နှစ်သစ်ကူးနေ့မှာ ကမ္ဘာတစ်ဝန်း ကလေးငယ် လေးသိန်းနီးပါးမွေးဖွားဖွယ်ရှိ

ကုလသမဂ္ဂ၊ ဇန်နဝါရီ-၁-၂၀၂၀
မျိုးဆက် (VOM)

နှစ်သစ်ကူးတဲ့နေ့အတွင်း ပါကစ္စတန်မှာ ကလေးငယ် ၁၆၇၈၇ ဦးပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကလေးငယ် ၃၉၂၀၀၀ ကျော်မွေးဖွားလိမ့်မယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့( ယူနီဆက်ဖ်)က ပြောပါတယ်။

နှစ်သစ်ကူးနေ့အတွင်း ပထမဆုံးကလေးငယ်ကို ဖီဂျီမှာ မွေးဖွားလိမ့်မယ်လို့ ယူနီဆက်ဖ်ကယုံကြည်ထားပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ ကမ္ဘာတစ်ဝန်းကလေးမွေးဖွားမှုရဲ့ထက်ဝက်ဟာ ပါကစ္စတန်မှအပ အခြားခုနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ၆၇၃၈၅ ဦး၊ တရုတ်နိုင်ငံမှာ ၄၆၂၉၉ ဦး၊ နိုင်ဂျီးရီးယားမှာ၂၆၀၃၉ ဦး၊ အင်ဒိုနီးရှားမှာ ၁၃၀၂၀ ဦး၊ အမေရိကန်မှာ ၁၀၄၅၂ ဦး၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ၁၀၂၄၇ ဦး နဲ့အီသီယိုပီးယားမှာ ၈၄၉၃ ဦးတို့ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာတော့ မွေးကင်းစကလေးငယ်တွေ တစ်လမပြည့်မှီသေဆုံးမှုဟာ ၂ ဒသမ ၅ သန်းရှိပြီး သူတို့ထဲက သုံးပုံတစ်ပုံဟာ မွေးပြီးပြီးချင်း သေဆုံးသွားတာဖြစ်ပါတယ်။

သေဆုံးတဲ့ အကြောင်းရင်းအများစုကတော့ ကြိုတင်ကာကွယ်နိုင်တဲ့အကြောင်းတွေဖြစ်တဲ့ အချိန်မတန်မှီမွေးဖွားခြင်း၊ မွေးဖွားချိန်အတွင်း ကျန်းမာရေးဆိုင်ရာ ပြသနာများဖြစ်ပွားခြင်းနဲ့ သွေးဆိပ်ပျံ့ခြင်း စတာတွေကြောင့်ဖြစ်ပြီး နှစ်စဉ်မွေးကင်းစကလေးငယ် ၂ ဒသမ ၅ သန်းကျော်နှစ်စဉ်သေဆုံးနေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတော့ ကလေးငယ်တွေရှင်သန်ရေးမှာ ကြီးမားတဲ့ တိုးတက်မှုတွေရှိခဲ့ပြီး အဲဒီအချိန်ကာတွေမှ ကလေးငယ်တွေအသက်ငါးနှစ်မတိုင်မှီ သေဆုံးတာတွေကို ယခုအချိန်ထက် ထက်ဝက်ကျော်လျှော့ချနိုင်ခဲ့တယ်လို့ ယူနီဆက်ဖ်က ထုတ်ပြန်ထားပါတယ်။

Ref : AP Photo: Getty Images
#VOM #voiceofmyanmar #ကုလသမဂ္ဂ #ကလေးမွေးဖွားနူန်း #နှစ်သစ်ကူး

Zawgyi

နွစ္သစ္ကူးေန႔မွာ ကမၻာတစ္၀န္း ကေလးငယ္ ေလးသိန္းနီးပါးေမြးဖြားဖြယ္ရိွ

ကုလသမဂၢ၊ ဇန္န၀ါရီ-၁-၂၀၂၀
မ်ိဳးဆက္ (VOM)

နွစ္သစ္ကူးတ႔ဲေန႔အတြင္း ပါကစၥတန္မွာ ကေလးငယ္ ၁၆၇၈၇ ဦးပါအ၀င္ ကမၻာတစ္၀န္းမွာ ကေလးငယ္ ၃၉၂၀၀၀ ေက်ာ္ေမြးဖြားလိမ္႔မယ္လို႔ ကုလသမဂၢကေလးမ်ားရန္ပံုေငြအဖြဲ႔( ယူနီဆက္ဖ္)က ေျပာပါတယ္။

နွစ္သစ္ကူးေန႔အတြင္း ပထမဆံုးကေလးငယ္ကို ဖိီဂ်ီမွာ ေမြးဖြားလိ္မ္႔မယ္လို႔ ယူနီဆက္ဖ္ကယံုၾကည္ထားျပီး ဇန္န၀ါရီ ၁ ရက္ေန႔မွာ ကမၻာတစ္၀န္းကေလးေမြးဖြားမႈရဲ႕ထက္၀က္ဟာ ပါကစၥတန္မွအပ အျခားခုနွစ္နိုင္ငံျဖစ္တဲ႔ အိႏိၵယမွာ ၆၇၃၈၅ ဦး၊ တရုတ္နုိ္င္ငံမွာ ၄၆၂၉၉ ဦး၊ နိုင္ဂ်ီးရီးယားမွာ၂၆၀၃၉ ဦး၊ အင္ဒိုနီးရွားမွာ ၁၃၀၂၀ ဦး၊ အေမရိကန္မွာ ၁၀၄၅၂ ဦး၊ ကြန္ဂိုဒီမိုကရက္တစ္ သမၼတနိုင္ငံမွာ ၁၀၂၄၇ ဦး န႔ဲအီသီယိုပီးယားမွာ ၈၄၉၃ ဦးတို႔ျဖစ္ပါတယ္။

ဒါေပမယ္႔ ၂၀၁၈ ခုနွစ္အတြင္းမွာေတာ႔ ေမြးကင္းစကေလးငယ္ေတြ တစ္လမျပည္႔မီွေသဆံုးမႈဟာ ၂ ဒသမ ၅ သန္းရိွျပီး သူတို႔ထဲက သံုးပံုတစ္ပံုဟာ ေမြးျပီးျပီးခ်င္း ေသဆံုးသြားတာျဖစ္ပါတယ္။

ေသဆံုးတဲ႔ အေၾကာင္းရင္းအမ်ားစုကေတာ႔ ၾကိဳတင္ကာကြယ္နုိင္တဲ႔အေၾကာင္းေတြျဖစ္တဲ႔ အခ်ိန္မတန္မီွေမြးဖြားျခင္း၊ ေမြးဖြားခ်ိန္အတြင္း က်န္းမာေရးဆိုင္ရာ ျပသနာမ်ားျဖစ္ပြားျခင္းနဲ႔ ေသြးဆိပ္ပ်ံ႕ျခင္း စတာေတြေၾကာင္႔ျဖစ္ျပီး နွစ္စဥ္ေမြးကင္းစကေလးငယ္ ၂ ဒသမ ၅ သန္းေက်ာ္နွစ္စဥ္ေသဆံုးေနၾကရတယ္လို႔ သိရပါတယ္။

ျပီးခဲ႔တဲ႔ နွစ္ေပါင္း ၃၀ ကေတာ႔ ကေလးငယ္ေတြရွင္သန္ေရးမွာ ၾကီးမားတဲ႔ တိုးတက္မႈေတြရိွခဲ႔ျပီး အဲဒီအခ်ိန္ကာေတြမွ ကေလးငယ္ေတြအသက္ငါးနွစ္မတိုင္မီွ ေသဆံုးတာေတြကို ယခုအခ်ိန္ထက္ ထက္၀က္ေက်ာ္ေလွ်ာ႔ခ်နိုင္ခဲ႔တယ္လို႔ ယူနီဆက္ဖ္က ထုတ္ျပန္ထားပါတယ္။

Ref : AP Photo: Getty Images
#VOM #voiceofmyanmar #ကုလသမဂၢ #ကေလးေမြးဖြားနူန္း #ႏွစ္သစ္ကူး

Related posts

Leave a Comment

VOM News

FREE
VIEW