အခြေခံပညာ‌ဦးစီးဌာနမှ ညွှန်ကြားချက်အား မုံရွာပညာရေးကောလိပ်သင်တန်းသူသင်တန်းသားများ ကန့်ကွက်

အခြေခံပညာ‌ဦးစီးဌာနမှ ညွှန်ကြားချက်အား မုံရွာပညာရေးကောလိပ်သင်တန်းသူသင်တန်းသားများ ကန့်ကွက် မုံရွာ-ဇန်နဝါရီ ၂၁-၂၀၂၀ ရန်နိုင်စိုး(VOM) မတ်ထိ စာမေးပွဲကာလ‌ ‌ပြောင်း‌ရွှေ့လိုက်တဲ့ ညွှန်ကြားချက်အပေါ် ကန့်ကွက်တဲ့အနေနဲ့ မုံရွာပညာရေးကောလိပ်သင်တန်းသူသင်တန်းသားတွေက ဇန်နဝါရီ ၂၁ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ပုံမှန်နှစ်တွေမှာ အဆိုပါအတန်းငယ်တွေဟာ တက္ကသိုလ်ဝင်တန်းအရင် စာမေးပွဲဖြေဆိုရ‌တာဖြစ်ပြီး အခုညွှန်ကြားချက်အရ တက္ကသိုလ်ဝင်တန်းဖြေဆို ပြီးမှသာ ဖြေဆိုရမှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးပြောစကားအရ အခုလိုပြုလုပ်တ‌ဲ့အတွက် အခြေခံအတန်းငယ်တွေ ပညာပိုမိုတက်‌မြောက်‌စေရန်ပြုလုပ်တာဖြစ်ပြီး မိဘတွေကို လုပ်ငန်းဆောင်တာ အေးဆေးစွာပြုလုပ်စေချင်တယ်တဲ့ အရာဟာ မခိုင်လုံဘူးလို့ ဆန္ဒထုတ်ဖော်သူ သင်တန်းသားများက ဝေဖန်ပါတယ်။ ဒီအပြင်ပညာရေးစနစ်ပြောင်းစေချင်ရင် သင်ရိုးညွှန်းတန်းပါ ပြင်သင့်တယ်လို့လဲ ဆိုပါတယ်။ ဒါအပြင် ကောလိပ်ကျောင်းရှေ့မှာလဲ ကျောင်းသားမိဘ၊ဆရာ၊ဆရာမများ သဘောမပါတဲ့ စာမေးပွဲကာလနောက်ဆုပ်ခြင်းကို ပြင်ဆင်ပေးဖို့နဲ့ အစမ်းသပ်ခံပညာရေးအလိုမရှိကြောင်း တောင်းဆိုခဲ့ကြပါတယ်။ အခုစည်တန်းလမ်းလျှောက်ရာမှာ မုံရွာမြို့ လူစည်ကားရာ လမ်းမတွေမှာ ပြုလုပ်ခဲ့ပါတယ်။ အခုလိုတောင်းဆိုမှုမှ အဆင်မပြေခဲ့ရင်တော့ ဒီ့ထက်ပိုပြီး ထိရောက်တဲ့ တောင်းဆိုမှုတွေအပါဝင်…

Read More

ရန်ကုန် – ကိုကိုးကျွန်းကို အခမဲ့လိုက်ပါစီးနင်းနိုင်မယ့် သင်္ဘောခရီးစဉ်စတင်ပြေးဆွဲ ၊ လူ ၆၀ စီးနင်းနိုင်မည်

