ဆိုမာလီမှာ ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀ သေဆုံး၊ ၉၀ ကျော်ဒါဏ်ရာရ

ဆိုမာလီမှာ ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀ သေဆုံး၊ ၉၀ ကျော်ဒါဏ်ရာရ

မိုဂါဒစ်ရှူး၊ ဒီဇင်ဘာ-၂၈-၂၀၁၉
မျိုးဆက် (VOM)

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀ ဦးထက်မနည်းသေဆုံးသွားပြီး သေဆုံးသူတွေထဲမှာ တက္ကသိုလ်ကျောင်းသားတွေလည်း ပါဝင်နေပါတယ်။

အင်အားပြင်းပေါက်ကွဲမှုကြောင့် ဘန်နာဒါတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးပျက်စီးသွားတယ်လို့ မိုဂါဒစ်ရှူးမြို့တော်ဝန် အိုမာမိုဟာမက်ကို ကိုးကားပြီး ဘန်ဆန်ရေဒီယိုသတင်းဌာနက ဆိုပါတယ်။

ပေါက်ကွဲမှုမဖြစ်ပွားမီက အဲဒီစစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အိုင်အက်စ်အဖွဲ့တွေအကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ကြောင့် အရပ် ၉၀ ဦးထက်အနည်းဒါဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒါဏ်ရာရ သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော်ပါဝင်တယ်လို့ ဒေသဆိုင်ရာ လွှတ်တော်အမတ်နဲ့ လုံခြုံရေးဝန်ကြီးဟောင်းဖြစ်သူ အိုမာမိုဟာမက်က ပြောပါတယ်။

တိုက်ခိုက်ရေးသမားတွေဟာ လုံခြုံရေးဂိတ်အနီးက အခွန်ကောက်ခံရေးရုံးကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ ဗိုလ်ကြီးမိုဟာမက်ဟူစိန်က သတင်းထောက်တွေကိုပြောပါတယ်။ လက်ရှိအချိန်ထိ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က မှ ဝန်ခံပြောကြားတာမျိုးမရှိသေးပါဘူး။

ဆိုမာလီမှာ အဲဒီလိုတိုက်ခိုက်မှုတွေကို အယ်ခိုင်ဒါအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အယ်လ်ရှာဘတ်စ်စစ်သွေးကြွတွေက အမြဲလိုလို လုပ်ဆောင်လေ့ရှိပါတယ်။

Ref : Russia Today
Photo : Reuters

#voiceofmyanmar #VOM #ဆိုမာလီ #ကားဗုံးပေါက်လို့ လူ၅၀ကျော်သေ

 

Zawgyi

ဆိုမာလီမွာ ကားဗံုးေပါက္ကြဲမႈေၾကာင္႔ လူ ၅၀ ေသဆံုး၊ ၉၀ ေက်ာ္ဒါဏ္ရာရ

မိုဂါဒစ္ရွဴး၊ ဒီဇင္ဘာ-၂၈-၂၀၁၉
မ်ိဳးဆက္ (VOM)

ဆိုမာလီနိုင္ငံ မိုဂါဒစ္ရွဴးျမိဳ႕ရိွ စစ္ေဆးေရးဂိတ္တစ္ခုမွာ ဒီဇင္ဘာ ၂၈ ရက္ေန႔က ကားဗံုးေပါက္ကြဲမႈေၾကာင္႔ လူ ၅၀ ဦးထက္မနည္းေသဆံုးသြားျပီး ေသဆံုးသူေတြထဲမွာ တကၠသိုလ္ေက်ာင္းသားေတြလည္း ပါ၀င္ေနပါတယ္။

အင္အားျပင္းေပါက္ကြဲမႈေၾကာင္႔ ဘန္နာဒါတကၠသိုလ္ကေက်ာင္းသားေက်ာင္းသူေတြကို တင္ေဆာင္လာတဲ႔ ဘတ္စ္ကားတစ္စီးပ်က္စီးသြားတယ္လို႔ မိုဂါဒစ္ရွဴးျမိဳ႕ေတာ္၀န္ အိုမာမိုဟာမက္ကို ကိုးကားျပီး ဘန္ဆန္ေရဒီယိုသတင္းဌာနက ဆိုပါတယ္။

ေပါက္ကြဲမႈမျဖစ္ပြားမီက အဲဒီစစ္ေဆးေရးဂိတ္မွာ လံုျခံဳေရးတပ္ဖြဲ႔၀င္ေတြနဲ႔ အိုင္အက္စ္အဖြဲ႔ေတြအၾကား ပစ္ခတ္မႈေတြျဖစ္ပြားခဲ႔တယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

ဒီျဖစ္စဥ္ေၾကာင္႔ အရပ္ ၉၀ ဦးထက္အနည္းဒါဏ္ရာရရိွခဲ႔ပါတယ္။ ထိခိုက္ဒါဏ္ရာရ ေသဆံုးသူေတြထဲမွာ ရဲတပ္ဖြဲ႔၀င္ တစ္ဒါဇင္ေက်ာ္ပါ၀င္တယ္လို႔ ေဒသဆိုင္ရာ လႊတ္ေတာ္အမတ္နဲ႔ လံုျခံဳေရး၀န္ၾကီးေဟာင္းျဖစ္သူ အိုမာမိုဟာမက္က ေျပာပါတယ္။

တိုက္ခိုက္ေရးသမားေတြဟာ လံုျခံဳေရးဂိတ္အနီးက အခြန္ေကာက္ခံေရးရံုးကို ပစ္မွတ္ထားတိုက္ခိုက္တာလို႔ ဗိုလ္ၾကီးမိုဟာမက္ဟူစိန္က သတင္းေထာက္ေတြကိုေျပာပါတယ္။ လက္ရိွအခ်ိန္ထိ ဒီတိုက္ခိုက္မႈနဲ႔ ပတ္သက္ျပီး ဘယ္အဖြဲ႔က မွ ၀န္ခံေျပာၾကားတာမ်ိဳးမရိွေသးပါဘူး။

ဆိုမာလီမွာ အဲဒီလိုတိုက္ခိုက္မႈေတြကို အယ္ခိုင္ဒါအဖြဲ႔နဲ႔ ဆက္ႏြယ္ေနတဲ႔ အယ္လ္ရွာဘတ္စ္စစ္ေသြးၾကြေတြက အျမဲလိုလို လုပ္ေဆာင္ေလ႔ရိွပါတယ္။

Ref : Russia Today
Photo : Reuters

#voiceofmyanmar #VOM #ဆိုုမာလီ #ကားဗံုုးေပါက္လိုု႕ လူ၅၀ေက်ာ္ေသ

Related posts

Leave a Comment

VOM News

FREE
VIEW