ရန်ကုန်တိုင်းမှာ နှစ်သစ်ကူးည ရန်ကုန်ဆေးရုံကြီးကိုရောက်လာတဲ့ လူနာ၁၂၉ဦးရှိ

ရန်ကုန် ၊ ဇန်နဝါရီ ၁-၂၀၁၉
စွဲ့ဝတီ(VOM)

ရန်ကုန်တိုင်းမှာ၂၀၂၀ခုနှစ်ကိုကြိုဆိုတဲ့ နှစ်သစ်ကူးညမှာ ပျော်ပွဲရွှင်ပွဲတွေ ပါဝင်ဆင်နွဲရာမှာ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို လူနာ ၁၂၉ဦးရောက်လာခဲ့တယ်လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် happy New Year နှစ်သစ်ကူးညက ရန်ကုန်အရေးပေါ်ဌာနသို့ လူနာ ၁၇၀ကျော်ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုနှစ်မှာ ၁၂၉ဦးသာ ရောက်ရှိခဲ့တဲ့အတွက် ယခင်နှစ်ကထက် လူနာရောက်ရှိမူ နည်းပါးခဲ့ပြီး သေဆုံးတဲ့သူ မရှိဘူးလို့ သိရပါတယ်။
“အရေးပေါ်ဌာနကို အများဆုံး ရောက်တာကတော့ ယာဉ်မတော်တဆမူပေါ့။ ရောက်ရှိလာတဲ့လူနာတွေက အသက်အန္တရာယ်မရှိပေမဲ့ ဆေးရုံတင်ကြတော့ ထိခိုက်ဒဏ်ရာရမူက ပြင်းထန်မူတော့ ရှိတာပေါ့။ “လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနက ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကိုရောက်လာတဲ့ လူနာတွေထဲမှာ ခိုက်ရန်ဖြစ်ပွားမှုနဲ့ ဒဏ်ရာရရောက်ရှိလာသူ၂၄ဦး ၊ ယာဉ်မတော်တဆမှု နဲ့ ဒဏ်ရာရလာသူ ၅၃ဦး၊ ၊ကျိုးပဲ့သူ ၂၉ဦး၊ ခေါင်းထိသူ၂၃ဦး စုစုပေါင်း ၁၂၉ဦး တို့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊အရေးပေါ်ဌာနကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ လူစည်ကားရာနေရာတွေဖြစ်တဲ့ အင်းလျားကန်၊ ကန်တော်ကြီး ၊ သုဝဏ္ဏကွင်း၊ ကျိုက္ကစံကွင်းနဲ့ အခြားလူစည်ကားတဲ့နေရာတွေမှာ လှည့်ကင်း၊ ရပ်ကင်းများ၊ မီးတန်းယာဉ်များ၊ ယာဉ်ထိန်းရဲများနဲ့ ကရိန်းယာဉ်တွေကို ရဲတပ်ဖွဲ့က ယခင်နှစ်ထက် ပိုမိုဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

Photo- Yangon General Hospital
#VOM #voiceofmyanmar #ရန်ကုန် #နှစ်ကူးည #ရန်ကုန်ဆေးရုံ

Zawgyi

ရန္ကုန္တိုင္းမွာ ႏွစ္သစ္ကူးည ရန္ကုန္ေဆး႐ုံႀကီးကိုေရာက္လာတဲ့ လူနာ၁၂၉ဦးရွိ

ရန္ကုန္ ၊ ဇန္နဝါရီ ၁-၂၀၁၉
စြဲ႔ဝတီ(VOM)

ရန္ကုန္တိုင္းမွာ၂၀၂၀ခုႏွစ္ကိုႀကိဳဆိုတဲ့ ႏွစ္သစ္ကူးညမွာ ေပ်ာ္ပြဲ႐ႊင္ပြဲေတြ ပါဝင္ဆင္ႏြဲရာမွာ ထိခိုက္ဒဏ္ရာရၿပီး ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚဌာနကို လူနာ ၁၂၉ဦးေရာက္လာခဲ့တယ္လို႔ ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚဌာနက သိရပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္ happy New Year ႏွစ္သစ္ကူးညက ရန္ကုန္အေရးေပၚဌာနသို႔ လူနာ ၁၇၀ေက်ာ္ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အခုႏွစ္မွာ ၁၂၉ဦးသာ ေရာက္ရွိခဲ့တဲ့အတြက္ ယခင္ႏွစ္ကထက္ လူနာေရာက္ရွိမူ နည္းပါးခဲ့ၿပီး ေသဆုံးတဲ့သူ မရွိဘူးလို႔ သိရပါတယ္။
“အေရးေပၚဌာနကို အမ်ားဆုံး ေရာက္တာကေတာ့ ယာဥ္မေတာ္တဆမူေပါ့။ ေရာက္ရွိလာတဲ့လူနာေတြက အသက္အႏၲရာယ္မရွိေပမဲ့ ေဆး႐ုံတင္ၾကေတာ့ ထိခိုက္ဒဏ္ရာရမူက ျပင္းထန္မူေတာ့ ရွိတာေပါ့။ “လို႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚဌာနက ပါေမာကၡ ေဒါက္တာေမာ္ေမာ္ဦးက ေျပာပါတယ္။

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚဌာနကိုေရာက္လာတဲ့ လူနာေတြထဲမွာ ခိုက္ရန္ျဖစ္ပြားမႈနဲ႔ ဒဏ္ရာရေရာက္ရွိလာသူ၂၄ဦး ၊ ယာဥ္မေတာ္တဆမႈ နဲ႔ ဒဏ္ရာရလာသူ ၅၃ဦး၊ ၊က်ိဳးပဲ့သူ ၂၉ဦး၊ ေခါင္းထိသူ၂၃ဦး စုစုေပါင္း ၁၂၉ဦး တို႔က ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊အေရးေပၚဌာနကို ေရာက္ရွိခဲ့တယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းမွာ လူစည္ကားရာေနရာေတြျဖစ္တဲ့ အင္းလ်ားကန္၊ ကန္ေတာ္ႀကီး ၊ သုဝဏၰကြင္း၊ က်ိဳကၠစံကြင္းနဲ႔ အျခားလူစည္ကားတဲ့ေနရာေတြမွာ လွည့္ကင္း၊ ရပ္ကင္းမ်ား၊ မီးတန္းယာဥ္မ်ား၊ ယာဥ္ထိန္းရဲမ်ားနဲ႔ ကရိန္းယာဥ္ေတြကို ရဲတပ္ဖြဲ႕က ယခင္ႏွစ္ထက္ ပိုမိုေဆာင္႐ြက္ထားတယ္လို႔လည္း သိရပါတယ္။

Photo- Yangon General Hospital
#VOM #voiceofmyanmar #ရန္ကုန္ #ႏွစ္ကူးည #ရန္ကုန္ေဆးရံု

Related posts

Leave a Comment

VOM News

FREE
VIEW