ဟံသာဝတီ လေဆိပ်စီမံကိန်းအတွက် တောင်သူ(၈၅)ဦးက မြေယာလျော်ကြေးပေးဖို့တောင်းဆို

ပဲခူး၊ ဇန်နဝါရီ ၂၁-၂၀၂၀
မိုးယံ(ပဲခူး)

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ(၂၀)ရက်နေ့က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းအတွက် မြေယာလျော်ကြေးပေးဖို့ တောင်သူ(၈၅)ဦးက စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။

‟လယ်မြေ၊ ခြံမြေတွေ တကယ်နစ်နာဆုံးရှုံးပြီးတော့ လျော်ကြေးပြန်ပေးရမယ့်ကိစ္စမှာ မပေးတော့ဘူးလို့ ဗဟိုမြေစစ်ကော်မတီက ဆုံးဖြတ်တဲ့ကိစ္စရယ်၊ ဒီကိစ္စတွေကို မှားယွင်းပြီး ဆုံးဖြတ်ထားတာကို ပြန်လည်စီစစ်ပေးဖို့နဲ့ ပွင့်လင်းမြင်သာစွာချပြဖို့ ၊ အခုလိုတောင်သူလယ်သမားတွေ စုပေါင်းတောင်းဆိုရခြင်းဖြစ်ပါတယ်”လို့ ဦးဆောင်သူ ကိုဇေယျာဝင်းကပြောပါတယ်။

အဲ့ဒီလေဆိပ်စီမံကိန်းမှာပါဝင်တဲ့ လယ်ယာမြေ ဧက(၄၀၀)နီးပါးကို ၁၉၇၄ခုနှစ်ကတည်းက လုပ်ကိုင်စားသောက်လာကြပြီး ၁၉၉၇/၁၉၉၈ခုနှစ်မှာ ဖယ်ရှားပေးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

‟ပြီးခဲ့တဲ့ ဇန္နဝါရီ ၁၆ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးက ညှိနှိုင်းဖို့ဆိုပြီး၊ ကျွန်တော်တို့ကိုလှမ်းခေါ်တယ်၊ ရုံးရောက်တော့ လျော်ကြေးပေးပြီးပြီဆိုပြီး လက်မှတ်ထိုးခိုင်းတယ်၊ လျော်ကြေးငွေ မရရှိသေးတဲ့အတွက် ကျွန်တော်တို့က လက်မှတ်မထိုးနိုင်ပါဘူး။ သူတို့လျော်ကြေးပေးတယ်ဆိုတာ ကျူးကျော်တွေကိုသာ ပေးထားတာပါ၊ မူလတောင်သူတွေကို မပေးရသေးပါဘူး၊ ဒီလိုတောင်းဆိုတာမရသေးဘူးဆိုရင် တိုင်း/ခရိုင်/ဗဟိုကို စာတင်တောင်းဆိုသွားမှာပါ”လို့ ဦးဆောင်တောင်းဆိုသူ တောင်သူ ဦးအောင်မြင့်ကပြောပါတယ်။

လေဆိပ်စီမံကိန်းအတွက် ဝါးမရမ်းကျေးရွာတစ်ရွာလုံး ပြောင်းရွှေ့ခဲ့ရပြီးနောက်ပိုင်း ကျူးကျော်နေထိုင်သူတွေကို လျော်ကြေးပေးခြင်းဖြစ်ပြီး မူလတောင်သူတွေကို မပေးရသေးဘူးလို့ တောင်သူတွေကပြောပါတယ်။

မြေယာလျော်ကြေးနဲ့ပတ်သက်ပြီး ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးက‟သီးနှံလျော်ကြေးပေးထားတာတွေရှိပါတယ်၊ အစိုးရအဖွဲ့အနေနဲ့ နှစ်ရှည်သီးနှံပင်တွေအတွက် လျော်ကြေးပေးထားတာတွေရှိပါတယ်။ ကျန်တာတွေက အမှန်တကယ် နေထိုင်ခဲ့တဲ့သူတွေကို အဖွဲ့သုံးဖွဲ့နဲ့ စာရင်းကောက်နေတာတွေရှိပါတယ်၊ အဖွဲ့သုံးဖွဲ့ဆုံပြီး အစိုးရကိုတင်ပြပေးရမှာပါ၊ ကျွန်တော်တို့ကစီစစ်ပြီး တင်ပြပေးရမှာပါ၊ အရင်ကစီစစ်ပြီးသားကို အတည်ပြုတာပါ၊ အရင်က စာရင်းကောက်သွားတာမှာ မပါဘူးဆိုတာတွေရှိခဲ့တယ်လို့ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ပြည်သူတွေ့ဆုံပွဲမှာပြောကြားခဲ့လို့ အခုလိုအဖွဲ့ သုံးဖွဲ့ခွဲပြီး စာရင်းပြန်ကောက်တာ အကြမ်းဖျင်းရပါပြီ၊ ဒီတစ်ပတ်တည်းမှာ ပြန်တင်ပြပေးသွားမှာပါ”လို့ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လ (၃)ရက်နေ့က ဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ရွှေကျောင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာအတွင်း ဝင်ရောက်စိုက်ပျိုးနေထိုင်သူတွေနဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။