ရန်ကုန် – ကိုကိုးကျွန်းကို အခမဲ့လိုက်ပါစီးနင်းနိုင်မယ့် သင်္ဘောခရီးစဉ်စတင်ပြေးဆွဲ ၊ လူ ၆၀ စီးနင်းနိုင်မည် ရန်ကုန် ဇန်နဝါရီလ ၂၁- ၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန် – ကိုကိုးကျွန်းကို လူ ၆၀ ခန့်လိုက်ပါစီးနင်းနိုင်မယ့်ရေကြောင်းသင်္ဘောခရီးစဉ်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဒီကနေ့ဇန်နဝါရီလ ၂၁ ရက် မှာ စတင်ပြေးဆွဲလိုက်ပါတယ်။ ဒီခရီးစဉ်တစ်ခေါက်ကို သိန်း ၂၀၀ ကျပ်ကုန်ကျစရိတ်ရှိကြောင်း ဒါကို YRTA ရံပုံငွေထဲကနေ သုံးစွဲတာဖြစ်ပါတယ်။ ကိုကိုးကျွန်းကိုရေကြောင်းကနေ သင်္ဘောပြေးဆွဲတာဟာ အရှုံးပေါ်နိုင်ပေမယ့်လည်း စာနာစိတ်ကိုငွေကြေးနဲ့လဲလှယ်လို့မရကြောင်း၊ ခုလိုပြေးဆွဲမှုအပေါ် ဝေဖန်နိုင်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကဆိုပါတယ်။ ” ဒီခရီးစဉ်ကို ပြေးဆွဲတဲ့နေရာမှာ ကျွန်တော်တို့ ရှုံးနိုင်တယ်။အကျိုးအမြတ်ကိုရှေးရှုပြေးဆွဲတာမဟုတ်ပါဘူးပြေးဆွဲတဲ့ အဓိကရည်ရွယ်ချက်က ဒေသခံပြည်သူတွေနဲ့ ဒီဒေသမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိတဲ့သူတွေ အတွက်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့…

Read More

ကြက်သားအစိမ်းမှာတွေ့ရတဲ့ ဆယ်မိုနဲလားပိုးဟာ လူ့အသက်အန္တရာယ်မရှိ

ရန်ကုန် ၊ ဇန်နဝါရီ ၂၁-၂၀၂၀ သိဂီ ၤ( VOM) ကြက်သားအစိမ်းမှာတွေ့ရတဲ့ ဆယ်မိုနဲလားပိုးဟာ အပူချိန် ၇၇ ဒီဂရီအပူချိန်ထဲမှာ ထည့်ပြီးချက်ပြုတ်မယ်ဆိုရင် တစ်စက္ကန့်ထဲနဲ့သေစေတဲ့ကာ လူအတွက် အသက်အန္တရာယ်မရှိတဲ့အတွက် ကြောက်လန့်နေစရာမလိုဘူးလို့ တိရိစ္ဆာန်ဆေးပညာဆိုင်ရာ လူထုကျန်းမာရေးပညာရှင်ဒေါက်တာမင်းသစ်လွင်က ဒီကနေ့ ရန်ကုန်မြို့မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်မှာပြုလုပ်ခဲ့တဲ့ ကြက်သားထုတ်လုပ်မှုနှင့်အ စားအသောက်ဘေးကင်းလုံခြုံရေးကိစ္စရပ်များဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ “ ကြက်သားထဲမှာ ဆယ်မိုနဲလားပိုးဘယ်လောက်ပါပါ အရေးမကြီးဘူး။ ၇၇ ဒီဂရီအပူချိန်ထဲမှာ တစ်စက္ကန့်ထဲနဲ့ဒီကောင်သေတယ်။ ချက်ပြုတ်နေတဲ့အပူချိန်က ဒီထက်ပိုများတယ်။ ဒါကိုကြီးကြီးကျယ်ကျယ်ကြီးလုပ်ပြီး ကြောက်လန့်နေစရာအကြောင်းမရှိဘူး။ ဆယ်မိုနဲလား ဘယ်လောက်သည် ပါးစပ်ထဲကိုရောက်သွားတဲ့အခါ ရောဂါဖြစ်စေသလဲ၊ အနည်းဆုံး ဗိုက်ထဲဘယ်နှစ်ကောင်ရောက်ရင် ခံစားရတာ၊ ဒီထက်အောက်ဆိုဘယ်လိုလဲ။ ပုံမှန်နည်းနည်းကျယ်ပြန့့်ပါတယ်။ ဖြစ်နိုင်ချေရှိလားဆို ဖြစ်နိုင်ချေရှိတယ်။ မရှိဘူးလို့မပြောနိုင်ဘူး။ ကူးစက်နိုင်လားဆိုကူးစက်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကြည့်မယ် အပုံ တစ်သန်းပုံရင် ဘယ်နှစ်ပုံရှိလဲဆိုတာပြန်တွက်ယူရမှာဖြစ်တယ်။”လို့ ဒေါက်တာမင်းသစ်လွင်က ပြောပါတယ်။ ဆယ်မိုနဲလားပိုးမှာ မျိုးကွဲပေါင်း ၂၄၆၃ မျိုးရှိတဲ့အထဲမှာမှ…

