အမေရိကန်မှာ၂၀၁၉ ခုနှစ်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စံချိန်တင်

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၉-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံမှာ အခြားနှစ်တွေထက် ၂၀၁၉ ခုနှစ်အတွင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ စံချိန်တင်ဖြစ်ပွားခဲ့တယ်လို့ သုတေသီတွေကပြောပါတယ်။

ယခုနှစ်အတွင်း အမေရိကန်မှာ မတော်တဆမှု ၄၁ ခုဖြစ်ပွားခဲ့ရာ လူ ၂၁၁ ဦးသေဆုံးခဲ့တယ်လို့ အေပီသတင်းဌာန၊ ယူအက်စ်အေတူဒေးနှင့် အရှေ့မြောက်တက္ကသိုလ်တို့မှ စုဆောင်းထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်သူမှအပ တူညတဲ့ မတော်တဆမှုဖြစ်စဉ်တွေမှာ လူလေးဦး သို့မဟုတ် လေးဦးထက်ပိုပြီး သေဆုံးမှုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအဖြစ် သတ်မှတ်ထားပါတယ်။

၂၀၁၉ ခုနှစ်အတွင်း အသေအပျောက်အများဆုံးဖြစ်ရပ်တွေကတော့ ဗာဂျီးနီယားကမ်းခြေမှာ မေလအတွင်း လူ ၁၂ ဦးအသတ်ခံရခြင်းနဲ့ သြဂုတ်လအတွင်း အယ်လ်ပါဆိုမှာ လူ ၂၂ ဦးအသတ်ခံရတဲ့ ဖြစ်စဉ်တို့ဖြစ်ပါတယ်။

ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၁ ခုအနက် ၃၃ ခုမှာ သေနတ်နဲ့တိုက်ခိုက်မှုတွ ပါဝင်တယ်လို့ သုတေသီတွေကပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိပ်ဆုံးမှာရပ်တည်နေပါတယ်။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #အမေရိကန် #သတ်ဖြတ်မှု #စံချိန်တင်

Zawgyi

အေမရိကန္မွာ၂၀၁၉ ခုနွစ္အတြင္း အစုလိုက္အျပံဳလိုက္သတ္ျဖတ္မႈ စံခ်ိန္တင္

၀ါရွင္တန္၊ ဒီဇင္ဘာ-၂၉-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္နိုင္ငံမွာ အျခားနွစ္ေတြထက္ ၂၀၁၉ ခုနွစ္အတြင္းမွာ အစုလိုက္အျပံဳလိုက္သတ္ျဖတ္မႈေတြ စံခ်ိန္တင္ျဖစ္ပြားခဲ႔တယ္လို႔ သုေတသီေတြကေျပာပါတယ္။

ယခုနွစ္အတြင္း အေမရိကန္မွာ မေတာ္တဆမႈ ၄၁ ခုျဖစ္ပြားခဲ႔ရာ လူ ၂၁၁ ဦးေသဆံုးခဲ႔တယ္လို႔ ေအပီသတင္းဌာန၊ ယူအက္စ္ေအတူေဒးနွင္႔ အေရွ႕ေျမာက္တကၠသိုလ္တို႔မွ စုေဆာင္းထားတဲ႔ အခ်က္အလက္ေတြမွာ ေဖာ္ျပထားပါတယ္။

ျပစ္မႈက်ဴးလြန္သူမွအပ တူညတဲ႔ မေတာ္တဆမႈျဖစ္စဥ္ေတြမွာ လူေလးဦး သို႔မဟုတ္ ေလးဦးထက္ပိုျပီး ေသဆံုးမႈကို အစုလိုက္အျပံဳလိုက္သတ္ျဖတ္ျခင္းအျဖစ္ သတ္မွတ္ထားပါတယ္။

၂၀၁၉ ခုနွစ္အတြင္း အေသအေပ်ာက္အမ်ားဆံုးျဖစ္ရပ္ေတြကေတာ႔ ဗာဂ်ီးနီယားကမ္းေျခမွာ ေမလအတြင္း လူ ၁၂ ဦးအသတ္ခံရျခင္းနဲ႔ ႔ ၾသဂုတ္လအတြင္း အယ္လ္ပါဆိုမွာ လူ ၂၂ ဦးအသတ္ခံရတဲ႔ ျဖစ္စဥ္တို႔ျဖစ္ပါတယ္။

ျဖစ္ပြားခဲ႔တဲ႔ အစုလိုက္အျပံဳလိုက္သတ္ျဖတ္မႈ ၄၁ ခုအနက္ ၃၃ ခုမွာ ေသနတ္နဲ႔တိုက္ခိုက္မႈတြ ပါ၀င္တယ္လို႔ သုေတသီေတြကေျပာပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္ဟာ အစုလိုက္အျပံဳလိုက္သတ္ျဖတ္မႈ ရွစ္ၾကိမ္ျဖစ္ပြားခဲ႔ျပီး ထိပ္ဆံုးမွာရပ္တည္ေနပါတယ္။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #အေမရိကန္ #သတ္ျဖတ္မွဳ #စံခ်ိန္တင္

Related posts

Leave a Comment

VOM News

FREE
VIEW