လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးက သင်္ကျစ်တော်ရှေးဟောင်းစေတီ ထိခိုက်ပျက်စီးမှုတွေရှိနေ

မြောက်ဦး၊ ဒီဇင်ဘာ ၂၇-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရှေးဟောင်းသမိုင်းဝင် သင်္ကျစ်တော်စေတီတည်ရှိရာတောင်ပေါ်ကို ဒီဇင်ဘာ ၁၃ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့ပြီး စေတီတော်နဲ့ မွေအနှစ်တွေထိခိုက်ပျက်စီး ခဲ့ရတယ်လို့ ဒေသခံတွေကပြောပြချက်အရ သိရပါတယ်။

အဲ့ဒီနေ့က တောင်တက်လမ်း တောင်အောက်ခြေအနီးမှာ တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်ပွားတာကြောင့် မြောက်ဦးမြို့အခြေစိုက် တပ်မတော်တပ်ရင်းတွေကနေပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဘုရားစေတီရှိတဲ့ တောင်ထိပ်တွေမှာ ကျရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

“ပထမကတော့ တောင်အောက်ခြေမှာတိုက်ပွဲဖြစ်တယ်။ မြောက်ဦးကလှမ်းပစ်တဲ့အခါ အဲ့ဒီဘုရားမှာကျတာ။ ပုဂ္ဂလိက အဖွဲ့တွေကိုယ့်ဘာသာကိုယ် သွားကြည့်တာတော့ရှိတယ်။ ငါတို့တော့သွားကြည့်ဖို့မရသေးဘူး အပျက်အစီးတွေက ဖေ့စဘုတ်ပေါ်မှာပဲမြင်ရတာ။” လို့ မြောက်ဦးမြို့ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးထွန်းသာစိန်ကပြောသည်။

ရှေးဟောင်းသမိုင်းဝင်ဘုရားတည်ရှိရာ တောင်ပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့မှုနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

လက်ရှိမှာ အဲ့ဒီနေရာဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် စေတီတော်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်ဆိုတာကို ကြားသိနေရပေမယ့် သွားရောက်နိုင်ခြင်းမရှိသေးဘူးလို့ ရှေးဟောင်းသုတေသနဌာနကပြောပါတယ်။

” မီဒီယာသတင်းပဲကျနော်တို့သိရတယ်။ ကျနော်တို့သွားပြီးတော့ မကြည့်ရသေးပါဘူး။ အဲ့လိုပဲပြောကြတယ် သေချာတော့မသိသေးဘူးဗျ ။” လို့ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ အေအေတို့ကြား
တိုက်ပွဲတွေကြောင့် ဘုရားပုထိုးအမွေနှစ်တွေမှာ ထိခိုက်မှုတွေရှိနေသလို အရပ်သားပြည်သူများလည်း ထိခိုက်သေဆုံးတာတွေ ရှိနေတာလည်းဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရခိုင် #ရှေးဟောင်းစေတီ #ထိခိုက်မှု

Zawgyi

လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ေျမာက္ဦးက သကၤ်စ္ေတာ္ေရွးေဟာင္းေစတီ ထိခိုက္ပ်က္စီးမႈေတြရွိေန

ေျမာက္ဦး၊ ဒီဇင္ဘာ ၂၇-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္က ေရွးေဟာင္းသမိုင္းဝင္ သကၤ်စ္ေတာ္ေစတီတည္ရွိရာေတာင္ေပၚကို ဒီဇင္ဘာ ၁၃ ရက္ေန႔က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေတြရွိခဲ့ၿပီး ေစတီေတာ္နဲ႔ ေမြအႏွစ္ေတြထိခိုက္ပ်က္စီး ခဲ့ရတယ္လို႔ ေဒသခံေတြကေျပာျပခ်က္အရ သိရပါတယ္။

အဲ့ဒီေန႔က ေတာင္တက္လမ္း ေတာင္ေအာက္ေျခအနီးမွာ တပ္မေတာ္နဲ႔ ေအေအတိုက္ပြဲျဖစ္ပြားတာေၾကာင့္ ေျမာက္ဦးၿမိဳ႕အေျခစိုက္ တပ္မေတာ္တပ္ရင္းေတြကေနပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ေတြဟာ ဘုရားေစတီရွိတဲ့ ေတာင္ထိပ္ေတြမွာ က်ေရာက္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

“ပထမကေတာ့ ေတာင္ေအာက္ေျခမွာတိုက္ပြဲျဖစ္တယ္။ ေျမာက္ဦးကလွမ္းပစ္တဲ့အခါ အဲ့ဒီဘုရားမွာက်တာ။ ပုဂၢလိက အဖြဲ႔ေတြကိုယ့္ဘာသာကိုယ္ သြားၾကည့္တာေတာ့႐ွိတယ္။ ငါတို႔ေတာ့သြားၾကည့္ဖို႔မရေသးဘူး အပ်က္အစီးေတြက ေဖ့စဘုတ္ေပၚမွာပဲျမင္ရတာ။” လို႔ ေျမာက္ဦးျမိဳ႕ ျပည္နယ္လႊတ္ေတာ္ကိုယ္စား လွယ္ဦးထြန္းသာစိန္ကေျပာသည္။

ေရွးေဟာင္းသမိုင္းဝင္ဘုရားတည္ရွိရာ ေတာင္ေပၚကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့မႈနဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုတာမ႐ွိပါဘူး။

လက္ရွိမွာ အဲ့ဒီေနရာဟာ တုိက္ပြဲေတြျဖစ္ပြားေနတဲ့ေနရာတစ္ခုျဖစ္တဲ့အတြက္ ေစတီေတာ္ထိခိုက္ပ်က္စီးမႈေတြရွိခဲ့တယ္ဆိုတာကို ၾကားသိေနရေပမယ့္ သြားေရာက္ႏုိင္ျခင္းမရွိေသးဘူးလို႔ ေရွးေဟာင္းသုေတသနဌာနကေျပာပါတယ္။

” မီဒီယာသတင္းပဲက်ေနာ္တို႔သိရတယ္။ က်ေနာ္တို႔သြားၿပီးေတာ့ မၾကည္႔ရေသးပါဘူး။ အဲ့လိုပဲေျပာၾကတယ္ ေသခ်ာေတာ့မသိေသးဘူးဗ် ။” လို႔ ေျမာက္ဦးၿမိဳ႕ ေ႐ွးေဟာင္းသုေတသနဌာန ၫႊန္ၾကားေရးမွဴး ေဒါက္တာသန္းထိုက္ကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း လက္႐ွိျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ေအေအတို႔ၾကား
တိုက္ပြဲေတြေၾကာင့္ ဘုရားပုထိုးအေမြႏွစ္ေတြမွာ ထိခိုက္မႈေတြရွိေနသလို အရပ္သားျပည္သူမ်ားလည္း ထိခိုက္ေသဆံုးတာေတြ ရွိေနတာလည္းျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရခိုင္ #ေရွးေဟာင္းေစတီ #ထိခိုက္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW