တမူးမြို့ကို အတိုင်ပင်ခံပုဂ္ဂိုလ်လာရောက်ပြီး ပြည်သူနဲ့တွေဆုံသွားမယ်လို့ သိရ

တမူး၊ ဇန်နဝါရီ ၂၁-၂၀၂၀
ဂေါင်ဂေါင်(VOM)

တမူးခရိုင်၊ တမူးမြို့ကို ဇန်နဝါရီ(၂၃)ရက်နေ့တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာရောက်မှာဖြစ်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။

“အတိုင်ပင်ခံပုဂ္ဂိုလ်သည် တမူးမြို့ကို ပထမဆုံးအကြိမ်လာရောက်မှုဖြစ်ပြီး၊ ဇန်နဝါရီ၂၃ရက်နေ့မှာ ရောက်မယ်လို့သိရပါတယ်။ အချိန်တော့ အတိအကျမသိနိုင်ဘူး ၂၀၁၉ ခုနှစ်က ရာသီဥတုကြောင့် တမူးခရီးစဥ်ဖျက် လိုက်ရပြီး၊ ဒီနှစ် ပြည်သူနဲ့ပါ တွေဆုံသွားမှာပါ၊ ပြည်သူရဲ့ ဆန္ဒကို ပြောဆိုခွင့်ရမှာပါ”လို့ တမူးမြို့ NLD ဥက္ကဌ ဦးမြင့်ဇော်ကပြောပါတယ်။

တမူးမြို့က စက်ရောင်ဘီလူးခန်းမမှာ ပြည်သူလူထုနဲ့တွေ့ဆုံဖို့ စီစဥ်ထားပြီး အတိုင်ပင်ခံနဲ့တွေဆုံခွင်ရဖို့အတွက် လုံခြုံရေး ကဒ်တွေလည်းထုပ်ပေးမယ်လို့ သိရပါတယ်။

လုံခြုံရေးကဒ်တွေထုတ်ယူရမှာနဲ့ ပက်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးဦးမျိုးမင်းအောင်က “ခရိုင်အုပ်ချုပ်ရေးရုံးမှာ စာရင်းတင်ပြီး SB ရုံးမှာ ထုပ်ယူရမယ်လို့သိရပါတယ်။လုံခြုံရေးကပ် ၁၂၀၀လောက်စီစဥ်ထားပြီး ကဒ်ရတဲ့သူတွေသာ ဝင်ခွင့်ပေးသွားမှာပါ”လို့ ပြောပါတယ်။

#VOM #voiceofmyanmar #တမူး #ဒေါ်အောင်ဆန်းစုကြည် #ပထမအကြိမ်လာမယ်

Zawgyi

တမူးၿမိဳ႕ကို အတိုင္ပင္ခံပုဂၢိဳလ္လာေရာက္ၿပီး ျပည္သူနဲ႔ေတြဆုံသြားမယ္လို႔ သိရ

တမူး၊ ဇန္နဝါရီ ၂၁-၂၀၂၀
ေဂါင္ေဂါင္(VOM)

တမူးခ႐ိုင္၊ တမူးၿမိဳ႕ကို ဇန္နဝါရီ(၂၃)ရက္ေန႔တြင္ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လာေရာက္မွာျဖစ္ၿပီး ျပည္သူလူထုနဲ႔ ေတြ႕ဆုံသြားဖို႔ရွိတယ္လို႔ သိရပါတယ္။

“အတိုင္ပင္ခံပုဂၢိဳလ္သည္ တမူးၿမိဳ႕ကို ပထမဆုံးအႀကိမ္လာေရာက္မႈျဖစ္ၿပီး၊ ဇန္နဝါရီ၂၃ရက္ေန႔မွာ ေရာက္မယ္လို႔သိရပါတယ္။ အခ်ိန္ေတာ့ အတိအက်မသိႏိုင္ဘူး ၂၀၁၉ ခုႏွစ္က ရာသီဥတုေၾကာင့္ တမူးခရီးစဥ္ဖ်က္ လိုက္ရၿပီး၊ ဒီႏွစ္ ျပည္သူနဲ႔ပါ ေတြဆုံသြားမွာပါ၊ ျပည္သူရဲ႕ ဆႏၵကို ေျပာဆိုခြင့္ရမွာပါ”လို႔ တမူးၿမိဳ႕ NLD ဥကၠဌ ဦးျမင့္ေဇာ္ကေျပာပါတယ္။

တမူးၿမိဳ႕က စက္ေရာင္ဘီလူးခန္းမမွာ ျပည္သူလူထုနဲ႔ေတြ႕ဆုံဖို႔ စီစဥ္ထားၿပီး အတိုင္ပင္ခံနဲ႔ေတြဆုံခြင္ရဖို႔အတြက္ လုံၿခဳံေရး ကဒ္ေတြလည္းထုပ္ေပးမယ္လို႔ သိရပါတယ္။

လုံၿခဳံေရးကဒ္ေတြထုတ္ယူရမွာနဲ႔ ပက္သက္ၿပီး ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႈးဦးမ်ိဳးမင္းေအာင္က “ခ႐ိုင္အုပ္ခ်ဳပ္ေရး႐ုံးမွာ စာရင္းတင္ၿပီး SB ႐ုံးမွာ ထုပ္ယူရမယ္လို႔သိရပါတယ္။လုံၿခဳံေရးကပ္ ၁၂၀၀ေလာက္စီစဥ္ထားၿပီး ကဒ္ရတဲ့သူေတြသာ ဝင္ခြင့္ေပးသြားမွာပါ”လို႔ ေျပာပါတယ္။

#VOM #voiceofmyanmar #တမူး #ေဒၚေအာင္ဆန္းစုၾကည္ #ပထမအႀကိမ္လာမယ္

Related posts

Leave a Comment

VOM News

FREE
VIEW