တွေ့ဆုံပွဲပြုလုပ်ရာမှာ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက လေဆိပ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက တိုင်းပြည်ဝင်ငွေ တိုးတက်လာမည့်အပြင်၊ လေဆိပ်ကို အမှီပြုပြီး ဒေသခံပြည်သူတွေအနေနဲ့ အစားအသောက်၊ ခရီးသွားဝန်ဆောင်မှု စတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်မှာဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာနိုင်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ဟံသာဝတီလေဆိပ် #မြေလျော်ကြေးရဖို့ #တောင်သူတွေတောင်းဆို

Zawgyi

ဟံသာဝတီ ေလဆိပ္စီမံကိန္းအတြက္ ေတာင္သူ(၈၅)ဦးက ေျမယာေလ်ာ္ေၾကးေပးဖို႔ေတာင္းဆို

ပဲခူး၊ ဇန္နဝါရီ ၂၁-၂၀၂၀
မိုးယံ(ပဲခူး)

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕၊ ဥႆာၿမိဳ႕သစ္၊ ဆည္ေျမာင္းလမ္းရွိ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ဇန္နဝါရီ(၂၀)ရက္ေန႔က ဟံသာဝတီ အျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္းအတြက္ ေျမယာေလ်ာ္ေၾကးေပးဖို႔ ေတာင္သူ(၈၅)ဦးက စုေပါင္းေတာင္းဆိုခဲ့ၾကပါတယ္။

‟လယ္ေျမ၊ ၿခံေျမေတြ တကယ္နစ္နာဆုံးရႈံးၿပီးေတာ့ ေလ်ာ္ေၾကးျပန္ေပးရမယ့္ကိစၥမွာ မေပးေတာ့ဘူးလို႔ ဗဟိုေျမစစ္ေကာ္မတီက ဆုံးျဖတ္တဲ့ကိစၥရယ္၊ ဒီကိစၥေတြကို မွားယြင္းၿပီး ဆုံးျဖတ္ထားတာကို ျပန္လည္စီစစ္ေပးဖို႔နဲ႔ ပြင့္လင္းျမင္သာစြာခ်ျပဖို႔ ၊ အခုလိုေတာင္သူလယ္သမားေတြ စုေပါင္းေတာင္းဆိုရျခင္းျဖစ္ပါတယ္”လို႔ ဦးေဆာင္သူ ကိုေဇယ်ာဝင္းကေျပာပါတယ္။

အဲ့ဒီေလဆိပ္စီမံကိန္းမွာပါဝင္တဲ့ လယ္ယာေျမ ဧက(၄၀၀)နီးပါးကို ၁၉၇၄ခုႏွစ္ကတည္းက လုပ္ကိုင္စားေသာက္လာၾကၿပီး ၁၉၉၇/၁၉၉၈ခုႏွစ္မွာ ဖယ္ရွားေပးခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။

‟ၿပီးခဲ့တဲ့ ဇႏၷဝါရီ ၁၆ရက္ေန႔က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ညႇိႏႈိင္းဖို႔ဆိုၿပီး၊ ကၽြန္ေတာ္တို႔ကိုလွမ္းေခၚတယ္၊ ႐ုံးေရာက္ေတာ့ ေလ်ာ္ေၾကးေပးၿပီးၿပီဆိုၿပီး လက္မွတ္ထိုးခိုင္းတယ္၊ ေလ်ာ္ေၾကးေငြ မရရွိေသးတဲ့အတြက္ ကၽြန္ေတာ္တို႔က လက္မွတ္မထိုးႏိုင္ပါဘူး။ သူတို႔ေလ်ာ္ေၾကးေပးတယ္ဆိုတာ က်ဴးေက်ာ္ေတြကိုသာ ေပးထားတာပါ၊ မူလေတာင္သူေတြကို မေပးရေသးပါဘူး၊ ဒီလိုေတာင္းဆိုတာမရေသးဘူးဆိုရင္ တိုင္း/ခ႐ိုင္/ဗဟိုကို စာတင္ေတာင္းဆိုသြားမွာပါ”လို႔ ဦးေဆာင္ေတာင္းဆိုသူ ေတာင္သူ ဦးေအာင္ျမင့္ကေျပာပါတယ္။

