နှစ်သစ်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ထပ်မံကြေညာ

Unicode

နှစ်သစ်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ထပ်မံကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက်၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်(MNTJP/MNDAA) ၊ တအာင်း(PSLF/TNLA) ၊ ရခိုင်(ULA/AA) အဖွဲ့တို့ဟာ နှစ်သစ်ရဲ့ ပထမဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့(ဒီနေ့)မှာပဲ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်ထဲမှာတော့ အပစ်အခတ်ရပ်ဆိုင်းရေးသဘောတူစာချုပ်(Bilateral Ceasefire Agreement) သဘောတူလက်မှတ်ရေးထိုးနိုင်မယ့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းတွေကို လက်တွေ့ကျကျဆောင်ရွက်နိုင်ဖို့နဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ်တွေ လုံးဝချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် တစ်ဖက်သတ်အပစ်ရပ်စဲရေးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ နှစ်လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အသီးသီးအပေါ် ထိုးစစ်ဆင်မှုတွေကို ချက်ချင်းရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖော်ဆောင်လိုတဲ့ဆန္ဒကို အပြည့်အဝဖော်ပြကာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့ တိုက်တွန်းအပ်ပါတယ်လို့ ဖော်ပြထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ၂၀၁၉ ခုနှစ်ထဲမှာ တစ်ဖက်သတ်အပစ်ရပ်စဲရေး ကြေညာချက်နှစ်ကြိမ်ထုတ်ပြန်ခဲ့ပြီး တပ်မတော်က အပစ်ရပ်စဲရေးကြေညာချက်အဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ကနေစတင်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့အထိ အကြိမ်ရေခွဲပြီး ကြေညာခဲ့တာ တွေ့ရပါတယ်။

#voiceofmyanmar #VOM #မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ #ကြေညာချက်

Zawgyi

ႏွစ္သစ္မွာ ညီေနာင္မဟာမိတ္သုံးဖြဲ႕ တစ္ဖက္သတ္အပစ္ရပ္ေၾကာင္း ထပ္မံေၾကညာ

ရန္ကုန္၊ ဇန္နဝါရီ ၁ ရက္၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ညီေနာင္မဟာမိတ္သုံးဖြဲ႕ျဖစ္တဲ့ ကိုးကန႔္(MNTJP/MNDAA) ၊ တအာင္း(PSLF/TNLA) ၊ ရခိုင္(ULA/AA) အဖြဲ႕တို႔ဟာ ႏွစ္သစ္ရဲ႕ ပထမဆုံးရက္ျဖစ္တဲ့ ဇန္နဝါရီ ၁ ရက္ေန႔(ဒီေန႔)မွာပဲ တစ္ဖက္သတ္အပစ္ရပ္ေၾကာင္း ေၾကညာလိုက္ပါတယ္။

ဒီေၾကညာခ်က္ထဲမွာေတာ့ အပစ္အခတ္ရပ္ဆိုင္းေရးသေဘာတူစာခ်ဳပ္(Bilateral Ceasefire Agreement) သေဘာတူလက္မွတ္ေရးထိုးႏိုင္မယ့္ ေတြ႕ဆုံေဆြးေႏြးေရးလုပ္ငန္းေတြကို လက္ေတြ႕က်က်ေဆာင္႐ြက္ႏိုင္ဖို႔နဲ႔ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ၿငိမ္းခ်မ္းတဲ့ပတ္ဝန္းက်င္ကို တည္ေဆာက္ႏိုင္ၿပီး ျပည္တြင္းစစ္ေတြ လုံးဝခ်ဳပ္ၿငိမ္းဖို႔နဲ႔ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္ဖို႔အတြက္ တစ္ဖက္သတ္အပစ္ရပ္စဲေရးကို ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔ကေန ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔အထိ ႏွစ္လ ထပ္မံတိုးျမႇင့္လိုက္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ျမန္မာ့တပ္မေတာ္အေနနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္း အသီးသီးအေပၚ ထိုးစစ္ဆင္မႈေတြကို ခ်က္ခ်င္းရပ္တန႔္ၿပီး အပစ္အခတ္ရပ္စဲေရးနဲ႔ ေတြ႕ဆုံေဆြးေႏြးပြဲေတြ ေဖာ္ေဆာင္လိုတဲ့ဆႏၵကို အျပည့္အဝေဖာ္ျပကာ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းေတြနဲ႔ အျမန္ဆုံးအပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ လက္မွတ္ေရးထိုးဖို႔ တိုက္တြန္းအပ္ပါတယ္လို႔ ေဖာ္ျပထားပါတယ္။

ညီေနာင္မဟာမိတ္သုံးဖြဲ႕အေနနဲ႔ ၂၀၁၉ ခုႏွစ္ထဲမွာ တစ္ဖက္သတ္အပစ္ရပ္စဲေရး ေၾကညာခ်က္ႏွစ္ႀကိမ္ထုတ္ျပန္ခဲ့ၿပီး တပ္မေတာ္က အပစ္ရပ္စဲေရးေၾကညာခ်က္အျဖစ္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၂၁ ရက္ေန႔ကေနစတင္ၿပီး ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၂၁ ရက္ေန႔အထိ အႀကိမ္ေရခြဲၿပီး ေၾကညာခဲ့တာ ေတြ႕ရပါတယ္။

#voiceofmyanmar #VOM #ေျမာက္ပိုုင္းညီေနာင္မဟာမိတ္သံုုးဖြဲ႕ #ေၾကညာခ်က္

Related posts

Leave a Comment

VOM News

FREE
VIEW