နာရေးချဖို့ လမ်းဖြတ်ခွင့်မရတဲ့ကိစ္စနဲ့ နှစ်ဖက်တင်းမာမှုဖြစ်နေတဲ့အတွက် ရဲလုံခြုံရေးချထားရ

နတ္တလင်း၊ ဒီဇင်ဘာ ၃၁-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ တာပွန်မြို့၊ ကွေ့ကြီးကျေးရွာမှာ ကျေးရွာသားတစ်ဦးဖြစ်တဲ့ ရဟန်းဒါယကာတစ်ဦး နာရေးချဖို့ လမ်းဖြတ်ခွင့်မရတဲ့ကိစ္စနဲ့ ရွာသားအချင်းချင်း နှစ်ဖက်တင်းမာမှုဖြစ်နေပြီး ရဲလုံခြုံရေးချထားရတယ်လို့ သိရပါတယ်။

“ဟိုတုန်းကလည်း တစ်ခါသွားခဲ့ဖူးပါတယ်။ ကျနော်တို့မှာ သွားစရာမှမရှိတာ၊ အနောက်ဖက်လမ်းက ဂမူတွေနဲ့အဆင်မပြေဖူး၊ သူတို့ကအစဉ်အလာမရှိဖူးဆိုပြီး အယူသီးနေကြတာ၊ ကျနော်တို့က ပြည်သူပိုင်လမ်းမှာသွားတာပါ။ ရွာရဲ့အိမ်ခြေ ၂၅၀လောက်က သွားချင်တာ၊ သူတို့အိမ်၅၀လောက်က လက်မခံဖူးဖြစ်နေတာ”လို့ ဒေသခံကိုကျော်နိုင်ကပြောပါတယ်။

မနေ့က ရဟန်းဒါယကာတစ်ဦးနာရေးချဖို့အသွား ရွာတောင်ပိုင်းနဲ့မြောက်ပိုင်း၊ မြစ်မခ‌ချောင်းကူး၊ အောင်သုခတံတားအနီးမှာ ဦးစိုးမြင့်နဲ့ လူ(၄၀)ဟာ သူတို့ရွာလယ်လမ်းအတိုင်း ဆက်မသွားဖို့ တားမြစ်ခဲ့တဲ့အတွက် အလောင်းကို ဆက်လက်သယ်ဆောင်နိုင်ခြင်းမရှိဘဲ နှစ်ဖက်တင်းမာမှုတွေဖြစ်ခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

“ နှစ်ပေါင်း(၇၀)လောက်ကတည်းက ပိတ်ထားတဲ့လမ်းပါ၊ ခါတိုင်းရွာပြင်ကသွားရတယ်။ ကျနော်တို့ကလည်း မနေ့က လပတ်အစည်းအဝေးသွားနေတဲ့အချိန် သွားမယ်ဆိုတဲ့သူတွေကသွားမယ် ၊ မသွားနဲ့ဆိုပြီးတားတဲ့သူတွေက တားတယ်ပေါ့ ၊ လက်ရှိအနေအထားကတော့ ရဲ ၊ ထွေအုပ် က‌ျနော်တို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အကုန်စောင့်ပေးနေရတယ် ။ အိမ်ခြေက ၃၁၄အိမ်ရှိပါတယ်လို့”ကွေ့ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်စိုးက ပြောပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အဲ့ဒီရွာက ဦးမြဌေးဆိုသူကလည်း“နှစ်ပေါင်း ၄၀/၅၀လောက်က ရွာမှာချောင်းရှိတယ် ။ ဖြစ်တာကတစ်ဖက်ကမ်းမှာ၊ ရွာထဲမှာဆည်မရှိခင်က နွေဆိုရင်လှည်းနဲ့အသုဘချကြတယ်။ မိုးတွင်းဆို လှေနဲ့ပေါ့ ၊ အခုဆည်ရှိတဲ့အခါကြတော့ တံတားတွေကလည်းအထပ်ထပ်၊ နွေဆိုလည်းသွားမရတော့ဘူး ။ ကျနော်တို့က ၉နှစ်အတွင်း အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ဟိုတုန်းကအကြောက်တရားတွေနဲ့ဆိုတော့ မဖြတ်ရဲကြဘူး၊ အခုခေတ်တော့ ဒီဘက်ကလူတွေမှာ ပညာတတ်တွေပါတယ် ၊ ဟိုဘက်ကတားတဲ့သူတွေမှာလည်း ပညာတတ်တွေပါတယ်။ လက်ခံလောက်ပြီဆိုပြီး ဒီတစ်ကြိမ်မဆုတ်တမ်းကြိုးစားကြည့်တာပါ ၊ သူတို့လက်မခံဘူးဆိုလည်း မြို့ပေါ်ကညွှန်ကြားမှုတွေနဲ့ ဒီနေရာမှာထားခဲ့မယ်။ တရားမလမ်းကြောင်းအရဖြစ်ဖြစ် ၊ ရာဇဝတ်ကြောင်းအရဖြစ်ဖြစ် ဒီလမ်းပေါက်ရေးအတွက် အနုနည်းနဲ့တိုက်သွားမှာပါလို့”ပြောပါတယ်။