Read More

တမူးမြို့ကို အတိုင်ပင်ခံပုဂ္ဂိုလ်လာရောက်ပြီး ပြည်သူနဲ့တွေဆုံသွားမယ်လို့ သိရ

တမူး၊ ဇန်နဝါရီ ၂၁-၂၀၂၀ ဂေါင်ဂေါင်(VOM) တမူးခရိုင်၊ တမူးမြို့ကို ဇန်နဝါရီ(၂၃)ရက်နေ့တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာရောက်မှာဖြစ်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။ “အတိုင်ပင်ခံပုဂ္ဂိုလ်သည် တမူးမြို့ကို ပထမဆုံးအကြိမ်လာရောက်မှုဖြစ်ပြီး၊ ဇန်နဝါရီ၂၃ရက်နေ့မှာ ရောက်မယ်လို့သိရပါတယ်။ အချိန်တော့ အတိအကျမသိနိုင်ဘူး ၂၀၁၉ ခုနှစ်က ရာသီဥတုကြောင့် တမူးခရီးစဥ်ဖျက် လိုက်ရပြီး၊ ဒီနှစ် ပြည်သူနဲ့ပါ တွေဆုံသွားမှာပါ၊ ပြည်သူရဲ့ ဆန္ဒကို ပြောဆိုခွင့်ရမှာပါ”လို့ တမူးမြို့ NLD ဥက္ကဌ ဦးမြင့်ဇော်ကပြောပါတယ်။ တမူးမြို့က စက်ရောင်ဘီလူးခန်းမမှာ ပြည်သူလူထုနဲ့တွေ့ဆုံဖို့ စီစဥ်ထားပြီး အတိုင်ပင်ခံနဲ့တွေဆုံခွင်ရဖို့အတွက် လုံခြုံရေး ကဒ်တွေလည်းထုပ်ပေးမယ်လို့ သိရပါတယ်။ လုံခြုံရေးကဒ်တွေထုတ်ယူရမှာနဲ့ ပက်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးဦးမျိုးမင်းအောင်က “ခရိုင်အုပ်ချုပ်ရေးရုံးမှာ စာရင်းတင်ပြီး SB ရုံးမှာ ထုပ်ယူရမယ်လို့သိရပါတယ်။လုံခြုံရေးကပ် ၁၂၀၀လောက်စီစဥ်ထားပြီး ကဒ်ရတဲ့သူတွေသာ ဝင်ခွင့်ပေးသွားမှာပါ”လို့ ပြောပါတယ်။ #VOM #voiceofmyanmar #တမူး #ဒေါ်အောင်ဆန်းစုကြည် #ပထမအကြိမ်လာမယ် Zawgyi တမူးၿမိဳ႕ကို…

