အနာဂါတ်တရုတ်မြန်မာဆက်ဆံရေးအလားအလာနဲ့အပစ်ရပ်ဗျူဟာအလုပ်ဖြစ်မဖြစ်
Read More
ရန်ကုန်တိုင်းမှာ နှစ်သစ်ကူးည ရန်ကုန်ဆေးရုံကြီးကိုရောက်လာတဲ့ လူနာ၁၂၉ဦးရှိ
ရန်ကုန် ၊ ဇန်နဝါရီ ၁-၂၀၁၉ စွဲ့ဝတီ(VOM) ရန်ကုန်တိုင်းမှာ၂၀၂၀ခုနှစ်ကိုကြိုဆိုတဲ့ နှစ်သစ်ကူးညမှာ ပျော်ပွဲရွှင်ပွဲတွေ ပါဝင်ဆင်နွဲရာမှာ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို လူနာ ၁၂၉ဦးရောက်လာခဲ့တယ်လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် happy New Year နှစ်သစ်ကူးညက ရန်ကုန်အရေးပေါ်ဌာနသို့ လူနာ ၁၇၀ကျော်ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုနှစ်မှာ ၁၂၉ဦးသာ ရောက်ရှိခဲ့တဲ့အတွက် ယခင်နှစ်ကထက် လူနာရောက်ရှိမူ နည်းပါးခဲ့ပြီး သေဆုံးတဲ့သူ မရှိဘူးလို့ သိရပါတယ်။ “အရေးပေါ်ဌာနကို အများဆုံး ရောက်တာကတော့ ယာဉ်မတော်တဆမူပေါ့။ ရောက်ရှိလာတဲ့လူနာတွေက အသက်အန္တရာယ်မရှိပေမဲ့ ဆေးရုံတင်ကြတော့ ထိခိုက်ဒဏ်ရာရမူက ပြင်းထန်မူတော့ ရှိတာပေါ့။ “လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနက ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကိုရောက်လာတဲ့ လူနာတွေထဲမှာ ခိုက်ရန်ဖြစ်ပွားမှုနဲ့ ဒဏ်ရာရရောက်ရှိလာသူ၂၄ဦး ၊ ယာဉ်မတော်တဆမှု နဲ့ ဒဏ်ရာရလာသူ…
Read More
အေအေကဖမ်းဆီးသွားတဲ့ ကုန်းလမ်းပို့ဆောင်ရေးမှ ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးပြန်လွှတ်လာ
ဘူးသီးတောင်၊ ဇန်နဝါရီ ၁-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မနေ့က အေအေဖွဲ့က ဖမ်းဆီးသွားတဲ့ ကုန်းလမ်းပို့ဆောင်းမှ ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို ဒီကနေ့မနက် ၇ နာရီကျော်လောက်က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ အေအေကထုတ်ပြန်ထားပါတယ်။ အဲ့ဒီယဉ်မောင်းဝန်ထမ်း ၁၆ ယောက်ကို ဘူးသီတောင်မြို့နယ် ၊ သေကံကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေဆီကို လွှဲပေးလိုက်တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ “ဘူးသီးတောင်မှာရောက်နေပြီ။ ရွာကိုရောက်တာတော့ ၇ နာရီလောက်မှာလို့ လွှတ်ပေးလိုက်တယ်လို့သိရတယ်။ ဘူးသီးတောင်ကို့တော့ နေ့လည် ၁နာရီ ၁၀မိနစ်မှာရောက်တယ်။ အကုန်လုံးကိုလွှတ်ပေးလိုက်တယ်။” လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုအောင်က ပြောပါတယ်။ အေအေအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ အခုလိုပြန်လွှတ်ပေးလိုက်တာက အဲ့ဒီယာဉ်မောင်းဝန်ထမ်း ၁၆ ဦးဟာ စစ်ဖက်နဲ့သက်ဆိုင်မှူမရှိတဲ့အတွက် လွှတ်ပေးလိုက်တာဖြစ်ပြီး ခရီးသွာလိုတယ်ဆိုရင် အေအေ ကိုအကြောင်းကြားရမယ်လို့ ပါဝင်ပါတယ်။ “ပြန်လွှတ်လိုက်ပြီ။ ငါသတင်းကြည့်မှရမယ်။ ပြန်လွှတ်လိုက်ပြီဆိုတာတော့သိတယ်။” လို့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး…
Read More
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲအဆုံးသတ်ရေး သဘောတူလက်မှတ်ထိုးတော့မယ်
