အခြေခံပညာ‌ဦးစီးဌာနမှ ညွှန်ကြားချက်အား မုံရွာပညာရေးကောလိပ်သင်တန်းသူသင်တန်းသားများ ကန့်ကွက်

အခြေခံပညာ‌ဦးစီးဌာနမှ ညွှန်ကြားချက်အား မုံရွာပညာရေးကောလိပ်သင်တန်းသူသင်တန်းသားများ ကန့်ကွက်

မုံရွာ-ဇန်နဝါရီ ၂၁-၂၀၂၀
ရန်နိုင်စိုး(VOM)

မတ်ထိ စာမေးပွဲကာလ‌ ‌ပြောင်း‌ရွှေ့လိုက်တဲ့ ညွှန်ကြားချက်အပေါ် ကန့်ကွက်တဲ့အနေနဲ့ မုံရွာပညာရေးကောလိပ်သင်တန်းသူသင်တန်းသားတွေက ဇန်နဝါရီ ၂၁ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ပုံမှန်နှစ်တွေမှာ အဆိုပါအတန်းငယ်တွေဟာ တက္ကသိုလ်ဝင်တန်းအရင် စာမေးပွဲဖြေဆိုရ‌တာဖြစ်ပြီး အခုညွှန်ကြားချက်အရ တက္ကသိုလ်ဝင်တန်းဖြေဆို ပြီးမှသာ ဖြေဆိုရမှာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးပြောစကားအရ အခုလိုပြုလုပ်တ‌ဲ့အတွက် အခြေခံအတန်းငယ်တွေ ပညာပိုမိုတက်‌မြောက်‌စေရန်ပြုလုပ်တာဖြစ်ပြီး မိဘတွေကို လုပ်ငန်းဆောင်တာ အေးဆေးစွာပြုလုပ်စေချင်တယ်တဲ့ အရာဟာ မခိုင်လုံဘူးလို့ ဆန္ဒထုတ်ဖော်သူ သင်တန်းသားများက ဝေဖန်ပါတယ်။

ဒီအပြင်ပညာရေးစနစ်ပြောင်းစေချင်ရင် သင်ရိုးညွှန်းတန်းပါ ပြင်သင့်တယ်လို့လဲ ဆိုပါတယ်။

ဒါအပြင် ကောလိပ်ကျောင်းရှေ့မှာလဲ ကျောင်းသားမိဘ၊ဆရာ၊ဆရာမများ သဘောမပါတဲ့ စာမေးပွဲကာလနောက်ဆုပ်ခြင်းကို ပြင်ဆင်ပေးဖို့နဲ့ အစမ်းသပ်ခံပညာရေးအလိုမရှိကြောင်း တောင်းဆိုခဲ့ကြပါတယ်။

အခုစည်တန်းလမ်းလျှောက်ရာမှာ မုံရွာမြို့ လူစည်ကားရာ လမ်းမတွေမှာ ပြုလုပ်ခဲ့ပါတယ်။

အခုလိုတောင်းဆိုမှုမှ အဆင်မပြေခဲ့ရင်တော့ ဒီ့ထက်ပိုပြီး ထိရောက်တဲ့ တောင်းဆိုမှုတွေအပါဝင် အဆင့်ဆင့်ဆက်လုပ်သွားမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ပညာရေးကောလိပ်

Zawgyi

အေျခခံပညာ‌ဦးစီးဌာနမွ ၫႊန္ၾကားခ်က္အား မုံ႐ြာပညာေရးေကာလိပ္သင္တန္းသူသင္တန္းသားမ်ား ကန႔္ကြက္

မံုရြာ-ဇန္နဝါရီ ၂၁-၂၀၂၀
ရန္ႏိုင္စိုး(VOM)

မတ္ထိ စာေမးပြဲကာလ‌ ‌ေျပာင္း‌ေ႐ႊ႕လိုက္တဲ့ ၫႊန္ၾကားခ်က္အေပၚ ကန႔္ကြက္တဲ့အေနနဲ႔ မုံ႐ြာပညာေရးေကာလိပ္သင္တန္းသူသင္တန္းသားေတြက ဇန္နဝါရီ ၂၁ရက္ေန႔မွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ပုံမွန္ႏွစ္ေတြမွာ အဆိုပါအတန္းငယ္ေတြဟာ တကၠသိုလ္ဝင္တန္းအရင္ စာေမးပြဲေျဖဆိုရ‌တာျဖစ္ၿပီး အခုၫႊန္ၾကားခ်က္အရ တကၠသိုလ္ဝင္တန္းေျဖဆို ၿပီးမွသာ ေျဖဆိုရမွာ ျဖစ္ပါတယ္။

ပညာေရးဝန္ႀကီးေျပာစကားအရ အခုလိုျပဳလုပ္တ‌ဲ့အတြက္ အေျခခံအတန္းငယ္ေတြ ပညာပိုမိုတက္‌ေျမာက္‌ေစရန္ျပဳလုပ္တာျဖစ္ၿပီး မိဘေတြကို လုပ္ငန္းေဆာင္တာ ေအးေဆးစြာျပဳလုပ္ေစခ်င္တယ္တဲ့ အရာဟာ မခိုင္လုံဘူးလို႔ ဆႏၵထုတ္ေဖာ္သူ သင္တန္းသားမ်ားက ေဝဖန္ပါတယ္။

ဒီအျပင္ပညာေရးစနစ္ေျပာင္းေစခ်င္ရင္ သင္႐ိုးၫႊန္းတန္းပါ ျပင္သင့္တယ္လို႔လဲ ဆိုပါတယ္။

ဒါအျပင္ ေကာလိပ္ေက်ာင္းေရွ႕မွာလဲ ေက်ာင္းသားမိဘ၊ဆရာ၊ဆရာမမ်ား သေဘာမပါတဲ့ စာေမးပြဲကာလေနာက္ဆုပ္ျခင္းကို ျပင္ဆင္ေပးဖို႔နဲ႔ အစမ္းသပ္ခံပညာေရးအလိုမရွိေၾကာင္း ေတာင္းဆိုခဲ့ၾကပါတယ္။

အခုစည္တန္းလမ္းေလွ်ာက္ရာမွာ မုံ႐ြာၿမိဳ႕ လူစည္ကားရာ လမ္းမေတြမွာ ျပဳလုပ္ခဲ့ပါတယ္။

အခုလိုေတာင္းဆိုမႈမွ အဆင္မေျပခဲ့ရင္ေတာ့ ဒီ့ထက္ပိုၿပီး ထိေရာက္တဲ့ ေတာင္းဆိုမႈေတြအပါဝင္ အဆင့္ဆင့္ဆက္လုပ္သြားမယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မုံရြာ #ပညာေရးေကာလိပ္

Related posts

Leave a Comment

VOM News

FREE
VIEW