Read More

ဖားကန့်မှာ မြေစာပုံပြိုကျ ရေမဆေးသမား(၁)ဦး သေဆုံး

ဖားကန့်၊ ဇန်နဝါရီ ၂၁-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီးက ရတနာစမ်းရွှင် ကျောက်မျက်ကုမ္မဏီရဲ့ စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ရေမဆေးရှာဖွေသူတဦး မြေစာပိသေဆုံးမှု ဇန်နဝါရီ ၂၀ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့ပါတယ် ။ မြေစာပိသေဆုံးသူဟာ ဦးလှထွန်ဖြူ (၅၄)နှစ် ရခိုင်လူမျိုးဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေရာအနီးက ကောင်စံကျေးရွာမှာ နေထိုင်တယ်လို့ သိရပါတယ် ။ မြေပိသေဆုံးသူရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးနိုင်ဖို့အတွက် ဖားကန့်မြို့ ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ဖားကန့် ရတနာနယ်မြေမှာ ဇန်နဝါရီလအတွင်း မြေပြိုမှုနှစ်ကြိမ် ၊မြေစာပြိုမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ကုမ္မဏီဝန်ထမ်းတစ်ဦး၊ ရေမဆေးရှာဖွေသူတစ်ဦး သေဆုံးခဲ့ကာ ကုမ္မဏီဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #ဖားကန့် #မြေစာပုံပြိုကျ #လူသေဆုံး Zawgyi ဖားကန့်မှာ မြေစာပုံပြိုကျ ရေမဆေးသမား(၁)ဦး သေဆုံး ဖားကန့်၊ ဇန်နဝါရီ ၂၁-၂၀၂၀ ဇော်မိုးထက်(VOM)…

Read More

ဟံသာဝတီ လေဆိပ်စီမံကိန်းအတွက် တောင်သူ(၈၅)ဦးက မြေယာလျော်ကြေးပေးဖို့တောင်းဆို

ပဲခူး၊ ဇန်နဝါရီ ၂၁-၂၀၂၀ မိုးယံ(ပဲခူး) ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ(၂၀)ရက်နေ့က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းအတွက် မြေယာလျော်ကြေးပေးဖို့ တောင်သူ(၈၅)ဦးက စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။ ‟လယ်မြေ၊ ခြံမြေတွေ တကယ်နစ်နာဆုံးရှုံးပြီးတော့ လျော်ကြေးပြန်ပေးရမယ့်ကိစ္စမှာ မပေးတော့ဘူးလို့ ဗဟိုမြေစစ်ကော်မတီက ဆုံးဖြတ်တဲ့ကိစ္စရယ်၊ ဒီကိစ္စတွေကို မှားယွင်းပြီး ဆုံးဖြတ်ထားတာကို ပြန်လည်စီစစ်ပေးဖို့နဲ့ ပွင့်လင်းမြင်သာစွာချပြဖို့ ၊ အခုလိုတောင်သူလယ်သမားတွေ စုပေါင်းတောင်းဆိုရခြင်းဖြစ်ပါတယ်”လို့ ဦးဆောင်သူ ကိုဇေယျာဝင်းကပြောပါတယ်။ အဲ့ဒီလေဆိပ်စီမံကိန်းမှာပါဝင်တဲ့ လယ်ယာမြေ ဧက(၄၀၀)နီးပါးကို ၁၉၇၄ခုနှစ်ကတည်းက လုပ်ကိုင်စားသောက်လာကြပြီး ၁၉၉၇/၁၉၉၈ခုနှစ်မှာ ဖယ်ရှားပေးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ‟ပြီးခဲ့တဲ့ ဇန္နဝါရီ ၁၆ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးက ညှိနှိုင်းဖို့ဆိုပြီး၊ ကျွန်တော်တို့ကိုလှမ်းခေါ်တယ်၊ ရုံးရောက်တော့ လျော်ကြေးပေးပြီးပြီဆိုပြီး လက်မှတ်ထိုးခိုင်းတယ်၊ လျော်ကြေးငွေ မရရှိသေးတဲ့အတွက် ကျွန်တော်တို့က လက်မှတ်မထိုးနိုင်ပါဘူး။ သူတို့လျော်ကြေးပေးတယ်ဆိုတာ ကျူးကျော်တွေကိုသာ ပေးထားတာပါ၊ မူလတောင်သူတွေကို မပေးရသေးပါဘူး၊ ဒီလိုတောင်းဆိုတာမရသေးဘူးဆိုရင် တိုင်း/ခရိုင်/ဗဟိုကို…

Read More
VOM News

FREE
VIEW