(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် မနောင်ပွဲကျင်းပခွင့် ဖျက်သိမ်း

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၈-၂၀၁၉
ရန်အောင်ထွန်း(VOM)

(၇၂) နှစ်မြောက်ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်မနောင်ပွဲကျင်းပခွင့် ဖျက်သိမ်းလိုက်ပြီး ယခင်အစီအစဉ်အတိုင်းမဟုတ်တော့ဘဲ (၂၀၂၀)ခုနှစ် ဇန်နဝါရီ (၅) ရက်ကနေ (၁၂) ရက်ထိ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာသာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ခေါင်းစီးအမည်သဘောထားကွဲလွဲမှုကြောင့် မနောင်ပွဲကျင်းပခွင့်မပြုတာကိုတော့ ဒီဇင်ဘာ ၂၇ ရက်မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

“ မနောင်ပွဲအခြေအနေက ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကနေပြီး ကချင်ပြည်နယ်နေ့ဆိုတဲ့ ခေါင်းစဉ်နဲ့တော့ ကျင်းပခွင့်မပြုတော့ပါဘူး ။ နိုင်ငံရေးနဲ့ မပါတ်သက်တဲ့ခေါင်းစဉ်ပေါ့ဗျာ၊ ဥပမာပြောရရင် ကချင်ရိုးရာဗဟိုကော်မတီလို့ တရားဝင်မှတ်ပုံတင်ထားတဲ့အတွက်၊ ကချင်လူမျိုး ရိုးရာမနောပွဲတော်ဆိုတဲ့ အမည်မျိုးပေါ့ ဥပမာပေါ့နော်၊ အဲ့ဒါမျိုးလုပ်ဖို့ အစီအစဉ်ရှိပါတယ်” လို့ မနောင်ပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးတန်ဂွန်ကပြောပါတယ်။

(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောင်ပွဲအတွက် လူမျိုးစုဝင် ၆ စုထဲက အများစုသဘောတူတဲ့ (KACHIN MUNGDAW NHTOI) ဆိုတဲ့စကားလုံး အသုံးအနှုန်းဟာ ကန့်ကွက်မှုရှိပြီး အသုံးပြုဖို့ အဆင်မပြေသေးတဲ့ အခြေအနေကြောင့် “(၇၂) နှစ်မြောက်ကချင်ပြည်နယ်နေ့” ဆိုတဲ့မြန်မာဘာသာနဲ့သာ အသုံးပြုသွားမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကနေ ကချင်အမျိုးသားအတိုင်ပင်ခံရုံး ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) ၊ ကချင်လူမျိုးရိုးရာဗဟိုကော်မတီဥက္ကဌ ၊ ကချင်ရိုးရာယဉ်‌ကျေးမှုနှင့် စာပေအဖွဲ့ချုပ် (ကချင်ပြည်နယ်)ဥက္ကဌ တို့ဆီကို ဒီဇင်ဘာ ၂၃ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ကျင်းပဖို့ စီစဉ်ခဲ့တုန်းကလည်း (JINGHPAW MUNGDAW NHTOI) ဆိုတဲ့ ခေါင်းစီးစာတန်းနဲ့ (KACHIN MUNGDAW NHTOI) ဆိုတဲ့ စာသားအပေါ်သဘောထားကွဲခဲ့ကြပြီး ကချင်ပြည်နယ်နေ့အတွက်စိုက်ထူထားတဲ့ မုဒ်ဦးဆိုင်းပုဒ် မီးရှို့ခံရတဲ့အထိဖြစ်ခဲ့လို့ ခေါင်းစီးစာတန်း ပြောင်းလဲခဲ့ရတာလည်း ဖြစ်ပွားခဲ့ပါတယ်။

#VOM #voiceofmyanmar #မြစ်ကြီးနား #မနောင်ပွဲဖျက်သိမ်း

Zawgyi

(၇၂)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔အတြက္ မေနာင္ပြဲက်င္းပခြင့္ ဖ်က္သိမ္း

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၂၈-၂၀၁၉
ရန္ေအာင္ထြန္း(VOM)

