သရေခေတ္တရာပျုမြို့ဟောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ လူ၁၀၀၀ခန့်က ပြည်မြို့ကနေ မြို့ဟောင်းထိစက်ဘီးစီး

ပြည်၊ ဒီဇင်ဘာ ၂၉-၂၀၁၉
လပြည့်(VOM)

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ သရေခေတ္တရာပျူမြို့ဟောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့နဲ့ စက်ဘီးစီးအားကစား တွင်ကျယ်လာစေဖို့အတွက် လူတစ်ထောင်ခန့်စုပြီး ဒီကနေ့မနက်ပိုင်းက ပြည်မြို့မှာ စက်ဘီးစီးနင်းခဲ့ကြပါတယ် ။

“ကမ္ဘာ့အမွေအနစ်စာရင်းဝင်ဖြစ်တဲ့ ကျွန်တော်တို့ပြည်က ပျုမြို့ဟောင်းကို တချို့သူတွေမရောက်ဘူးကြပါဘူး။ အဲ့ဒီအတွက် ဒီမြို့ဟောင်းကိုမ‌ရောက်ဖူးကြတဲ့သူ‌တွေ‌ရောက်ဖူး‌အောင် ကျယ်ကျယ်ပြန့်ပြန့်သိဖို့အတွက်ရယ်၊ စက်ဘီးစီးတာကိုလည်း တွင်တွင်ကျယ်ကျယ်ဖြစ်ဖို့အတွက် ဒီလူထုစက်ဘီးစီးပွဲကိုလုပ်တာပါ” လို့ ပြည်မြို့မှာရှိတဲ့ သရေခေတ္တရာစက်ဘီးစီးအဖွဲ့က အတွင်းရေးမှူးကိုဉာဏ်လင်းအောင်ကပြောပါတယ်။

လူထုစက်ဘီးစီးပွဲကို ပြည်မြို့မှာနေတဲ့ အမျိုးသား၊ အမျိုးသမီး‌တွေအပြင် ကလေးသူငယ်များနဲ့ ပြည်မြို့အနီးတဝိုက်က ဥသျှစ်ပင် ၊ အောင်လံ ၊ ပုတီးကုန်းစတဲ့ မြို့တွေကလည်း လာရောက်စီးနင်းကြပါတယ် ။

“ကျွန်တော်က အောင်လံကနေလာစီးတာပါ၊ အောင်လံမှာက စက်ဘီးစီးအဖွဲ့ရှိတယ်လေ၊ အောင်လံကနေ ကျွန်တော်တို့အဖွဲ့ စက်ဘီးနင်းထွက်လာခဲ့တာပါ ၊ဒီမှာ လူထု့စက်ဘီးစီးပွဲဆိုတော့ ဘာဘဲဖြစ်ဖြစ် ကျန်းမာရေးအရ ပြည်မြို့မှာရှိတဲ့ စက်ဘီးစီးပါတနာတွေနဲ့ ခင်မင်ရင်းနှီးမှုတွေရစေဖို့လာစီးတာပါ။ စက်ဘီးစီးတာက ကျန်းမာရေးကို အများကြီးအထောက်အကူပြုတယ်လေ နောက်ထပ်စက်ဘီးစီးတာကို စိတ်ဝင်စားတဲ့သူတွေလည်း စက်ဘီးစီးကြပါ ၊ စက်ဘီးဟာလူကိုအများကြီးအထောက်အကူပြုပါတယ်” လို့ အောင်လံမြို့ကနေ စက်ဘီးလာစီးတဲ့ ကိုအောင်သူရကပြောပါတယ် ။

ဒီစက်ဘီးစီးပွဲကို ပြည်မြို့လယ်ခေါင်က ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ကနေ စတင်စီးနင်းခဲ့တာဖြစ်ပြီး ပျုမြို့ဟောင်းရှိ ဘောဘောကြီးဘုရားအထိစီးနင်းခဲ့ကြတာဖြစ်ပါတယ် ။

စက်ဘီးစီးနင်းကြသူတွေကို တီရှပ်အင်္ကျီ၊ အချိုရည်တွေ ဝေခဲ့ပြီး ပြိုင်ဘီး ၊ ဖုန်းဟန်းစက် ၊ စက်ဘီးစီးဦးထုပ်တွေကိုလည်း မဲဖောက်ပေးခဲ့တယ်လို့ သိရပါတယ် ။

#VOM #voiceofmyanmar #ပြည် #ပျူမြို့ဟောင်း #စက်ဘီးစီး

Zawgyi

သေရေခတၲရာပ်ဳၿမိဳ႕ေဟာင္းကို က်ယ္က်ယ္ျပန႔္ျပန႔္သိရိွေစဖို႔ လူ၁၀၀၀ခန္႔က ျပည္ၿမိဳ႕ကေန ၿမိဳ႕ေဟာင္းထိစက္ဘီးစီး

ျပည္၊ ဒီဇင္ဘာ ၂၉-၂၀၁၉
လျပည့္(VOM)

