္ႀကိဳက္ျမန္မာစာကေတာ့ ျမန္မာစာ ၊ အဂၤလိပ္၊ သခ်ာၤ ၊ စိတ္ႀကိဳက္ျမန္မာစာပါမယ္။ ေဘာဂေဗဒပါမယ္။ ေဘာဂေဗဒကို ၁၀၀ဖိုးအမွတ္ရွိတဲ့ ဘာသာရပ္အေနနဲ႔ ထားလဲဆိုရင္ အခုေခတ္ႀကီးက ေျပာမယ္ဆိုရင္ ဝိဇၨာ သမားျဖစ္ျဖစ္၊ သိပၸံသမားျဖစ္ျဖစ္ စီးပြားေရး လုပ္ခ်င္တဲ့သူေတြမ်ားတယ္။ လုပ္ေနၾကတာလည္းရွိတယ္။ စီးပြားေရးဆိုင္ရာ အေတြးအျမင္ေလးေတြ ရပါေစေတာ့ ဆိုတဲ့ စိတ္ကူးနဲ႔ ေဘာဂေဗဒထည့္ေပးလိုက္တယ္။ ၿပီးရင္ ပထဝီဝင္၊ သမိုင္းကို တြဲရမယ္။ ဒါေၾကာင့္ စိတ္ႀကိဳက္ျမန္မာစာသမားဟာ ျမန္မာစာ ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ စိတ္ႀကိဳက္ျမန္မာစာ၊ ေဘာဂေဗဒ ပထဝီဝင္+ သမိုင္း၊ သိပၸံ (ဓာတု+႐ူပ+ဇီဝဗေဒ) ကို သင္ရမယ္”လို႔ ပညာေရးသုေတသနစီမံကိန္းႏွင့္ ေလ့က်င့္ေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

အခုလက္ရွိမွာ အထက္တန္းအဆင့္တြဲထားတဲ့ ဘာသာရပ္ေတြကိုၾကည့္မယ္ဆိုရင္ ေက်ာင္းသားေက်ာင္းသူ အမ်ားစုယူၾကတဲ့ ဘာသာတြဲေလးခုရွိၿပီး ျမန္မာစာ၊ အဂၤလိပ္၊ သခ်ာၤ သည္ မသင္မေနရျဖစ္ကာ ဓာတု၊႐ူပ၊ ဇီ၀ သိပၸတြဲ၊ပထဝီ၊ သမိုင္း ေဘာက ဝိဇၨာ တြဲ၊ ဓာတု၊ ႐ူပ ေဘာဂ ဝိပၸံတြဲ ၊ စိတ္ႀကိဳက္ျမန္မာစာ စတဲ့ဘာသာတြဲ ေလးခုကို အဓိကယူၾကတာ ျဖစ္တယ္လို႔သိရပါတယ္။

Grade 10 သင္႐ိုးသစ္မွာ ဘာသာတြဲေလးခုလုံးဟာ ေပါင္းစပ္ဘာသာရပ္ေတြအျပင္ စာရိတၱႏွင့္ ျပည္သူ႔နီတိ ဘ၀တြက္တာ ကြၽမ္းက်င္စရာ၊ ကာယပညာ+ပန္းခ်ီ+ဂီတ စတဲ့ ဘာသာရပ္ခြဲေတြကို မသင္မေနရ သင္ယူရမွၾ ျဖစ္တယ္လို႔လည္း သိရပါတယ္။

အဲ့ဒီ ေပါင္းစပ္ဘာသာရပ္ေတြဟာ အေျခခံသေဘာတရားေတြကိုသာ ထည့္သြင္းထားတာျဖစ္တဲ့အတြက္ စာမ်က္ႏွာ ၁၀၀ခန႔္သာ ပါဝင္ၿပီး ခက္ခဲတာေတြ မဟုတ္ဘူးလို႔လည္း သိရပါတယ္။

ေပါင္းစပ္ဘာသာရပ္ေတြကို အေျခခံပညာၿပီးေျမာက္ေၾကာင္း စာေမးပြဲမွာ ထည့္သြင္းေျဖဆိုရမွာျဖစ္ၿပီး တကၠသိုလ္ဝင္ခြင့္ စာေမးပြဲမွာေတာ့ ထည့္သြင္းေျဖဆိုရမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #Grade10 #သင္ရိုးသစ္

Related posts

Leave a Comment

VOM News

FREE
VIEW