စက်ယန္တယားတွေနဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်သူတွေကို ဖမ်းဆီး
ဖားကန့်၊ ဇန်နဝါရီ ၁-၂ဝ၂ဝ ဇော်မိုးထက် (VOM) ဖားကန့်မြို့နယ်၊ လုံးခင်းကျေးအုပ်စု၊ ငိုးပင်းကျေးရွာ၊ မူလရွာဟောင်းနေရာမှာ စက်ယန္တယားအမြောက်အများနဲ့ တရားမဝင် ကျောက်စိမ်းတူးဖော်နေသူတွေကို ဇန်နဝါရီ(၁)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ရွာသားတွေက ပြောပါတယ် ။ ဖမ်းဆီးထားတဲ့ စက်ယန္တယားအရေးအတွက်နဲ့ တရားမဝင်ကျောက်စိမ်းတူးသူ အရေအတွက်ကို သိရှိနိုင်ဖို့ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလှဆိုင်းကို ဆက်သွယ်မေးမြန်းရာ “ရှဒူးဇွပ်ကျေးရွာဈေးမီးလောင်မှု ၊ မီးဘေးသင့်ပြည်သူများကို သွားရောက် ကူညီကယ်ဆယ်နေတယ်”လို့ သိရပြီး ၊ ကျောက်စိမ်းတူးဖော်မှု ကြီးကြပ်ရေးဌာနရုံး (လုံးခင်း)နဲ့ လုံးခင်းနယ်မြေ ရဲစခန်းကို ဖုန်းဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ဦးကတော့ လူ(၁၆) အပါအဝင် ဘက်ဟိုး(၁ဝ)စီးနဲ့မြေသယ်ယဉ် (၅)စီးကို ဖမ်းဆီးရမိထားပြီး ဖြစ်တယ်လို့ ပြောပါတယ် ။ ဖမ်းဆီးခဲ့တဲ့နေရာ ငိုးပင်း အကျိုးတူ (၄) အပိုင်း…
Read More
ပဲခူးမြို့နယ်တရားရုံးမှာ အချုပ်သားတစ်ဦးဆီကနေ စိတ်ကြွမူးယစ်ဆေးပြားတွေဖမ်းမိ
ပဲခူး ဇန်နဝါရီ ၂-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တရားရုံးမှာ ဒီနေ့မနက်ပိုင်းက အမှုစစ်ဆေးဖို့ ရုံးထုတ်လာတဲ့ အချုပ်သားတစ်ဦးဆီကနေ (WY)စိတ်ကြွမူးယစ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးအမှတ်(၁)ရဲစခန်းကနေ သိရပါတယ်။ ရုံးထုတ်လာတဲ့ အချုပ်သားတွေထဲက ပဲခူးအမှတ်(၂)နယ်မြေရဲစခန်းကနေ (ပ)၃၃၀/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ ပဲခူးမြို့နယ်တရားရုံးမှာအမှုရင်ဆိုင်နေရတဲ့ ပဲခူးမြို့မဇင်းရပ်ကွက်၊ သရက်တော(၅)လမ်းမှာနေတဲ့ အသက်၂၄နှစ်အရွယ် ပိုင်သက်ဆိုသူ နဲ့ အမှတ်(၃)နယ်မြေရဲစခန်းမှ (ပ)၂၇/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုရင်ဆိုင်နေရတဲ့ဉဿာမြို့သစ်မဟာကြီးဘုရားလမ်းနေအသက်(၁၉)နှစ်အရွယ် မင်းခန့်ကျော်တို့နှစ်ဦး တရားရုံးအချုပ်ကိုရောက်ရှိချိန် အပေါ့အပါးသွားလိုတဲ့အတွက် ခွင့်တောင်းခဲ့တယ်ပါတယ်။ အဲ့ဒီအချုပ်သားနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက အိမ်သာကိုပို့ဆောင်ပေးပြီး တရားရုံးအချုပ်ခန်းကို ပြန်လည်ခေါ်ဆောင်ကာ ခန္ဓာကိုယ်ကိုရှာဖွေစစ်ဆေးတဲ့အခါ ပိုင်သက်ရဲ့ ခါးပုံစအတွင်းကနေ တစ်ရှူးအိတ်အခွံနဲ့ထည့်ထားတဲ့ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး (၂၈) ပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ‟အချုပ်သားဆီက WYစိတ်ကြွမူးယစ်ဆေးဝါးမိတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲပါ ၊ (ပ)နံပါတ်မထွက်သေးပါဘူး”လို့…