ဝါရှင်တန်၊ ဇန်နဝါရီ-၁-၂၀၁၉ မျိုးဆက် (VOM) ကာလရှည်စောင့်ဆိုင်းလာရတဲ့ အမေရိကန်-တရုတ်ကုန်သွယ်ရေး စစ်ပွဲပြေငြိမ်းရေးနဲ့ပတ်သက်တဲ့ သဘောတူညီမှုကို ဇန်နဝါရီ၁၅ရက်မှာ လက်မှတ်ရေးထိုးတော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာလိုက်ပါတယ်။ “ကုန်သွယ်ရေးဆိုင်ရာ ပထမအဆင့်သဘောတူညီမှုဟာ အင်အားကြီးစီးပွါးရေးနိုင်ငံနှစ်နိုင်ငံအကြား တင်းမာမှုတွေကို လျော့ကျစေလိမ့်မယ်လို့ မျှော်မှန်းရပါတယ်။ ဒီသဘောတူညီမှုကို တရုတ်နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ လက်မှတ်ရေးထိုးမယ်”လို့ အမေရိကန်သမ္မတကပြောပါတယ်။ အဲဒီနောက်ပိုင်း တစ်ချိန်ချိန်မှာတော့ မစ္စတာထရန့်ဟာ တရုတ်နိုင်ငံကို သွားရောက်ပြီး ဒုတိယအဆင့် သဘောတူညီမှုအတွက် ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်သွားမယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ မစ္စတာထရန့်ဟာ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ တိုးတက်လာတာကြောင့် တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးမြှင့်စည်းကြပ်ဖို့ အစီအစဉ်တွေကို မကြာသေးမီက ရုပ်သိမ်းလိုက်ပါတယ်။ လက်မှတ်ရေးထိုးမယ့် ပထမအဆင့် သဘောတူညီမှုအပါအချက်အလက်တွေကို လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိပေမယ့်လည်း တရုတ်နိုင်ငံဟာ အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်တွေကို တိုးမြှင့်ဝယ်ယူဖို့နဲ့ ဉာဏ်ဏပိုင်ဆိုင်မှုကာကွယ်ရေးကို တိုးမြှင့်ဖို့ကတိပြုထားပြီး အမေရိကန်က အခွန်ပြဌာန်းမှုအချို့ကိုပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ နှစ်ဖက်စလုံးက ပြောကြားထားပါတယ်။…
Read More
ကျောင်းဆရာမတွေလိုက်ပါလာတဲ့ ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး တစ်ဦးသေဆုံး၊ လေးဦး ဒဏ်ရာရ
မြဝတီ ၊ ဇန်နဝါရီ ၁-၂၀၁၉ မိုးယံ (VOM) မြဝတီမြို့နယ်၊ စုကလိမြို့၊ မုလအိတောင်အဆင်းလမ်း၊ နတ်ရေကန်အနီးမှာ ကျောင်းဆရာမတွေလိုက်လာတဲ့ ဘုရားဖူးကားဟာ မနေ့ ဒီဇင်ဘာ ၃၁ရက်နေ့ ညနေပိုင်းက ဘရိတ်ပေါက်ပြီး လမ်းဘေးထိုးကျ တိမ်းမှောက် ခဲ့တဲ့အတွက် ကျောင်းဆရာမတစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြဝတီမြို့ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။ ကျောင်းဆရာ။ဆရာမ ၁၃ ဦးလိုက်ပါလာတဲ့ KYA 1K/—-Vigo ဘုရားဖူးယာဉ် ဘရိတ်ပေါက်ပြီး လမ်းညာဘက်ကို ထိုးကျတိမ်းမှောက်ခဲ့တဲ့အတွက် ဒေါ်ယဉ်ယဉ်ဦးဆိုတဲ့ ကျောင်းဆရာမဟာ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ကျောင်းဆရာမ လေးဦးမှာ ဘယ်၊ ညာချိုစောင်း၊ နံဘေး ဖူးရောင်၊ ညာလက်ကျိုး ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့တဲ့အတွက် မြဝတီပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ‟မနေ့ညနေ၅နာရီ၁၅မိနစ်လောက်က မုလအိတောင်အဆင်း နတ်ရေကန်နားမှာ ဘုရားဖူးကား ဘရိတ်ပေါက်ပြီးတိမ်းမှောက်သွားတာပါ။ လေးဦးဒဏ်ရာရပြီး ဆရာမတစ်ဦးသေဆုံးခဲ့တယ်။ ဒဏ်ရာရတဲ့လူနာတွေကို…
Read More
နျူကလီးယားနဲ့ ဒုံးပျံစမ်းစပ်မှုတွေပြန်လုပ်တော့မယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက်
