နျူကလီးယားနဲ့ ဒုံးပျံစမ်းစပ်မှုတွေပြန်လုပ်တော့မယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက်

ပြုံယမ်း၊ ဇန်နဝါရီ-၁-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်နဲ့ ဆွေးနွေးပွဲတွေမှာထားရှိခဲ့တဲ့ နျူကလီးယားနဲ့ တာဝေးပစ်ဒုံးပျံစမ်းသပ်မှုတွေ ဆိုင်းငံ့ထားတာကို အဆုံးသတ်လိုက်ပြီလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ မကြာမီကာလအတွင်း မဟာဗျူဟာမြောက်လက်နက်သစ်တစ်မျိုးကို စတင်စမ်းသပ် တော့မယ်လို့လည်း သူကပြောပါတယ်။

နျူကလီးယားအရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရေးကို တံခါးဖွင့်ထားဆဲဖြစ်ပေမယ့် နျူကလီးယား စမ်းသပ်မှုမှန်သမျှဟာ အမေရိကန်ရဲ့ ရပ်တည်ချက်သဘောထားအပေါ်မှာ မူတည်လုပ်ဆောင်သွားမယ်လို့ ကင်ဂျုံအန်ကပြောပါတယ်။

မြောက်ကိုရီးယားရဲ့နျူလက်နက်အစီအစဉ်တွေ အပြီးတိုင်စွန့်လွှတ်သည်အထိ အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ အမေရိကန်ကငြင်းဆန်တဲ့အတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား ဆွေးနွေးပွဲတွေဟာ ရှေ့မတိုးနောက်မဆုတ်အခြေအနေမှာရှိနေပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းမှာ အသေးစားလက်နက်စမ်းသပ်မှုတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒါဟာ အမေရိကန်ကို ဖိအားပေးဖို့ ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်မှုတွေနဲ့ အမေရိကန်ကုန်းတွင်းပိုင်းထိအောင် ရောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးပျံ (အိုင်စီဘီအမ်)တွေစမ်းသပ်မှုကိုတော့ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးမှု အခြေခံအချက်တစ်ချက်အရ ဆိုင်းငံထားတယ်လို့ သူတို့ကိုယ်တိုင်ကြေညာထားတာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးပျံစမ်းသပ်မှုတွေကို စမ်းသပ်မှုတွေကို ၂၀၁၇ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

ဒုံးပျံတွေပြန်လည်စမ်းသပ်တော့မယ်ဆိုတဲ့ ကင်ဂျုံအန်ရဲ့ ထုတ်ဖော်ပြောဆိုမှုဟာ မြောက်ကိုရီးယားအာဏာရပါတီရဲ့ ယခုနှစ်အတွင်း ပုံမှန်မဟုတ်တဲ့ဆွေးနွေးပွဲကို လေးရက်ကြာပြုလုပ်ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref : BBC Photo:AFP
#VOM #voiceofmyanmar #မြောက်ကိုရီးယား #နျူကလီးယား #ခြိမ်းးခြောက်

Zawgyi

န်ဴကလီးယားနဲ႔ ဒံုးပ်ံစမ္းစပ္မႈေတြျပန္လုပ္ေတာ႔မယ္လို႔ ေျမာက္ကိုရီးယားျခိမ္းေျခာက္

ျပံဳယမ္း၊ ဇန္နဝါရီ-၁-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္နဲ႔ ေဆြးေႏြးပြဲေတြမွာထားရွိခဲ့တဲ႔ ႏ်ဴကလီးယားနဲ႔ တာေဝးပစ္ဒံုးပ်ံစမ္းသပ္မႈေတြ ဆုိင္းင့ံထားတာကို အဆံုးသတ္လိုက္ျပီလို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ေျမာက္ကုိရီးယားႏုိင္ငံဟာ မၾကာမီကာလအတြင္း မဟာဗ်ဴဟာေျမာက္လက္နက္သစ္တစ္မ်ိဳးကုိ စတင္စမ္းသပ္ ေတာ့မယ္လို႔လည္း သူကေျပာပါတယ္။

န်ဴကလီးယားအေရးနဲ႔ပတ္သက္ျပီး ေတြ႔ဆံုေဆြးေႏြးေရးကို တံခါးဖြင္႔ထားဆဲျဖစ္ေပမယ္႔ ႏ်ဴကလီးယား စမ္းသပ္မႈမွန္သမွ်ဟာ အေမရိကန္ရဲ႕ ရပ္တည္ခ်က္သေဘာထားအေပၚမွာ မူတည္လုပ္ေဆာင္သြားမယ္လို႔ ကင္ဂ်ံဳအန္ကေျပာပါတယ္။

ေျမာက္ကုိရီးယားရဲ႕ႏ်ဴလက္နက္အစီအစဥ္ေတြ အျပီးတုိင္စြန္႔လႊတ္သည္အထိ အေရးယူပိတ္ဆုိ႔မႈေတြ ဖယ္ရွားေပးဖို႔ အေမရိကန္ကျငင္းဆန္တဲ႔အတြက္ အေမရိကန္နဲ႔ ေျမာက္ကုိရီးယားအၾကား ေဆြးေႏြးပဲြေတြဟာ ေရွ႔မတုိးေနာက္မဆုတ္အေျခအေနမွာရိွေနပါတယ္။

ေျမာက္ကုိရီးယားဟာ ၂၀၁၉ခုႏွစ္ ႏွစ္ကုန္ပုိင္းမွာ အေသးစားလက္နက္စမ္းသပ္မႈေတြကုိ အၾကိမ္ၾကိမ္ျပဳလုပ္ခဲ့ျပီး ဒါဟာ အေမရိကန္ကို ဖိအားေပးဖို႔ ၾကိဳးပမ္းမႈတစ္ရပ္ျဖစ္တယ္လို႔ ယူဆရပါတယ္။ ဒါေပမယ္႔ ေျမာက္ကုိရီးယားဟာ ႏ်ဴကလီးယားစမ္းသပ္မႈေတြနဲ႔ အေမရိကန္ကုန္းတြင္းပုိင္းထိေအာင္ ေရာက္ႏုိင္တဲ႔ တုိက္ခ်င္းပစ္ဒံုးပ်ံ (အုိင္စီဘီအမ္)ေတြစမ္းသပ္မႈကိုေတာ႔ အေမရိကန္နဲ႔ ညွိႏႈိင္းေဆြးေႏြးမႈ အေျခခံအခ်က္တစ္ခ်က္အရ ဆုိင္းငံထားတယ္လို႔ သူတို႔ကိုယ္တုိင္ေၾကညာထားတာျဖစ္ပါတယ္။

ေျမာက္ကုိရီးယားဟာ တိုက္ခ်င္းပစ္ဒံုးပ်ံစမ္းသပ္မႈေတြကို စမ္းသပ္မႈေတြကုိ ၂၀၁၇ခုႏွစ္ကတည္းက ရပ္ဆိုင္းခဲ႔တာျဖစ္ပါတယ္။

ဒံုးပ်ံေတြျပန္လည္စမ္းသပ္ေတာ႔မယ္ဆိုတဲ႔ ကင္ဂ်ံဳအန္ရဲ႕ ထုတ္ေဖာ္ေျပာဆိုမႈဟာ ေျမာက္ကိုရီးယားအာဏာရပါတီရဲ႕ ယခုနွစ္အတြင္း ပံုမွန္မဟုတ္တဲ႔ေဆြးေႏြးပြဲကို ေလးရက္ၾကာျပဳလုပ္ျပီးေနာက္ ထြက္ေပၚလာတာျဖစ္ပါတယ္။

Ref : BBC Photo:AFP
#VOM #voiceofmyanmar #ေျမာက္ကိုရီးယား #န်ဴကလီးယား #ျခိမ္းးေျခာက္

Related posts

Leave a Comment

VOM News

FREE
VIEW