ရဟန်းဒါယကာတစ်ဦးရဲ့နာရေးကို ရွှေထီးတွေနဲ့ အသုဘချရာမှာ နောက်ဖေးလမ်းကြားကမချဘဲ ရွာလယ်လမ်းကချမှသာ ရွာရဲ့လှူရေးတန်းရေး၊ သာသနာ့အားဇာနည်တွေကို ဒီလိုတခမ်းတနား ချမှသာ ကျန်တဲ့သူတွေ အားကျမယ်၊ သံ‌ဝေဃတွေရကြမယ်၊ သာသနာကြီးလည်း အဓွန့်ရှည်မယ်လို့တွေးမိတယ်လို့ ရွာသားအချို့ကပြောဆိုကြတာလည်း ရှိပါတယ်။

“လက်ရှိအနေအထားကတော့ မနေ့က နေရာမှာဘဲရှိသေးတယ်ခင်ဗျ၊ ကျနော်တို့လည်း စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးလုပ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ရှိပါတယ်”လို့ နတ္တလင်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူးဦးသန်းထွန်းကပြောပါတယ်။

နာရေးချဖို့ ကိစ္စနဲ့ပတ်သက်ပြီး နတ္တလင်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူးဦးသန်းထွန်း၊ လဝကဦးစီးမှူးဦးကျင်စိန် ၊ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်စိုး ၊ရဲအုပ်အောင်ဇော်မိုးနှင့်အဖွဲ့ ၊သေဆုံးသူမိသားစုဝင်တွေက မလိုလားအပ်တဲ့ ပြဿနာများမဖြစ်ပွါးဖို့ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #နတ္တလင်း #နာရေး #နှစ်ဖက်တင်းမာမှု

Zawgyi

နာေရးခ်ဖို႔ လမ္းျဖတ္ခြင့္မရတဲ့ကိစၥနဲ႔ ႏွစ္ဖက္တင္းမာမႈျဖစ္ေနတဲ့အတြက္ ရဲလုံၿခဳံေရးခ်ထားရ

နတၱလင္း၊ ဒီဇင္ဘာ ၃၁-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင္း၊ နတၱလင္းၿမိဳ႕နယ္၊ တာပြန္ၿမိဳ႕၊ ေကြ႕ႀကီးေက်း႐ြာမွာ ေက်းရြာသားတစ္ဦးျဖစ္တဲ့ ရဟန္းဒါယကာတစ္ဦး နာေရးခ်ဖို႔ လမ္းျဖတ္ခြင့္မရတဲ့ကိစၥနဲ႔ ရြာသားအခ်င္းခ်င္း ႏွစ္ဖက္တင္းမာမႈျဖစ္ေနၿပီး ရဲလုံၿခဳံေရးခ်ထားရတယ္လို႔ သိရပါတယ္။

“ဟိုတုန္းကလည္း တစ္ခါသြားခဲ့ဖူးပါတယ္။ က်ေနာ္တို႔မွာ သြားစရာမွမရွိတာ၊ အေနာက္ဖက္လမ္းက ဂမူေတြနဲ႔အဆင္မေျပဖူး၊ သူတို႔ကအစဥ္အလာမရွိဖူးဆိုၿပီး အယူသီးေနၾကတာ၊ က်ေနာ္တို႔က ျပည္သူပိုင္လမ္းမွာသြားတာပါ။ ႐ြာရဲ႕အိမ္ေျခ ၂၅၀ေလာက္က သြားခ်င္တာ၊ သူတို႔အိမ္၅၀ေလာက္က လက္မခံဖူးျဖစ္ေနတာ”လို႔ ေဒသခံကိုေက်ာ္ႏိုင္ကေျပာပါတယ္။

မေန႔က ရဟန္းဒါယကာတစ္ဦးနာေရးခ်ဖို႔အသြား ႐ြာေတာင္ပိုင္းနဲ႔ေျမာက္ပိုင္း၊ ျမစ္မခ‌ေခ်ာင္းကူး၊ ေအာင္သုခတံတားအနီးမွာ ဦးစိုးျမင့္နဲ႔ လူ(၄၀)ဟာ သူတို႔႐ြာလယ္လမ္းအတိုင္း ဆက္မသြားဖို႔ တားျမစ္ခဲ့တဲ့အတြက္ အေလာင္းကို ဆက္လက္သယ္ေဆာင္ႏိုင္ျခင္းမရွိဘဲ ႏွစ္ဖက္တင္းမာမႈေတြျဖစ္ခဲ့တယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံးကေန သိရပါတယ္။

