ကျောင်းဆရာမတွေလိုက်ပါလာတဲ့ ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး တစ်ဦးသေဆုံး၊ လေးဦး ဒဏ်ရာရ

မြဝတီ ၊ ဇန်နဝါရီ ၁-၂၀၁၉
မိုးယံ (VOM)

မြဝတီမြို့နယ်၊ စုကလိမြို့၊ မုလအိတောင်အဆင်းလမ်း၊ နတ်ရေကန်အနီးမှာ ကျောင်းဆရာမတွေလိုက်လာတဲ့ ဘုရားဖူးကားဟာ မနေ့ ဒီဇင်ဘာ ၃၁ရက်နေ့ ညနေပိုင်းက ဘရိတ်ပေါက်ပြီး လမ်းဘေးထိုးကျ တိမ်းမှောက် ခဲ့တဲ့အတွက် ကျောင်းဆရာမတစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြဝတီမြို့ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

ကျောင်းဆရာ။ဆရာမ ၁၃ ဦးလိုက်ပါလာတဲ့ KYA 1K/—-Vigo ဘုရားဖူးယာဉ် ဘရိတ်ပေါက်ပြီး လမ်းညာဘက်ကို ထိုးကျတိမ်းမှောက်ခဲ့တဲ့အတွက် ဒေါ်ယဉ်ယဉ်ဦးဆိုတဲ့ ကျောင်းဆရာမဟာ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ကျောင်းဆရာမ လေးဦးမှာ ဘယ်၊ ညာချိုစောင်း၊ နံဘေး ဖူးရောင်၊ ညာလက်ကျိုး ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့တဲ့အတွက် မြဝတီပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

‟မနေ့ညနေ၅နာရီ၁၅မိနစ်လောက်က မုလအိတောင်အဆင်း နတ်ရေကန်နားမှာ ဘုရားဖူးကား ဘရိတ်ပေါက်ပြီးတိမ်းမှောက်သွားတာပါ။ လေးဦးဒဏ်ရာရပြီး ဆရာမတစ်ဦးသေဆုံးခဲ့တယ်။ ဒဏ်ရာရတဲ့လူနာတွေကို မြဝတီမြို့နယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ခဲ့ပြီး ၊ ဒီနေ့ လူနာတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးနေပါပြီ။ သေဆုံးသွားတဲ့ဆရာမကိုတော့ မုဒုံမှာဘဲသင်္ဂြိုဟ်မှာပါ”လို့ မြဝတီမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဗဟိုဥက္ကဠဦးလှထွန်းကVOMကပြောပါတယ်။

တိမ်းမှောက်သွားတဲ့ယာဉ်ဟာ မုလအိဘုရားဖူးပြီး ပြန်ဆင်းလာချိန် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အဲ့ဒီကားပေါ်မှာ ရန်ကုန်မြို့ ဒဂုံ အ.ထ.က(၁)က ကျောင်းအုပ်ဆရာမကြီးနဲ့ အဖွဲ့ဝင်(၁၃)ဦးလိုက်ပါလာတယ်လို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့များရဲ့ ပြောပြချက်အရ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်းကို စုကလိနယ်မြေရဲစခန်းက ယာဉ်(ပ) ၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ (ပေါ့လျော့မှုကြောင့် လူသေစေမှု/ပြင်းထန်/ သာမန်နာကျင်စေ မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိနေတယ်လို့ မြဝတီမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးအောင်ကျော်ဦးကနေ သိရပါတယ်။

#VOM #voiceofmyanmar #မြဝတီ #ကျောင်းဆရာမ #ကားတိမ်းမှောက်

Zawgyi

ေက်ာင္းဆရာမေတြလိုက္ပါလာတဲ့ ဘုရားဖူးယာဥ္တိမ္းေမွာက္ၿပီး တစ္ဦးေသဆုံး၊ ေလးဦး ဒဏ္ရာရ

ျမဝတီ ၊ ဇန္နဝါရီ ၁-၂၀၁၉
မိုးယံ (VOM)

ျမဝတီၿမိဳ႕နယ္၊ စုကလိၿမိဳ႕၊ မုလအိေတာင္အဆင္းလမ္း၊ နတ္ေရကန္အနီးမွာ ေက်ာင္းဆရာမေတြလိုက္လာတဲ့ ဘုရားဖူးကားဟာ မေန႔ ဒီဇင္ဘာ ၃၁ရက္ေန႔ ညေနပိုင္းက ဘရိတ္ေပါက္ၿပီး လမ္းေဘးထိုးက် တိမ္းေမွာက္ ခဲ့တဲ့အတြက္ ေက်ာင္းဆရာမတစ္ဦးေသဆုံးကာ ေလးဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ျမဝတီၿမိဳ႕ ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရးအဖြဲ႕ကေန သိရပါတယ္။

ေက်ာင္းဆရာ။ဆရာမ ၁၃ ဦးလိုက္ပါလာတဲ့ KYA 1K/—-Vigo ဘုရားဖူးယာဥ္ ဘရိတ္ေပါက္ၿပီး လမ္းညာဘက္ကို ထိုးက်တိမ္းေမွာက္ခဲ့တဲ့အတြက္ ေဒၚယဥ္ယဥ္ဦးဆိုတဲ့ ေက်ာင္းဆရာမဟာ ဦးေခါင္းေပါက္ၿပဲဒဏ္ရာနဲ႔ အခင္းျဖစ္ေနရာမွာ ေသဆုံးသြားခဲ့ၿပီး ေက်ာင္းဆရာမ ေလးဦးမွာ ဘယ္၊ ညာခ်ိဳေစာင္း၊ နံေဘး ဖူးေရာင္၊ ညာလက္က်ိဳး ဒဏ္ရာမ်ား(မစိုးရိမ္ရ)ရရွိခဲ့တဲ့အတြက္ ျမဝတီျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

‟မေန႔ညေန၅နာရီ၁၅မိနစ္ေလာက္က မုလအိေတာင္အဆင္း နတ္ေရကန္နားမွာ ဘုရားဖူးကား ဘရိတ္ေပါက္ၿပီးတိမ္းေမွာက္သြားတာပါ။ ေလးဦးဒဏ္ရာရၿပီး ဆရာမတစ္ဦးေသဆုံးခဲ့တယ္။ ဒဏ္ရာရတဲ့လူနာေတြကို ျမဝတီၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံကိုပို႔ေဆာင္ခဲ့ၿပီး ၊ ဒီေန႔ လူနာေတြကို ရန္ကုန္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ေပးေနပါၿပီ။ ေသဆုံးသြားတဲ့ဆရာမကိုေတာ့ မုဒုံမွာဘဲသၿဂႋဳဟ္မွာပါ”လို ႔ ျမဝတီၿမိဳ႕ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ဗဟိုဥကၠဠဦးလွထြန္းကVOMကေျပာပါတယ္။

တိမ္းေမွာက္သြားတဲ့ယာဥ္ဟာ မုလအိဘုရားဖူးၿပီး ျပန္ဆင္းလာခ်ိန္ တိမ္းေမွာက္ခဲ့ျခင္းျဖစ္ၿပီး အဲ့ဒီကားေပၚမွာ ရန္ကုန္ၿမိဳ႕ ဒဂုံ အ.ထ.က(၁)က ေက်ာင္းအုပ္ဆရာမႀကီးနဲ႔ အဖြဲ႕ဝင္(၁၃)ဦးလိုက္ပါလာတယ္လို႔ ေဒသခံကူညီကယ္ဆယ္ေရးအဖြဲ႕မ်ားရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ယာဥ္ေမာင္းကို စုကလိနယ္ေျမရဲစခန္းက ယာဥ္(ပ) ၁/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသေစမႈ/ျပင္းထန္/ သာမန္နာက်င္ေစ မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေနတယ္လို႔ ျမဝတီၿမိဳ႕မရဲစခန္း စခန္းမႉး ဒုရဲမႉးေအာင္ေက်ာ္ဦးကေန သိရပါတယ္။

#VOM #voiceofmyanmar #ျမဝတီ #ေက်ာင္းဆရာမ #ကားတိမ္းေမွာက္

Related posts

Leave a Comment

VOM News

FREE
VIEW