YBS ကဒ်စနစ်က ကားပေါ်အတက်အဆင်း နှစ်ကြိမ်ဖြတ်ရမယ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁-၂၀၁၉
သိဂီ ၤ(VOM)

YBS ကဒ်စနစ် စတင်ချိန်မှာ ငွေအကြွေလဲလှယ်ရတဲ့ ဒုက္ခမရှိတော့ပေမယ့် ကဒ်စနစ်က ကားပေါ်အတက်တစ်ကြိမ် ၊ အဆင်းတစ်ကြိမ် အသုံးပြုရမှာဖြစ်ပါတယ်။

လက်ရှိမှာ မြို့တွင်းပြေးဆွဲနေတဲ့ YBS ကား ၁၅၀၀ ကို ကဒ်စနစ်စက်တွေတပ်ဆင်နေရာ အစီး ၁၀၀ လောက်သာကျန်တော့တယ်လို့ သိရပါတယ်။

ကဒ်စနစ် အသုံးပြုမယ်ဆိုရင် အတက်တစ်ကြိမ်၊ အဆင်းတစ်ကြိမ် စက်ကို မဖြစ်မနေ ကဒ်ထိဖြတ်ရမှာဖြစ်တယ်လို့ Asia starmar Transport Intelligence ကုမ္ပဏီလီမိတက်ကနေ သိရပါတယ်။

” အခုက နှစ်ခေါက်ဖြတ်ကိုဖြတ်မှရမယ်။ ဒါကညွှန်ကြားချက်အတိုင်းပါ။ ဖြတ်ကိုဖြတ်ရမယ်။ ပိုက်ဆံဘယ်လိုဖြတ်မလဲ ၊ ဘယ်လိုသုံးရမလဲဆိုတာကို တရားဝင်ကြေငြာပေးမယ်။ “လို့ Asia starmar Transport Intelligence ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ ဒေါ်ရီရီခင် ကပြောပါတယ်။

လက်ရှိ ငွေအကြွေပုံးထဲထည့်တဲ့စနစ်မှာတောင် ရုံးတက်၊ ရုံးဆင်းချိန်ရောက်ရင် ကားတစ်စီးလုံး စီးနင်းသူအပြည့်ဖြစ်တဲ့အတွက် အဆင်းအတက်ကို အလုအယက် လုပ်နေကြရပါတယ်။

ဒီလိုအချိန်မျိုးမှာ ကဒ်စနစ်က ကားပေါ် တက်ရင် တစ်ကြိမ် အဆင်းမှာတစ်ကြိမ်အသုံးပြုရမယ်ဆိုရင် ခရီးသည်အတင်အချ ကြာမြင့်နိုင်သလို အသုံးပြုသူတွေအတွက်လည်း အခက်အခဲဖြစ်စေမယ့်အပြင် ယာဉ်ကြောပိတ်ဆိုမှုတွေဖြစ်စေမှာဖြစ်ပါတယ်။

ဒါကြောင့် ကဒ်စနစ်စတင်မှုနဲ့အတူ တွေ့ကြုံရမယ့်အခက်အခဲတွေကို ဖြေရှင်းဖို့ ကြိုတင် ပြင်ဆင်ထားဖို့လိုအပ်နေတာလည်း ဖြစ်ပါတယ်။

“ခု ပိုက်ဆံထည့်စီးတာတောင် နောက်ပေါက်က တင်တာတွေရှိသလို မတ်တပ်ရပ်ကိုမှ တိုးလို့မရအောင် အပြည့်တင်တာ။ အထွက်ပေါက်နားမှာက ရပ်ရ ၄ ယောက်ပေါ့။ ကဒ်သုံးမယ်ဆိုရင် တစ်ယောက်ပြီးမှတစ်ယောက် လုပ်ရမယ်။ လူစောင့်ရမယ်။ ကြာမယ် ။ ကားပိတ်မယ်။ ဒီအတိုင်းဆို ကဒ်စနစ်က အောင်မြင်မှာမဟုတ်ဘူး။ “လို့ ရန်ကုန်မြို့နေ ကိုကျော်မင်းစိုးကပြောပါတယ်။

YBS ကဒ်စနစ်စက်တွေကို ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် ၊ YUPT ကုမ္ပဏီ၊ YBPC ကုမ္ပဏီ နှင့် ရွေတောင်ပိုင်းကုမ္ပဏီ က ကားတွေကို ကနဦး တပ်ဆင်နေတာပါ။

ယာဉ်စီးခနှုန်းကို ဘယ်လိုဖြတ်တောက်မလဲဆိုတာတော့ ကြေငြာပေးမယ်လို့ သိရပြီး လက်ရှိမှာတော့ YBSဘတ်စ်ကားပေါင်း ၄၀၀၀ ကျော်နဲ့ နေ့စဉ် ပြေးဆွဲဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။

ကားခတွေက ၁၀၀၊ ၂၀၀၊ ၃၀၀၊ ၅၀၀ အထိရှိပြီး YBS ကဒ်စနစ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရပိုင် Yangon Payment Services Co.,Ltd နဲ့ Asia Starmar Transport Intelligence – ASTI ကုမ္ပဏီက ပူးပေါင်းဖော်ဆောင်နေတာဖြစ်ပါတယ်။

#VOM #voiceofmyanmarv #YBS #ကဒ်စနစ်

Zawgyi

YBS ကဒ္စနစ္က ကားေပၚအတက္အဆင္း ႏွစ္ႀကိမ္ျဖတ္ရမယ္

ရန္ကုန္၊ ဒီဇင္ဘာ ၃၁-၂၀၁၉
သိဂီ ၤ(VOM)

YBS ကဒ္စနစ္ စတင္ခ်ိန္မွာ ေငြအေႀကြလဲလွယ္ရတဲ႕ ဒုကၡမရွိေတာ့ေပမယ့္ ကဒ္စနစ္က ကားေပၚအတက္တစ္ႀကိမ္ ၊ အဆင္းတစ္ႀကိမ္ အသုံးျပဳရမွာျဖစ္ပါတယ္။

လက္ရွိမွာ ျမိဳ႕တြင္းေျပးဆြဲေနတဲ႕ YBS ကား ၁၅၀၀ ကို ကဒ္စနစ္စက္ေတြတပ္ဆင္ေနရာ အစီး ၁၀၀ ေလာက္သာက်န္ေတာ့တယ္လို႔ သိရပါတယ္။

ကဒ္စနစ္ အသုံးျပဳမယ္ဆိုရင္ အတက္တစ္ႀကိမ္၊ အဆင္းတစ္ႀကိမ္ စက္ကို မျဖစ္မေန ကဒ္ထိျဖတ္ရမွာျဖစ္တယ္လို႕ Asia starmar Transport Intelligence ကုမၸဏီလီမိတက္ကေန သိရပါတယ္။

” အခုက နွစ္ေခါက္ျဖတ္ကိုျဖတ္မွရမယ္။ ဒါကညႊန္ႀကားခ်က္အတ္ိုင္းပါ။ ျဖတ္ကိုျဖတ္ရမယ္။ ပိုက္ဆံဘယ္လိုျဖတ္မလဲ ၊ ဘယ္လိုသုံးရမလဲဆိုတာကို တရားဝင္ေႀကျငာေပးမယ္။ “လို႕ Asia starmar Transport Intelligence ကုမၸဏီလီမိတက္မွ တာဝန္ရွိသူ ေဒၚရီရီခင္ ကေျပာပါတယ္။

လက္ရွိ ေငြအေႀကြပုံးထဲထည့္တဲ့စနစ္မွာေတာင္ ရုံးတက္၊ ရုံးဆင္းခ်ိန္ေရာက္ရင္ ကားတစ္စီးလုံး စီးနင္းသူအျပည့္ျဖစ္တဲ့အတြက္ အဆင္းအတက္ကို အလုအယက္ လုပ္ေနၾကရပါတယ္။

ဒီလိုအခ်ိန္မ်ိဳးမွာ ကဒ္စနစ္က ကားေပၚ တက္ရင္ တစ္ႀကိမ္ အဆင္းမွာတစ္ႀကိမ္အသုံးျပဳရမယ္ဆိုရင္ ခရီးသည္အတင္အခ် ႀကာျမင့္နိုင္သလို အသုံးျပဳသူေတြအတြက္လည္း အခက္အခဲျဖစ္ေစမယ့္အျပင္ ယာဥ္ေႀကာပိတ္ဆိုမႈေတြျဖစ္ေစမွာျဖစ္ပါတယ္။

ဒါေႀကာင့္ ကဒ္စနစ္စတင္မႈနဲ႔အတူ ေတြ႕ႀကဳံရမယ့္အခက္အခဲေတြကို ေျဖရွင္းဖို႕ ႀကိဳတင္ ျပင္ဆင္ထားဖို႕လိုအပ္ေနတာလည္း ျဖစ္ပါတယ္။

“ခု ပိုက္ဆံထည့္စီးတာေတာင္ ေနာက္ေပါက္က တင္တာေတြရွိသလို မတ္တပ္ရပ္ကိုမွ တိုးလို့မရေအာင္ အျပည့္တင္တာ။ အထြက္ေပါက္နားမွာက ရပ္ရ ၄ ေယာက္ေပါ့။ ကဒ္သုံးမယ္ဆိုရင္ တစ္ေယာက္ျပီးမွတစ္ေယာက္ လုပ္ရမယ္။ လူေစာင့္ရမယ္။ ၾကာမယ္ ။ ကားပိတ္မယ္။ ဒီအတိုင္းဆို ကဒ္စနစ္က ေအာင္ျမင္မွာမဟုတ္ဘူး။ “လို႕ ရန္ကုန္ၿမိဳ႕ေန ကိုေက်ာ္မင္းစိုးကေျပာပါတယ္။

YBS ကဒ္စနစ္စက္ေတြကို ဗႏၶဳလသယ္ယူပို့ေဆာင္ေရး ကုမၸဏီလီမိတက္ ၊ YUPT ကုမၸဏီ၊ YBPC ကုမၸဏီ ႏွင့္ ေရြေတာင္ပိုင္းကုမၸဏီ က ကားေတြကို ကနဦး တပ္ဆင္ေနတာပါ။

ယာဥ္စီးခႏႈန္းကို ဘယ္လိုျဖတ္ေတာက္မလဲဆိုတာေတာ့ ေႀကျငာေပးမယ္လို႔ သိရၿပီး လက္ရွိမွာေတာ့ YBSဘတ္စ္ကားေပါင္း ၄၀၀၀ ေက်ာ္နဲ႔ ေန့စဥ္ ေျပးဆြဲ၀န္ေဆာင္မွုေပးေနတာျဖစ္ပါတယ္။

ကားခေတြက ၁၀၀၊ ၂၀၀၊ ၃၀၀၊ ၅၀၀ အထိရွိၿပီး YBS ကဒ္စနစ္ကုိ ရန္ကုန္တုိင္းေဒသႀကီးအစိုးရပိုင္ Yangon Payment Services Co.,Ltd နဲ႔ Asia Starmar Transport Intelligence – ASTI ကုမၸဏီက ပူးေပါင္းေဖာ္ေဆာင္ေနတာျဖစ္ပါတယ္။

#VOM #voiceofmyanmarv #YBS #ကဒ္စနစ္

Related posts

Leave a Comment

VOM News

FREE
VIEW