“ ႏွစ္ေပါင္း(၇၀)ေလာက္ကတည္းက ပိတ္ထားတဲ့လမ္းပါ၊ ခါတိုင္း႐ြာျပင္ကသြားရတယ္။ က်ေနာ္တို႔ကလည္း မေန႔က လပတ္အစည္းအေဝးသြားေနတဲ့အခ်ိန္ သြားမယ္ဆိုတဲ့သူေတြကသြားမယ္ ၊ မသြားနဲ႔ဆိုၿပီးတားတဲ့သူေတြက တားတယ္ေပါ့ ၊ လက္ရွိအေနအထားကေတာ့ ရဲ ၊ ေထြအုပ္ က‌်ေနာ္တို႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး အကုန္ေစာင့္ေပးေနရတယ္ ။ အိမ္ေျခက ၃၁၄အိမ္ရွိပါတယ္လို႔”ေကြ႕ႀကီးေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဦးတင္စိုးက ေျပာပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အဲ့ဒီ႐ြာက ဦးျမေဌးဆိုသူကလည္း“ႏွစ္ေပါင္း ၄၀/၅၀ေလာက္က ႐ြာမွာေခ်ာင္းရွိတယ္ ။ ျဖစ္တာကတစ္ဖက္ကမ္းမွာ၊ ႐ြာထဲမွာဆည္မရွိခင္က ေႏြဆိုရင္လွည္းနဲ႔အသုဘခ်ၾကတယ္။ မိုးတြင္းဆို ေလွနဲ႔ေပါ့ ၊ အခုဆည္ရွိတဲ့အခါၾကေတာ့ တံတားေတြကလည္းအထပ္ထပ္၊ ေႏြဆိုလည္းသြားမရေတာ့ဘူး ။ က်ေနာ္တို႔က ၉ႏွစ္အတြင္း အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့တယ္။ ဟိုတုန္းကအေၾကာက္တရားေတြနဲ႔ဆိုေတာ့ မျဖတ္ရဲၾကဘူး၊ အခုေခတ္ေတာ့ ဒီဘက္ကလူေတြမွာ ပညာတတ္ေတြပါတယ္ ၊ ဟိုဘက္ကတားတဲ့သူေတြမွာလည္း ပညာတတ္ေတြပါတယ္။ လက္ခံေလာက္ၿပီဆိုၿပီး ဒီတစ္ႀကိမ္မဆုတ္တမ္းႀကိဳးစားၾကည့္တာပါ ၊ သူတို႔လက္မခံဘူးဆိုလည္း ၿမိဳ႕ေပၚကၫႊန္ၾကားမႈေတြနဲ႔ ဒီေနရာမွာထားခဲ့မယ္။ တရားမလမ္းေၾကာင္းအရျဖစ္ျဖစ္ ၊ ရာဇ၀တ္ေၾကာင္းအရျဖစ္ျဖစ္ ဒီလမ္းေပါက္ေရးအတြက္ အႏုနည္းနဲ႔တိုက္သြားမွာပါလို႔”ေျပာပါတယ္။

ရဟန္းဒါယကာတစ္ဦးရဲ႕နာေရးကို ေ႐ႊထီးေတြနဲ႔ အသုဘခ်ရာမွာ ေနာက္ေဖးလမ္းၾကားကမခ်ဘဲ ႐ြာလယ္လမ္းကခ်မွသာ ႐ြာရဲ႕လႉေရးတန္းေရး၊ သာသနာ့အားဇာနည္ေတြကို ဒီလိုတခမ္းတနား ခ်မွသာ က်န္တဲ့သူေတြ အားက်မယ္၊ သံ‌ေဝဃေတြရၾကမယ္၊ သာသနာႀကီးလည္း အဓြန႔္ရွည္မယ္လို႔ေတြးမိတယ္လို႔ ႐ြာသားအခ်ိဳ႕ကေျပာဆိုၾကတာလည္း ရိွပါတယ္။

“လက္ရွိအေနအထားကေတာ့ မေန႔က ေနရာမွာဘဲရွိေသးတယ္ခင္ဗ်၊ က်ေနာ္တို႔လည္း စီမံခန႔္ခြဲမႈေကာ္မတီအစည္းအေဝးလုပ္ၿပီး ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးဖို႔ရွိပါတယ္”လို႔ နတၱလင္းၿမိဳ႕နယ္ဒုအုပ္ခ်ဳပ္ေရးမႉးဦးသန္းထြန္းကေျပာပါတယ္။

နာေရးခ်ဖို႔ ကိစၥနဲ႔ပတ္သက္ၿပီး နတၱလင္းၿမိဳ႕နယ္ဒုအုပ္ခ်ဳပ္ေရးမႉးဦးသန္းထြန္း၊ လ၀ကဦးစီးမႉးဦးက်င္စိန္ ၊ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဦးတင္စိုး ၊ရဲအုပ္ေအာင္ေဇာ္မိုးႏွင့္အဖြဲ႕ ၊ေသဆုံးသူမိသားစု၀င္ေတြက မလိုလားအပ္တဲ့ ျပႆနာမ်ားမျဖစ္ပြါးဖို႔ ေစာင့္ၾကည့္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #နတၱလင္း #နာေရး #နွစ္ဖက္တင္းမာမွဳ

Related posts

Leave a Comment

VOM News

FREE
VIEW