Read More
တပ်သိမ်းမြေတွေကို တပ်မတော်က ပြန်လည်စွန့်လွတ်ခဲ့ပေမယ့်လည်း မူလတောင်တောင်သူတွေပြန်မရ
နေပြည်တော်၊ ဇန်နဝါရီ ၂-၂၀၂၀ ကိုထွန်း(VOM) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရေပူစမ်းချောင်းဆုံကျေးရွာက တောင်သူ(၆၄)ပိုင်ဆိုင်တဲ့ မြေဧက(၅၉၃)ဧကကို တပ်မတော်ကပြန်လည်ပေးအပ်ခဲ့ပေမယ့်လည်း မူလတောင်သူတွေဟာ ပြန်မ‌ရသေးတဲ့အတွက် မနေ့ ဇန်နဝါရီ(၁)ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ ၁၉၉၆ခုနှစ်က တပ်မတော်ကလိုအပ်တဲ့အတွက် သိမ်းယူခဲ့ပြီး ၂၀၁၅ခုနှစ်မှာ တပ်မတော်ကပဲ အသုံးပြုဖို့မလိုအပ်တော့တဲ့အတွက် မူလ‌တောင်သူတွေကိုပြန်ပေးခဲ့တယ်လို့သိရပါတယ်။ “ပြန်လည်ပေးအပ်‌ခဲ့ချိန်တုန်းက မူလတောင်သူတွေကို အသိမပေးဘဲ တောင်သူတွေကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းဆိုသူနဲ့အဖွဲ့က ကိုယ်စားလက်ခံရယူခဲ့တယ်လို့ တဆင့်စကား ကြားသိရတဲ့အတွက် ငါတို့လယ်တွေပြန်ရတော့မယ်လို့ တောင်သူများက ဝမ်းသာနေခဲ့ရတယ်”လို့ တောင်သူ ဦးအောင်နိုင်ကပြောပါတယ်။ တပ်မတော်က ပြန်လည်စွန့်လွတ်တဲ့မြေတွေကို BGFအဖွဲ့အား (၂၀.၈၈)ဧက၊ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မြဝတီကုန်သည်ကြီးများအသင်းဥက္ကဌကို (၃၂)ဧကနဲ့ ကျန်တဲ့ မြေဧကတွေကို အာဏာပိုင်အဖွဲ့အစည်းအသီးသီးမှာ တာဝန်ရှိသူတွေက ခွဲဝေယူခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲလာလုပ်တဲ့ တောင်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။ “ပြန်လည်စွန့်လွတ်မြေထဲက ဧက(၆၀)ကျော်ကို ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ညွန်ကြားချက်နဲ့ ကရင်ပြည်ဝန်ကြီးချုပ်ရဲ့…
Read More
ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မယ်
Read More
ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ အပစ်ရပ်သက်တမ်းတိုးထုတ်ပြန်ချက် လက်တွေ့မှာ အပစ်ခတ်ရပ်ဆိုင်းဖို့ ဖြစ်မလာနိုင်
စစ်တွေ၊ ဇန်နဝါရီ ၂-၂၀၂၀ ခိုင်လင်းစံ (VOM) ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့ကထုတ်ပြန်တဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ အပစ်ရပ်သက်တန်းတိုးရေး ထုတ်ပြန်ချက်ဟာ အပစ်ခတ်ရပ်ဆိုင်းဖို့ လက်တွေ့မှာဖြစ်နိုင်ခြေမရှိဘူးလို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ စာရေးဆရာဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုထားတာဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအောင်း(PSLF/TNLA)၊ ရခိုင်(ULA/AA) တို့ဟာ အပစ်ခတ်ရပ်ဆိုင်းရေးစာချုပ်(Bilateral Ceasefire Agreement) သဘောတူလက်မှတ်ရေးထိုးနိုင်မယ့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းတွေကို လက်တွေ့ကျကျဖော်ဆောင်နိုင်ရေးနဲ့ ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကိုဖော်ဆောင်နိုင်ပြီး ပြည်တွင်းစစ်များလုံးဝချုပ်ငြိမ်းရေးအတွက် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းကို ၂ လထပ်မံသက်တမ်းတိုးကြောင်း ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ ” အပစ်ရပ်သက်တမ်းတိုးတာ နှစ်ကြိမ်ဆက်တိုက်ဆိုတော့ သုံးခါရှိပြီပေါ့ ၊ ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်တာ၊ အဲ့လိုအပစ်ရပ်သက်တမ်းတိုးတာတွေဟာ လက်တွေ့မှာ အပစ်အခတ်ရပ်ဆိုင်းဖို့ ဆိုတာတော့ လက်တွေ့ကျကျ ကျနော်တို့တွေ့ရတယ်။ တဖက်သတ်အပစ်ရပ်ကြေညာရုံတင်မကဘူး စားပွဲဝိုင်းပေါ်မှာ လက်တွေ့ကျကျ ပကတိအခြေအနေကို ဆွေးနွေးဖို့လိုတယ်လို့ထင်တယ်။…
Read More
ပိတ်သိမ်းထားတဲ့ သုဿာန်လေးခုမှာ လက်ကားဈေး၊ ပန်းခြံ၊ အားကစားကွင်းတွေဖော်ဆောင်ဖို့ ဝန်ကြီးချုပ်ကိုတင်ပြမယ်
ပြည် ဇန်နဝါရီ ၂ -၂၀၂၀ သိဂီ ၤ(VOM) ပြည်မြို့အတွင်းက ပိတ်သိမ်းထားတဲ့ မွတ်စလင်၊ ဟိန္ဒူ၊ တရုတ်၊ ခရစ်ယာန်သုဿာန် လေးခုကို State Land အဖြစ်သတ်မှတ်ပြီး လက်ကားဈေး၊ ပန်းခြံ၊ အားကစားကွင်းပြုလုပ်ဖို့ ပဲခူးတိုင်းဝန်ကြီးချုပ်ကို တင်ပြသွားမယ်လို့ ပဲခူးတိုင်းသယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အဲ့ဒီသုဿာန်ဟောင်းမြေ(၄)ခုဟာ မြို့ရဲ့အချက်အချာကျတဲ့ နေရာမှာရှိပေမယ့် ဘယ်လုပ်ငန်းအတွက်မှ အသုံးပြုခြင်းမရှိတော့တဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ အခြားနည်းသုံးစွဲခွင့်လျှောက်ထားပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ လက်ကားဈေး၊ ပန်းခြံ၊ ကစားကွင်းတွေ ဆောက်လုပ်သင့်တာဖြစ်တယ်လို့လည်း သိရပါတယ်။ “ပိတ်လိုက်တဲ့ သုဿာန်ဟောင်း (၇)ခုရှိတယ်။ ဒီထဲမှာ မွတ်စလင်သုဿာန်၊ ဟိန္ဒူသုဿာန်၊ တရုတ်သုဿာန်၊ ခရစ်ယာန်သုဿာန်၊ ကန်သာဦးသုဿာန်တွေက မြို့တွင်းအချက်အချာကျတဲ့သုဿာန်တွေ ဖြစ်တယ်။ လက်ရှိမှာက လူဦးရေတိုးလာသလို မြို့ဧရိယာတိုးချဲ့လာတာကြောင့် ပိတ်သိမ်းခဲ့တယ်။ ပြည် မြို့စွန်က အေးငြိမ်းရာဘာသာပေါင်းစုံသုဿာန်မှာ သင်္ဂြိုလ်စေခဲ့တယ်” လို့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းကပြောပါတယ်။…
Read More
ဗစ်တိုးရီးယားအမည်ကို ထုတ်ဖော်ပြောကြားတဲ့သူတွေကို တရားစွဲဆိုဖို့ အမှုအပ်နှံတဲ့ လုပ်ငန်းများစတင်