ေလဆိပ္စီမံကိန္းအတြက္ ဝါးမရမ္းေက်း႐ြာတစ္႐ြာလုံး ေျပာင္းေ႐ႊ႕ခဲ့ရၿပီးေနာက္ပိုင္း က်ဴးေက်ာ္ေနထိုင္သူေတြကို ေလ်ာ္ေၾကးေပးျခင္းျဖစ္ၿပီး မူလေတာင္သူေတြကို မေပးရေသးဘူးလို႔ ေတာင္သူေတြကေျပာပါတယ္။

ေျမယာေလ်ာ္ေၾကးနဲ႔ပတ္သက္ၿပီး ပဲခူးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးသန္းေဇာ္ဦးက‟သီးႏွံေလ်ာ္ေၾကးေပးထားတာေတြရွိပါတယ္၊ အစိုးရအဖြဲ႕အေနနဲ႔ ႏွစ္ရွည္သီးႏွံပင္ေတြအတြက္ ေလ်ာ္ေၾကးေပးထားတာေတြရွိပါတယ္။ က်န္တာေတြက အမွန္တကယ္ ေနထိုင္ခဲ့တဲ့သူေတြကို အဖြဲ႕သုံးဖြဲ႕နဲ႔ စာရင္းေကာက္ေနတာေတြရွိပါတယ္၊ အဖြဲ႕သုံးဖြဲ႕ဆုံၿပီး အစိုးရကိုတင္ျပေပးရမွာပါ၊ ကၽြန္ေတာ္တို႔ကစီစစ္ၿပီး တင္ျပေပးရမွာပါ၊ အရင္ကစီစစ္ၿပီးသားကို အတည္ျပဳတာပါ၊ အရင္က စာရင္းေကာက္သြားတာမွာ မပါဘူးဆိုတာေတြရွိခဲ့တယ္လို႔ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္နဲ႔ျပည္သူေတြ႕ဆုံပြဲမွာေျပာၾကားခဲ့လို႔ အခုလိုအဖြဲ႕ သုံးဖြဲ႕ခြဲၿပီး စာရင္းျပန္ေကာက္တာ အၾကမ္းဖ်င္းရပါၿပီ၊ ဒီတစ္ပတ္တည္းမွာ ျပန္တင္ျပေပးသြားမွာပါ”လို႔ရွင္းျပပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ဇြန္လ (၃)ရက္ေန႔က ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းဟာ ပဲခူးၿမိဳ႕နယ္၊ ဝါးမရမ္းေက်း႐ြာအုပ္စု၊ ေ႐ႊေက်ာင္းဘုန္းေတာ္ႀကီးေက်ာင္းဓမၼာ႐ုံမွာ ဟံသာဝတီ အျပည္ျပည္ဆိုင္ရာေလဆိပ္ဧရိယာအတြင္း ဝင္ေရာက္စိုက္ပ်ိဳးေနထိုင္သူေတြနဲ႔ ေတြ႕ဆုံပြဲျပဳလုပ္ခဲ့ပါတယ္။

ေတြ႔ဆံုပြဲျပဳလုပ္ရာမွာ ေလေၾကာင္းပို႔ေဆာင္ေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉး ဦးေဇာ္မင္းက ေလဆိပ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၿပီးပါက တိုင္းျပည္ဝင္ေငြ တိုးတက္လာမည့္အျပင္၊ ေလဆိပ္ကို အမွီျပဳၿပီး ေဒသခံျပည္သူေတြအေနနဲ႔ အစားအေသာက္၊ ခရီးသြားဝန္ေဆာင္မႈ စတဲ့အလုပ္အကိုင္အခြင့္အလမ္းေတြ ပိုမိုရရွိႏိုင္မွာျဖစ္တဲ့အတြက္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြကို အရွိန္အဟုန္ျဖင့္ တိုးတက္ျမင့္မားလာႏိုင္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ဟံသာဝတီေလဆိပ္ #ေျမေလ်ာ္ေၾကးရဖို႔ #ေတာင္သူေတြေတာင္းဆို

Related posts

Leave a Comment

VOM News

FREE
VIEW