ကမာ႓႕အေမြအနွစ္စာရင္းဝင္ျဖစ္တဲ့ သေရေခတၲရာပ်ဴၿမိဳ႕ေဟာင္းကို က်ယ္က်ယ္ျပန႔္ျပန႔္သိရိွေစဖို႔နဲ႔ စက္ဘီးစီးအားကစား တြင္က်ယ္လာေစဖို႔အတြက္ လူတစ္ေထာင္ခန႔္စုၿပီး ဒီကေန႔မနက္ပိုင္းက ျပည္ၿမိဳ႕မွာ စက္ဘီးစီးနင္းခဲ့ၾကပါတယ္ ။

“ကမာ႓့အေမြအနစ္စာရင္းဝင္ျဖစ္တဲ့ ကၽြန္ေတာ္တို႔ျပည္က ပ်ဳၿမိဳ႔ေဟာင္းကို တခ်ိဳ႕သူေတြမေရာက္ဘူးၾကပါဘူး။ အဲ့ဒီအတြက္ ဒီၿမိဳ႕ေဟာင္းကိုမ‌ေရာက္ဖူးၾကတဲ့သူ‌ေတြ‌ေရာက္ဖူး‌ေအာင္ က်ယ္က်ယ္ျပန႔္ျပန႔္သိဖို႔အတြက္ရယ္၊ စက္ဘီးစီးတာကိုလည္း တြင္တြင္က်ယ္က်ယ္ျဖစ္ဖို႔အတြက္ ဒီလူထုစက္ဘီးစီးပြဲကိုလုပ္တာပါ” လို႔ ျပည္ၿမိဳ႔မွာရိွတဲ့ သေရေခတၲရာစက္ဘီးစီးအဖြဲ႔က အတြင္းေရးမွဴးကိုဉာဏ္လင္းေအာင္ကေျပာပါတယ္။

လူထုစက္ဘီးစီးပြဲကို ျပည္ၿမိဳ႕မွာေနတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီး‌ေတြအျပင္ ကေလးသူငယ္မ်ားနဲ႔ ျပည္ၿမိဳ႕အနီးတဝိုက္က ဥသ်ွစ္ပင္ ၊ ေအာင္လံ ၊ ပုတီးကုန္းစတဲ့ ၿမိဳ႕ေတြကလည္း လာေရာက္စီးနင္းၾကပါတယ္ ။

“ကြၽန္ေတာ္က ေအာင္လံကေနလာစီးတာပါ၊ ေအာင္လံမွာက စက္ဘီးစီးအဖြဲ႔ရိွတယ္ေလ၊ ေအာင္လံကေန ကြၽန္ေတာ္တို႔အဖြဲ႔ စက္ဘီးနင္းထြက္လာခဲ့တာပါ ၊ဒီမွာ လူထု႔စက္ဘီးစီးပြဲဆိုေတာ့ ဘာဘဲျဖစ္ျဖစ္ က်န္းမာေရးအရ ျပည္ၿမိဳ႕မွာရိွတဲ့ စက္ဘီးစီးပါတနာေတြနဲ႔ ခင္မင္ရင္းႏွီးမႈေတြရေစဖို႔လာစီးတာပါ။ စက္ဘီးစီးတာက က်န္းမာေရးကို အမ်ားႀကီးအေထာက္အကူျပဳတယ္ေလ ေနာက္ထပ္စက္ဘီးစီးတာကို စိတ္ဝင္စားတဲ့သူေတြလည္း စက္ဘီးစီးၾကပါ ၊ စက္ဘီးဟာလူကိုအမ်ားႀကီးအေထာက္အကူျပဳပါတယ္” လို႔ ေအာင္လံၿမိဳ႕ကေန စက္ဘီးလာစီးတဲ့ ကိုေအာင္သူရကေျပာပါတယ္ ။

ဒီစက္ဘီးစီးပြဲကို ျပည္ၿမိဳ႕လယ္ေခါင္က ဗိုလ္ခ်ဳပ္ျမင္းစီးေက်ာက္ရုပ္ကေန စတင္စီးနင္းခဲ့တာျဖစ္ၿပီး ပ်ဳၿမိဳ႕ေဟာင္းရိွ ေဘာေဘာႀကီးဘုရားအထိစီးနင္းခဲ့ၾကတာျဖစ္ပါတယ္ ။

စက္ဘီးစီးနင္းၾကသူေတြကို တီရွပ္အက်ႌ၊ အခ်ိဳရည္ေတြ ေဝခဲ့ၿပီး ၿပိဳင္ဘီး ၊ ဖုန္းဟန္းစက္ ၊ စက္ဘီးစီးဦးထုပ္ေတြကိုလည္း မဲေဖာက္ေပးခဲ့တယ္လို႔ သိရပါတယ္ ။

#VOM #voiceofmyanmar #ျပည္ #ပ်ဴၿမိဳ႕ေဟာင္း #စက္ဘီးစီး

Related posts

Leave a Comment

VOM News

FREE
VIEW