ပဲခူးမြို့နယ်တရားရုံးမှာ အချုပ်သားတစ်ဦးဆီကနေ စိတ်ကြွမူးယစ်ဆေးပြားတွေဖမ်းမိ

ပဲခူး ဇန်နဝါရီ ၂-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တရားရုံးမှာ ဒီနေ့မနက်ပိုင်းက အမှုစစ်ဆေးဖို့ ရုံးထုတ်လာတဲ့ အချုပ်သားတစ်ဦးဆီကနေ (WY)စိတ်ကြွမူးယစ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးအမှတ်(၁)ရဲစခန်းကနေ သိရပါတယ်။

ရုံးထုတ်လာတဲ့ အချုပ်သားတွေထဲက ပဲခူးအမှတ်(၂)နယ်မြေရဲစခန်းကနေ (ပ)၃၃၀/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ ပဲခူးမြို့နယ်တရားရုံးမှာအမှုရင်ဆိုင်နေရတဲ့ ပဲခူးမြို့မဇင်းရပ်ကွက်၊ သရက်တော(၅)လမ်းမှာနေတဲ့ အသက်၂၄နှစ်အရွယ် ပိုင်သက်ဆိုသူ နဲ့ အမှတ်(၃)နယ်မြေရဲစခန်းမှ (ပ)၂၇/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုရင်ဆိုင်နေရတဲ့ဉဿာမြို့သစ်မဟာကြီးဘုရားလမ်းနေအသက်(၁၉)နှစ်အရွယ် မင်းခန့်ကျော်တို့နှစ်ဦး တရားရုံးအချုပ်ကိုရောက်ရှိချိန် အပေါ့အပါးသွားလိုတဲ့အတွက် ခွင့်တောင်းခဲ့တယ်ပါတယ်။

အဲ့ဒီအချုပ်သားနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက အိမ်သာကိုပို့ဆောင်ပေးပြီး တရားရုံးအချုပ်ခန်းကို ပြန်လည်ခေါ်ဆောင်ကာ ခန္ဓာကိုယ်ကိုရှာဖွေစစ်ဆေးတဲ့အခါ ပိုင်သက်ရဲ့ ခါးပုံစအတွင်းကနေ တစ်ရှူးအိတ်အခွံနဲ့ထည့်ထားတဲ့ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး (၂၈) ပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။

‟အချုပ်သားဆီက WYစိတ်ကြွမူးယစ်ဆေးဝါးမိတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲပါ ၊ (ပ)နံပါတ်မထွက်သေးပါဘူး”လို့ ပဲခူးမြို့မ အမှတ်(၁)ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက VOMကိုအတည်ပြုပြောပါတယ်။

ပဲခူးအချုပ်ထောင်အတွင်း အချုပ်ကျနေတဲ့ အချုပ်သား ၇၅ ဦးနှင့်အချုပ်သူ ၅ ဦးတို့ကို တရားရုံးထုတ်တာဝန်ခံ ရဲအုပ်ထွန်းဝဏ္ဏအေးနဲ့ တပ်ဖွဲ့ဝင်တွေက တရားရုံးထုတ်ဖို့ ခေါ်လာချိန် ခုလိုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ပဲခူး #အချုပ်သား #မူးယစ်ဆေးမိ

Zawgyi

ပဲခူးၿမိဳ႕နယ္တရား႐ုံးမွာ အခ်ဳပ္သားတစ္ဦးဆီကေန စိတ္ႂကြမူးယစ္ေဆးျပားေတြဖမ္းမိ

ပဲခူး ဇန္နဝါရီ ၂-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕နယ္တရား႐ုံးမွာ ဒီေန႔မနက္ပိုင္းက အမႈစစ္ေဆးဖို႔ ႐ုံးထုတ္လာတဲ့ အခ်ဳပ္သားတစ္ဦးဆီကေန (WY)စိတ္ႂကြမူးယစ္ေဆးျပားေတြ ဖမ္းဆီးရမိခဲ့တယ္လို႔ ပဲခူးအမွတ္(၁)ရဲစခန္းကေန သိရပါတယ္။

႐ုံးထုတ္လာတဲ့ အခ်ဳပ္သားေတြထဲက ပဲခူးအမွတ္(၂)နယ္ေျမရဲစခန္းကေန (ပ)၃၃၀/၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ နဲ႔ ပဲခူးၿမိဳ႕နယ္တရား႐ုံးမွာအမႈရင္ဆိုင္ေနရတဲ့ ပဲခူးၿမိဳ႕မဇင္းရပ္ကြက္၊ သရက္ေတာ(၅)လမ္းမွာေနတဲ့ အသက္၂၄ႏွစ္အရြယ္ ပိုင္သက္ဆုိသူ နဲ႔ အမွတ္(၃)နယ္ေျမရဲစခန္းမွ (ပ)၂၇/၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔အမႈရင္ဆိုင္ေနရတဲ့ဉႆာၿမိဳ႕သစ္မဟာႀကီးဘုရားလမ္းေနအသက္(၁၉)ႏွစ္အရြယ္ မင္းခန႔္ေက်ာ္တို႔ႏွစ္ဦး တရား႐ုံးအခ်ဳပ္ကိုေရာက္ရွိခ်ိန္ အေပါ့အပါးသြားလိုတဲ့အတြက္ ခြင့္ေတာင္းခဲ့တယ္ပါတယ္။

အဲ့ဒီအခ်ဳပ္သားႏွစ္ဦးကို ရဲတပ္ဖြဲ႕ဝင္ေတြက အိမ္သာကိုပို႔ေဆာင္ေပးၿပီး တရား႐ုံးအခ်ဳပ္ခန္းကို ျပန္လည္ေခၚေဆာင္ကာ ခႏၶာကိုယ္ကိုရွာေဖြစစ္ေဆးတဲ့အခါ ပိုင္သက္ရဲ႕ ခါးပုံစအတြင္းကေန တစ္ရႉးအိတ္အခြံနဲ႔ထည့္ထားတဲ့ WY စာတန္းပါ စိတ္ႂကြမူးယစ္ေဆးဝါး (၂၈) ျပားကို သိမ္းဆည္းရမိခဲ့တယ္လို႔ ရဲမွတ္တမ္းမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

‟အခ်ဳပ္သားဆီက WYစိတ္ႂကြမူးယစ္ေဆးဝါးမိတာနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနဆဲပါ ၊ (ပ)နံပါတ္မထြက္ေသးပါဘူး”လို႔ ပဲခူးၿမိဳ႕မ အမွတ္(၁)ရဲစခန္းမွတာဝန္ရွိသူတစ္ဦးက VOMကိုအတည္ျပဳေျပာပါတယ္။

ပဲခူးအခ်ဳပ္ေထာင္အတြင္း အခ်ဳပ္က်ေနတဲ့ အခ်ဳပ္သား ၇၅ ဦးႏွင့္အခ်ဳပ္သူ ၅ ဦးတို႔ကို တရား႐ုံးထုတ္တာဝန္ခံ ရဲအုပ္ထြန္းဝဏၰေအးနဲ႔ တပ္ဖြဲ႕ဝင္ေတြက တရားရံုးထုတ္ဖို႔ ေခၚလာခ်ိန္ ခုလုိျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ပဲခူး #အခ်ဳပ္သား #မူးယစ္ေဆးမိ

Related posts

Leave a Comment

VOM News

FREE
VIEW