လူလေးဦးကို ရက်စက်စွာသတ်ခဲ့တဲ့ တရုတ်နိုင်ငံသား ဂျပန်နိုင်ငံမှာ ကြိုးပေးကွပ်မျက်ခံရ

တိုကျို၊ ဒီဇင်ဘာ-၂၇-၂၀၁၉
မျိုးဆက် (VOM)

ဂျပန်နိုင်ငံမှာ လူသိများထင်ရှားတဲ့ မိသားစုတစ်ခုမှ လူလေးဦးကို ရက်စက်စွာသတ်ဖြတ်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦးကို ဂျပန်နိုင်ငံမှာ ကြိုးမိန့်ပေးသတ်လိုက်ပြီး ၁၀ နှစ်တာကာလအတွင်း နိုင်ငံခြားသားတစ်ဦးကို ပထမဆုံးအကြိမ် ကွပ်မျက်လိုက်တာဖြစ်ပါတယ်။

ကွပ်မျက်လိုက်တဲ့ ဝေေ၀လို့အမည်ရတဲ့ တရုတ်နိုင်ငံသားဟာ ် ကြံရာပါနှစ်ဦးနဲ့အတူ ၂၀၀၃ ခုနှစ်မှာ လူသတ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။

လူသတ်ပြီးနောက် သူတို့ဟာ တရုတ်နိုင်ငံသို့ထွက်ပြေးသွားကြပြီး တစ်ဦးက ၂၀၀၅ခုနှစ်မှာ ကွပ်မျက်ခံရပြီး ကျန်တစ်ဦးကတော့ ထောင်ဒါဏ်တစ်သက်တစ်ကျွန်းကျခံနေရပါတယ်။

ဂျပန်နိုင်ငံမှာ သေဒါဏ်ချမှတ်ခံထားရသူ အကျဉ်းသား ၁၀၀ ကျော်ရှိထိရှိနေပါတယ်။ အစွန်းရောက် ဘာသာရေးဂိုဏ်းဝင် ၁၃ ဦးအပါအဝင် အကျဉ်းသား ၁၅ ဦးကို ပြီးခဲ့တဲ့နှစ်က ကွပ်မျက်ခဲ့ပါသေးတယ်။

ဂျပန်နိုင်ငံမှာ ကွပ်မျက်ခံရတဲ့ အကျဉ်းသားတွေရဲ့ အမည်တွေကို ၂၀၀၇ ခုနှစ်ကသာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်၂၀၀၉ ခုနှစ်မှာ နောက်ဆုံးကွပ်မျက်ခဲ့တဲ့ တရုတ်အမျိုးသားတစ်ဦးရဲ့ အမည်ကိုသာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Ref : BBC Photo : Getty Images
#VOM #voiceofmyanmar #တိုကျို #တရုတ်နိုင်ငံသား #ကြိုးပေးကွပ်မျက်

Zawgyi

လူေလးဦးကို ရက္စက္စြာသတ္ခ႔ဲတဲ႔ တရုတ္နိုင္ငံသား ဂ်ပန္နိုင္ငံမွာ ၾကိဳးေပးကြပ္မ်က္ခံရ

တိုက်ိဳ၊ ဒီဇင္ဘာ-၂၇-၂၀၁၉
မ်ိဳးဆက္ (VOM)

ဂ်ပန္နုိင္ငံမွာ လူသိမ်ားထင္ရွားတဲ႔ မိသားစုတစ္ခုမွ လူေလးဦးကို ရက္စက္စြာသတ္ျဖတ္မႈေၾကာင္႔ တရုတ္နုိင္ငံသားတစ္ဥိီးကို ဂ်ပန္နိုင္ငံမွာ ၾကိဳးမိန္႔ေပးသတ္လိုက္ျပီး ၁၀ နွစ္တာကာလအတြင္း နိုင္ငံျခားသားတစ္ဥိီးကို ပထမဆံုးအၾကိမ္ ကြပ္မ်က္လိုက္တာျဖစ္ပါတယ္။

ကြပ္မ်က္လိုက္တဲ႔ ေ၀ေ၀လို႔အမည္ရတဲ႔ တရုတ္နုိင္ငံသားဟာ ္ ၾကံရာပါနွစ္ဦးနဲ႔အတူ ၂၀၀၃ ခုနွစ္မွာ လူသတ္မႈက်ဴးလြန္ခဲ႔တာျဖစ္ပါတယ္။

လူသတ္ျပီးေနာက္ သူတို႔ဟာ တရုတ္နုိင္ငံသုိ႔ထြက္ေျပးသြားၾကျပီး တစ္ဦးက ၂၀၀၅ခုနွစ္မွာ ကြပ္မ်က္ခံရျပီး က်န္တစ္ဦးကေတာ႔ ေထာင္ဒါဏ္တစ္သက္တစ္ကြ်န္းက်ခံေနရပါတယ္။

ဂ်ပန္နုိ္င္ငံမွာ ေသဒါဏ္ခ်မွတ္ခံထားရသူ အက်ဥ္းသား ၁၀၀ ေက်ာ္ရိွထိရိွေနပါတယ္။ အစြန္းေရာက္ ဘာသာေရးဂိုဏ္း၀င္ ၁၃ ဦးအပါအ၀င္ အက်ဥ္းသား ၁၅ ဦးကို ျပီးခဲ႔တဲ႔နွစ္က ကြပ္မ်က္ခဲ႔ပါေသးတယ္။

ဂ်ပန္နို္င္ငံမွာ ကြပ္မ်က္ခံရတဲ႔ အက်ဥ္းသားေတြရဲ႕ အမည္ေတြကို ၂၀၀၇ ခုနွစ္ကသာ ထုတ္ေဖာ္ေျပာဆိုခဲ႔ပါတယ္။ အဲဒီေနာက္၂၀၀၉ ခုနွစ္မွာ ေနာက္ဆံုးကြပ္မ်က္ခဲ႔တဲ႔ တရုတ္အမ်ိဳးသားတစ္ဦးရဲ႕ အမည္ကိုသာ ထုတ္ျပန္ခဲ႔တာျဖစ္ပါတယ္။

Ref : BBC Photo : Getty Images
#VOM #voiceofmyanmar #တိုက်ိဳ #တရုတ္နိုင္ငံသား #ႀကိဳးေပးကြပ္မ်က္

Related posts

Leave a Comment

VOM News

FREE
VIEW