နေပြည်တော် ၊ ဇန်နဝါရီ ၂-၂၀၁၉ သူရိန်(VOM) ဗစ်တိုးရီးယားနာမည်နဲ့ မိဘနာမည်တွေကို ထုတ်ဖော်ပြောကြားခဲ့သူတွေကို တရားစွဲဆိုနိုင်ဖို့အတွက် ဗစ်တိုးရီးယားရဲ့ဖခင်ဆီကနေ ကိုယ်စားလှယ်လွှဲအပ်စာရရှိတဲ့ စာရေးဆရာထင်လင်းဦးက မြန်မာ နိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILAM)ကို အမှုအပ်နှံခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးသိန်းသန်းဦး (ILAM) ကနေ သိရပါတယ်။ “ပထမဆုံး ဆရာထင်တို့ကော်မတီ (ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီ )က ကျွန်တော်တို့ကိုအမှုအပ်လိုက်ပြီ ။ ကျွန်တော်တို့မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများ အသင်း(ILAM)က ကော်မတီရယ် ၊ မိသားစုရယ် ရှေ့နေတွေအဖြစ် စတင်ဆောင်ရွက်သွားပါတော့မယ်။ ဆရာထင်က ကိုယ်စားလှယ်ပါဝါယူထားတော့ တရားမကြောင်းမှာတော့ ဆောင်ရွက်လို့ရတယ် ၊ ပြစ်မှုကြောင်းမှာကျတော့ တချို့အမှုတွေက နစ်နာသူကိုယ်တိုင်စွဲဖို့ မိသားစုနဲ့တွေ့ဖို့ရှိသေးတယ်။ တရားမမှုကတော့ ဆရာထင်က ကိုယ်စားလှယ်လွဲလို့ရတယ်။ အချို့အမှုတွေမှာတော့ ကိုယ်စားလှယ်နဲ့စွဲခွင့်ပြုတယ်။ ရှေ့တပတ်မိသားစုနဲ့ အိုင်လန်ကိုယ်စားတွေ့ဆုံမှာဖြစ်ပြီး တရားစွဲတဲ့သူတွေက ပြည်သူ့ဝန်ထမ်းတွေပါရင် ဥပဒေအရခွင့်ပြုမိန့်တောင်းတာ ၊တရားမကြောင်းအရ နို့တစ်စာပေးတာလုပ်ရမယ်။ အခုကတရားဝင်စလုပ်ပါပြီ”လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးသိန်းသန်းဦး…
Read More
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရေကြီးမှု လူ ၂၁ ဦးထက်မနည်းသေဆုံး
ဂျကာတာ၊ ဇန်နဝါရီ-၂-၂၀၁၉ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၂၄ နှစ်အတွင်းစံချိန်တင်မိုးရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားမှုတွေကြောင့် လူ ၂၁ ဦးထက်မနည်းသေဆုံးသွားပါတယ်။ ဂျကာတာမြို့အရှေ့ပိုင်းရှိ လေဆိပ်တစ်ခုမှာမိုးရေချိန်ဟာ ၃၇၇ မီလီမီတာအထိ ရွာသွန်းခဲ့ကြောင်း မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိဗေဒအေဂျင်စီက ထုတ်ပြန်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စံချိန်တင်မိုးရေချိန်တွေကို စတင်မှတ်တမ်းတင်တာတွေ စတင်ခဲ့တဲ့ ၁၉၉၆ ခုနှစ်နောက်ပိုင်း တစ်ရက်အတွင်း အများဆုံးရွာသွန်းခဲ့သည့် မိုးရေချိန်ဖြစ်ပါတယ်။ နှစ်သစ်ကူးအကြိုကာလမှာ ရွာသွန်းခဲ့တဲ့မိုးဟာ ပုံမှန်ရွာသွန်းတဲ့ မိုးမဟုတ်ကြောင်း အဆိုပါအေဂျင်စီက ထုတ်ပြန်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂျကာတာမြို့ ဆင်ခြေဖုံးရပ်ကွက်တွေမှ မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး မြို့အလယ်ပိုင်းရှိ နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၃ ခုနှစကလည်းရေကြီးရေလျှံမှုကြောင့် လူ ၄၇ ဦးသေဆုံးခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ လူ ၅၀ ကျော်သေဆုံးခဲ့ပါတယ်။ Ref : BBC Photo: Reuters #VOM…
Read More
ကျောက်မျက်ရတနာတွေကို ပြည်တွင်းကုန်သည်ကိုသာ မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ပွဲ နေပြည်တော်မှာ ပြုလုပ်
Read More
VOM News
FREE
VIEW