ပြုံယမ်း၊ ဇန်နဝါရီ-၁-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နဲ့ ဆွေးနွေးပွဲတွေမှာထားရှိခဲ့တဲ့ နျူကလီးယားနဲ့ တာဝေးပစ်ဒုံးပျံစမ်းသပ်မှုတွေ ဆိုင်းငံ့ထားတာကို အဆုံးသတ်လိုက်ပြီလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ မကြာမီကာလအတွင်း မဟာဗျူဟာမြောက်လက်နက်သစ်တစ်မျိုးကို စတင်စမ်းသပ် တော့မယ်လို့လည်း သူကပြောပါတယ်။ နျူကလီးယားအရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရေးကို တံခါးဖွင့်ထားဆဲဖြစ်ပေမယ့် နျူကလီးယား စမ်းသပ်မှုမှန်သမျှဟာ အမေရိကန်ရဲ့ ရပ်တည်ချက်သဘောထားအပေါ်မှာ မူတည်လုပ်ဆောင်သွားမယ်လို့ ကင်ဂျုံအန်ကပြောပါတယ်။ မြောက်ကိုရီးယားရဲ့နျူလက်နက်အစီအစဉ်တွေ အပြီးတိုင်စွန့်လွှတ်သည်အထိ အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ အမေရိကန်ကငြင်းဆန်တဲ့အတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား ဆွေးနွေးပွဲတွေဟာ ရှေ့မတိုးနောက်မဆုတ်အခြေအနေမှာရှိနေပါတယ်။ မြောက်ကိုရီးယားဟာ ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းမှာ အသေးစားလက်နက်စမ်းသပ်မှုတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒါဟာ အမေရိကန်ကို ဖိအားပေးဖို့ ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်မှုတွေနဲ့ အမေရိကန်ကုန်းတွင်းပိုင်းထိအောင် ရောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးပျံ (အိုင်စီဘီအမ်)တွေစမ်းသပ်မှုကိုတော့ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးမှု အခြေခံအချက်တစ်ချက်အရ ဆိုင်းငံထားတယ်လို့ သူတို့ကိုယ်တိုင်ကြေညာထားတာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ…
Read More
ပွဲခင်းထဲမှာအော်ဟစ်လို့ ရဲစခန်းက ခေါ်ယူထိန်းသိမ်းထားတဲ့ ရွာသား ၄ ဦးထဲက တစ်ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁-၂၀၁၉ သူရိန်(VOM) စစ်ကိုင်းတိုင်း၊ ဒီပဲရင်းမြို့နယ်၊ ပျံကျကျေးရွာအုပ်စုမှာ ပြာသိုလတိုင်းပြုလုပ်တဲ့ ပွဲခင်းအတွင်း ရွာသား ၄ ဦးက မူးယစ်အော်ဟစ်လို့ဆိုပြီး ရဲစခန်းကခေါ်ယူထိန်းသိမ်းရာ တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှေ့နေရဲ့ပြောပြချက်အရ သိရပါတယ်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ရွာသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရွာသား ၃ဦးကို လွတ်ပေးလိုက်ပြီး ကျန်ရှိနေတဲ့ ကိုသိန်းဝင်းဆိုသူ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ “သူတို့ပြာသိုလတိုင်းလုပ်တဲ့ပွဲခင်းမှာ ရွာသားတွေကမူးပြီးအော်ဟစ်လို့ဆိုပြီး ရဲတပ်ဖွဲ့က ကျင်စက်နဲ့တို့ပြီးရွာသားတွေကို တရွက်တိုက်ဆွဲခေါ်သွားတယ်လို့ပြောတယ်။ နောက်ရက်ကျတော့သုံး ယောက်ကိုပြန်လွှတ်လိုက်ပေမယ့် သေဆုံးသူကို ပြန်မလွှတ်ပေးဘူး။ နေဘက် သူ့မိန်းမက ထမင်းချိုင့်သွားပို့တော့လည်း ပေးမတွေ့ဘူး။ နောက်ရက်ကျမှ ဆေးရုံကိုရဲတွေကလာပို့တယ်ဆိုပြီး သွားကြည့်တော့သေနေပြီ။ ဆရာဝန်ကြီးက သူတို့ဆီလာပို့ကတည်းကသေနေပြီ ၊ဦးနှောက်ထဲသွေးရောက်တယ်လို့ပြောတာဘဲ။ စခန်းမှာအမှုဖွင့်ဖို့လုပ်ပေးမယ့် ရဲကပေးမဖွင့်ဘူး။ ဒါကလူသတ်မှုကို အမှုပေါ့အောင် ၊ သူတို့က…
Read More
နှစ်သစ်ကူးနေ့မှာ ကမ္ဘာတစ်ဝန်း ကလေးငယ် လေးသိန်းနီးပါးမွေးဖွားဖွယ်ရှိ
ကုလသမဂ္ဂ၊ ဇန်နဝါရီ-၁-၂၀၂၀ မျိုးဆက် (VOM) နှစ်သစ်ကူးတဲ့နေ့အတွင်း ပါကစ္စတန်မှာ ကလေးငယ် ၁၆၇၈၇ ဦးပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကလေးငယ် ၃၉၂၀၀၀ ကျော်မွေးဖွားလိမ့်မယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့( ယူနီဆက်ဖ်)က ပြောပါတယ်။ နှစ်သစ်ကူးနေ့အတွင်း ပထမဆုံးကလေးငယ်ကို ဖီဂျီမှာ မွေးဖွားလိမ့်မယ်လို့ ယူနီဆက်ဖ်ကယုံကြည်ထားပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ ကမ္ဘာတစ်ဝန်းကလေးမွေးဖွားမှုရဲ့ထက်ဝက်ဟာ ပါကစ္စတန်မှအပ အခြားခုနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ၆၇၃၈၅ ဦး၊ တရုတ်နိုင်ငံမှာ ၄၆၂၉၉ ဦး၊ နိုင်ဂျီးရီးယားမှာ၂၆၀၃၉ ဦး၊ အင်ဒိုနီးရှားမှာ ၁၃၀၂၀ ဦး၊ အမေရိကန်မှာ ၁၀၄၅၂ ဦး၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ၁၀၂၄၇ ဦး နဲ့အီသီယိုပီးယားမှာ ၈၄၉၃ ဦးတို့ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာတော့ မွေးကင်းစကလေးငယ်တွေ တစ်လမပြည့်မှီသေဆုံးမှုဟာ ၂ ဒသမ ၅ သန်းရှိပြီး သူတို့ထဲက သုံးပုံတစ်ပုံဟာ မွေးပြီးပြီးချင်း…
Read More
တရုတ်နိုင်ငံက သံတမာန်နိုင်ငံကူးနဲ့ တရားဝင်နိုင်ငံကူးလက်မှတ်ရှိသူတွေကို ရက်(၃၀)ဗီဇာကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်ပေး
မူဆယ်၊ဇန်နဝါရီ ၁-၂၀၁၉ မဟာမင်း(VOM) မူဆယ်မြို့ရှိ နှစ်နိုင်ငံလူဝင်လူထွက်စစ်ဆေးရေး နန်းတော်ဂိတ်မှာ ဒီကနေ့မနက်ပိုင်းကစပြီး သံတမာန် ပတ်စပိုစ့် နဲ့ အထူးပတ်စပိုစ့်(ခေါ်)အစိုးရဝန်ထမ်းများအတွက် ထုတ်ပေးတဲ့ပတ်စပိုစ့်ကိုင်ဆောင်ထားတဲ့ တရုတ်နိုင်ငံသားတွေကို ရက်(၃၀)ဗီဇာကင်းလွတ်ခွင့် နဲ့ မြန်မာနိုင်ငံအတွင်းဝင်ရောက် ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနကနေ သိရပါတယ်။ “မြန်မာပြည်ရဲ့ခရီးသွားလာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီးတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်၉ နာရီ အချိန်ကစတင်၍ Diplomatic Passport နှင့် Official Passport (ခ)Special Passport တို့ဖြင့် ဝင်ရောက်လာသူများကို ရက်၃၀ ဗီဇာကင်းလွတ်ခွင့် ဖြင့် လာရောက်လည်ပတ်နိုင်ပြီဖြစ်ပါတယ်။ နှစ်နိုင်ငံလူဝင်လူထွက်များခဲ့ရင်လည်း နှစ်နိုင်ငံပြည်သူများအတွက် Passport ဖြင့် ဝင်ထွက်သွားလာနိုင်အောင် တိုးချဲ့မှုတွေအတွက် ယာထားပါတယ်။ နန်းတော်ပေါက်ကနေ Diplomatic Passport နှင့် Official Passport တို့ဖြင့် ဝင်လာတဲ့ မည်သူမဆို မြန်မာနိုင်ငံအတွင်းရှိ…
Read More
နှစ်သစ်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ထပ်မံကြေညာ
Unicode နှစ်သစ်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ထပ်မံကြေညာ ရန်ကုန်၊ ဇန်နဝါရီ ၁ ရက်၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်(MNTJP/MNDAA) ၊ တအာင်း(PSLF/TNLA) ၊ ရခိုင်(ULA/AA) အဖွဲ့တို့ဟာ နှစ်သစ်ရဲ့ ပထမဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့(ဒီနေ့)မှာပဲ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ထဲမှာတော့ အပစ်အခတ်ရပ်ဆိုင်းရေးသဘောတူစာချုပ်(Bilateral Ceasefire Agreement) သဘောတူလက်မှတ်ရေးထိုးနိုင်မယ့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းတွေကို လက်တွေ့ကျကျဆောင်ရွက်နိုင်ဖို့နဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ်တွေ လုံးဝချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် တစ်ဖက်သတ်အပစ်ရပ်စဲရေးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ နှစ်လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အသီးသီးအပေါ် ထိုးစစ်ဆင်မှုတွေကို ချက်ချင်းရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့…
Read More
VOM News
FREE
VIEW