(၇၂) ႏွစ္ေျမာက္ကခ်င္ျပည္နယ္ေန႔ အထိမ္းအမွတ္မေနာင္ပြဲက်င္းပခြင့္ ဖ်က္သိမ္းလိုက္ၿပီး ယခင္အစီအစဥ္အတိုင္းမဟုတ္ေတာ့ဘဲ (၂၀၂၀)ခုႏွစ္ ဇန္နဝါရီ (၅) ရက္ကေန (၁၂) ရက္ထိ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕႐ုံးမွာသာ က်င္းပသြားမယ္လို႔ သိရပါတယ္။

ေခါင္းစီးအမည္သေဘာထားကြဲလြဲမႈေၾကာင့္ မေနာင္ပြဲက်င္းပခြင့္မျပဳတာကိုေတာ့ ဒီဇင္ဘာ ၂၇ ရက္မွာ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ၫႊန္ၾကားခဲ့တယ္လို႔ သိရပါတယ္။

“ မေနာင္ပြဲအေျခအေနက ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္ကေနၿပီး ကခ်င္ျပည္နယ္ေန႔ဆိုတဲ့ ေခါင္းစဥ္နဲ႔ေတာ့ က်င္းပခြင့္မျပဳေတာ့ပါဘူး ။ ႏိုင္ငံေရးနဲ႔ မပါတ္သက္တဲ့ေခါင္းစဥ္ေပါ့ဗ်ာ၊ ဥပမာေျပာရရင္ ကခ်င္႐ိုးရာဗဟိုေကာ္မတီလို႔ တရား၀င္မွတ္ပုံတင္ထားတဲ့အတြက္၊ ကခ်င္လူမ်ိဳး ႐ိုးရာမေနာပြဲေတာ္ဆိုတဲ့ အမည္မ်ိဳးေပါ့ ဥပမာေပါ့ေနာ္၊ အဲ့ဒါမ်ိဳးလုပ္ဖို႔ အစီအစဥ္ရွိပါတယ္” လို႔ မေနာင္ပြဲ ျဖစ္ေျမာက္ေရးေကာ္မတီဥကၠဌ ဦးတန္ဂြန္ကေျပာပါတယ္။

(၇၂)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ မေနာင္ပြဲအတြက္ လူမ်ိဳးစုဝင္ ၆ စုထဲက အမ်ားစုသေဘာတူတဲ့ (KACHIN MUNGDAW NHTOI) ဆိုတဲ့စကားလုံး အသုံးအႏႈန္းဟာ ကန႔္ကြက္မႈရွိၿပီး အသုံးျပဳဖို႔ အဆင္မေျပေသးတဲ့ အေျခအေနေၾကာင့္ “(၇၂) ႏွစ္ေျမာက္ကခ်င္ျပည္နယ္ေန႔” ဆိုတဲ့ျမန္မာဘာသာနဲ႔သာ အသုံးျပဳသြားမယ္လို႔ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကေန ကခ်င္အမ်ိဳးသားအတိုင္ပင္ခံ႐ုံး ၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအက်ိဳးေဆာင္အဖြဲ႕ (PCG) ၊ ကခ်င္လူမ်ိဳး႐ိုးရာဗဟိုေကာ္မတီဥကၠဌ ၊ ကခ်င္႐ိုးရာယဥ္‌ေက်းမႈႏွင့္ စာေပအဖြဲ႕ခ်ဳပ္ (ကခ်င္ျပည္နယ္)ဥကၠဌ တို႔ဆီကို ဒီဇင္ဘာ ၂၃ ရက္ေန႔ ရက္စြဲနဲ႔ ၫႊန္ၾကားစာေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။

(၇၁)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔က်င္းပဖို႔ စီစဥ္ခဲ့တုန္းကလည္း (JINGHPAW MUNGDAW NHTOI) ဆိုတဲ့ ေခါင္းစီးစာတန္းနဲ႔ (KACHIN MUNGDAW NHTOI) ဆိုတဲ့ စာသားအေပၚသေဘာထားကြဲခဲ့ၾကၿပီး ကခ်င္ျပည္နယ္ေန႔အတြက္စိုက္ထူထားတဲ့ မုဒ္ဦးဆိုင္းပုဒ္ မီးရႈိ႕ခံရတဲ့အထိျဖစ္ခဲ့လို႔ ေခါင္းစီးစာတန္း ေျပာင္းလဲခဲ့ရတာလည္း ျဖစ္ပြားခဲ့ပါတယ္။

#VOM #voiceofmyanmar #ျမစ္ႀကီးနား #မေနာင္ပြဲဖ်က္သိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW