တပ်သိမ်းမြေတွေကို တပ်မတော်က ပြန်လည်စွန့်လွတ်ခဲ့ပေမယ့်လည်း မူလတောင်တောင်သူတွေပြန်မရ

နေပြည်တော်၊ ဇန်နဝါရီ ၂-၂၀၂၀
ကိုထွန်း(VOM)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရေပူစမ်းချောင်းဆုံကျေးရွာက တောင်သူ(၆၄)ပိုင်ဆိုင်တဲ့ မြေဧက(၅၉၃)ဧကကို တပ်မတော်ကပြန်လည်ပေးအပ်ခဲ့ပေမယ့်လည်း မူလတောင်သူတွေဟာ ပြန်မ‌ရသေးတဲ့အတွက် မနေ့ ဇန်နဝါရီ(၁)ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။

၁၉၉၆ခုနှစ်က တပ်မတော်ကလိုအပ်တဲ့အတွက် သိမ်းယူခဲ့ပြီး ၂၀၁၅ခုနှစ်မှာ တပ်မတော်ကပဲ အသုံးပြုဖို့မလိုအပ်တော့တဲ့အတွက် မူလ‌တောင်သူတွေကိုပြန်ပေးခဲ့တယ်လို့သိရပါတယ်။

“ပြန်လည်ပေးအပ်‌ခဲ့ချိန်တုန်းက မူလတောင်သူတွေကို အသိမပေးဘဲ တောင်သူတွေကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းဆိုသူနဲ့အဖွဲ့က ကိုယ်စားလက်ခံရယူခဲ့တယ်လို့ တဆင့်စကား ကြားသိရတဲ့အတွက် ငါတို့လယ်တွေပြန်ရတော့မယ်လို့ တောင်သူများက ဝမ်းသာနေခဲ့ရတယ်”လို့ တောင်သူ ဦးအောင်နိုင်ကပြောပါတယ်။

တပ်မတော်က ပြန်လည်စွန့်လွတ်တဲ့မြေတွေကို BGFအဖွဲ့အား (၂၀.၈၈)ဧက၊ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မြဝတီကုန်သည်ကြီးများအသင်းဥက္ကဌကို (၃၂)ဧကနဲ့ ကျန်တဲ့ မြေဧကတွေကို အာဏာပိုင်အဖွဲ့အစည်းအသီးသီးမှာ တာဝန်ရှိသူတွေက ခွဲဝေယူခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲလာလုပ်တဲ့ တောင်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

“ပြန်လည်စွန့်လွတ်မြေထဲက ဧက(၆၀)ကျော်ကို ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ညွန်ကြားချက်နဲ့ ကရင်ပြည်ဝန်ကြီးချုပ်ရဲ့ လူယုံတော် ဦးမျိုးချစ်ပေးအပ်ကြောင်း ကြားသိခဲ့ရတယ်”လို့ တောင်သူ ဦးအောင်နိုင်ကပြောပါတယ်။

အဲ့လိုပေးအပ်ခဲ့ပြီး ကျန်တဲ့ မြေဧက(၄၀၀)ကျော်ကို မြဝတီမြို့သစ်အဖြစ်သက်မှတ်လိုက်တယ်လို့ သိရပြီး မူလလုပ်ကိုင်စားသောက်နေတဲ့ တောင်သူ(၆၄)ဦးကို ပြန်လည်ပေးအပ်ခြင်းမရှိဘဲ အာဏာပိုင်အသီးသီးကခွဲဝေကာ တစ်ဧက သိန်း(၈၀၀)နဲ့ ရောင်းချနေတာဟာ မိမိတို့ဘိုးဘွားပိုင်လုပ်ကိုင်နေကြတာကို စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေရတယ်လို့ သတင်းစာရှင်းလင်ပွဲမှာ တောင်သူတွေက ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး တောင်သူတွေဟာ နိုင်ငံတော်သမ္မတကို အသိပေးတိုင်ကြားပေမယ်လည်း ထူးခြားမှုမရှိတဲ့အတွက် ယခုလိုသတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #တောင်သူပိုင်မြေ #သတသ်းစာရှင်းလင်းပွဲ

Zawgyi

\

တပ္သိမ္းေျမေတြကို တပ္မေတာ္က ျပန္လည္စြန႔္လြတ္ခဲ့ေပမယ့္လည္း မူလေတာင္ေတာင္သူေတြျပန္မရ

ေနျပည္ေတာ္၊ ဇန္နဝါရီ ၂-၂၀၂၀
ကိုထြန္း(VOM)

ကရင္ျပည္နယ္၊ ျမ၀တီခ႐ိုင္၊ ျမ၀တီၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္၊ ေရပူစမ္းေခ်ာင္းဆံုေက်း႐ြာက ေတာင္သူ(၆၄)ပိုင္ဆိုင္တဲ့ ေျမဧက(၅၉၃)ဧကကို တပ္မေတာ္ကျပန္လည္ေပးအပ္ခဲ့ေပမယ့္လည္း မူလေတာင္သူေတြဟာ ျပန္မ‌ရေသးတဲ့အတြက္ မေန႔ ဇန္နဝါရီ(၁)ရက္ေန႔ မနက္ပိုင္းက ေနျပည္ေတာ္မွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ၾကပါတယ္။

၁၉၉၆ခုႏွစ္က တပ္မေတာ္ကလိုအပ္တဲ့အတြက္ သိမ္းယူခဲ့ၿပီး ၂၀၁၅ခုႏွစ္မွာ တပ္မေတာ္ကပဲ အသုံးျပဳဖို႔မလိုအပ္ေတာ့တဲ့အတြက္ မူလ‌ေတာင္သူေတြကိုျပန္ေပးခဲ့တယ္လို႔သိရပါတယ္။

“ျပန္လည္ေပးအပ္‌ခဲ့ခ်ိန္တုန္းက မူလေတာင္သူေတြကို အသိမေပးဘဲ ေတာင္သူေတြကိုယ္စား ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးစိန္ေသာင္းဆိုသူနဲ႔အဖြဲ႕က ကိုယ္စားလက္ခံရယူခဲ့တယ္လို႔ တဆင့္စကား ၾကားသိရတဲ့အတြက္ ငါတို႔လယ္ေတြျပန္ရေတာ့မယ္လို႔ ေတာင္သူမ်ားက ၀မ္းသာေနခဲ့ရတယ္”လို႔ ေတာင္သူ ဦးေအာင္ႏိုင္ကေျပာပါတယ္။

တပ္မေတာ္က ျပန္လည္စြန႔္လြတ္တဲ့ေျမေတြကို BGFအဖြဲ႕အား (၂၀.၈၈)ဧက၊ အမွတ္(၅)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးနဲ႔ ျမ၀တီကုန္သည္ႀကီးမ်ားအသင္းဥကၠဌကို (၃၂)ဧကနဲ႔ က်န္တဲ့ ေျမဧကေတြကို အာဏာပိုင္အဖြဲ႕အစည္းအသီးသီးမွာ တာ၀န္ရွိသူေတြက ခြဲေဝယူခဲ့တယ္လို႔ သတင္းစာရွင္းလင္းပြဲလာလုပ္တဲ့ ေတာင္သူေတြရဲ႕ ေျပာျပခ်က္အရသိရပါတယ္။

“ျပန္လည္စြန႔္လြတ္ေျမထဲက ဧက(၆၀)ေက်ာ္ကို ျပည္နယ္၀န္ႀကီးခ်ဳပ္ရဲ႕ ၫြန္ၾကားခ်က္နဲ႔ ကရင္ျပည္၀န္ႀကီးခ်ဳပ္ရဲ႕ လူယုံေတာ္ ဦးမ်ိဳးခ်စ္ေပးအပ္ေၾကာင္း ၾကားသိခဲ့ရတယ္”လို႔ ေတာင္သူ ဦးေအာင္ႏိုင္ကေျပာပါတယ္။

အဲ့လိုေပးအပ္ခဲ့ၿပီး က်န္တဲ့ ေျမဧက(၄၀၀)ေက်ာ္ကို ျမ၀တီၿမိဳ႕သစ္အျဖစ္သက္မွတ္လိုက္တယ္လို႔ သိရၿပီး မူလလုပ္ကိုင္စားေသာက္ေနတဲ့ ေတာင္သူ(၆၄)ဦးကို ျပန္လည္ေပးအပ္ျခင္းမရွိဘဲ အာဏာပိုင္အသီးသီးကခြဲေဝကာ တစ္ဧက သိန္း(၈၀၀)နဲ႔ ေရာင္းခ်ေနတာဟာ မိမိတို႔ဘိုးဘြားပိုင္လုပ္ကိုင္ေနၾကတာကို စိတ္မခ်မ္းေျမ့ဖြယ္ျဖစ္ေနရတယ္လို႔ သတင္းစာရွင္းလင္ပြဲမွာ ေတာင္သူေတြက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီျဖစ္စဥ္နဲ႔ ပက္သက္ၿပီး ေတာင္သူေတြဟာ ႏိုင္ငံေတာ္သမၼတကို အသိေပးတိုင္ၾကားေပမယ္လည္း ထူးျခားမႈမရွိတဲ့အတြက္ ယခုလိုသတင္းစာရွင္းလင္းပြဲျပဳလုပ္ရတာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #ေတာင္သူပိုင္ေျမ #သတသ္းစာရွင္းလင္းပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW