တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့်လူ ၂၆ ဦးသေဆုံး၊ မြို့ ၁၀ မြို့ကို ဝင်ထွက်ခွင့်ပိတ်ပင်

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့်လူ ၂၆ ဦးသေဆုံး၊ မြို့ ၁၀ မြို့ကို ဝင်ထွက်ခွင့်ပိတ်ပင်

ပေကျင်း၊ ဇန်နဝါရီ-၂၄-၂၀၂၀
မျိုးဆက်(VOM)

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စတင်ဖြစ်ပွားခဲ့သည့် ဟူဘေးပြည်နယ်ရှိ မြို့များကို ဝင်ထွက်ခွင့် ထပ်မံပိတ်ဆို့လိုက်ပြီး ရောဂါကြောင့် သေဆုံးသူ ၂၆ ဦးထိမြင့်တက်လာသည်။
လူဦရေ သန်း ၆၀ ကျော်နေထိုင်တဲ့ တရုတ်နိုင်ငံအလယ်ပိုင်းက ဟူဘေးပြည်နယ်ရှိ မြို့ ၁၀ မြို့ထက်မနည်းကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဟူဘေးပြည်နယ်အနီးက ဒေသတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဦး ဇန်နဝါရီ ၂၃ ရက်က သေဆုံးခဲ့ပြီး ဒါဟာ ရောဂါဖြစ်ပွားတဲ့ ပြည်နယ်ပြင်ပမှာ ပထမဆုံးသေဆုံးခဲ့တာဖြစ်ပါတယ်။

နောက်ထပ်သေဆုံးမှုတစ်ခုကတော့ ဟီလောင်ဂျင်ပြည်နယ် အရှေ့မြောက်ပိုင်းမှာလို့ အတည်ပြုနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေဟာ ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေပြီး ဝူဟန်မြို့ကနေ ကီလိုမီတာ ၂၀၀၀ ကျော်ကွာဝေးပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံထားရသူ ၈၃၀ ဦးရှိနေပါတယ်။ ရောဂါကူးစက်မှုကာကွယ်တားဆီးဖို့အတွက် မြို့တွေရဲ့ဝင်ထွက်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဟာ တရုတ်နှစ်သစ်ကူး ခရီးသွားကာလမတိုင်မီ အာဏာပိုင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #တရုတ် #ကိုရိုနာဗိုင်းရပ်စ်

Zawgyi

တရုတ္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္ေၾကာင္႔လူ ၂၆ ဦးေသဆံုး၊ ျမိဳ႕ ၁၀ ျမိဳ႕ကို ၀င္ထြက္ခြင္႔ပိတ္ပင္

ေပက်င္း၊ ဇန္န၀ါရီ-၂၄-၂၀၂၀
မ်ိဳးဆက္(VOM)

တရုတ္နိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စတင္ျဖစ္ပြားခဲ႔သည္႔ ဟူေဘးျပည္နယ္ရိွ ျမိဳ႕မ်ားကုိ ၀င္ထြက္ခြင္႔ ထပ္မံပိတ္ဆို႔လိုက္ျပီး ေရာဂါေၾကာင္႔ ေသဆံုးသူ ၂၆ ဦးထိျမင္႔တက္လာသည္။
လူဦေရ သန္း ၆၀ ေက်ာ္ေနထိုင္တဲ႔ တရုတ္နုိင္ငံအလယ္ပိုင္းက ဟူေဘးျပည္နယ္ရိွ ျမိဳ႔ ၁၀ ျမိဳ႕ထက္မနည္းကို ခရီးသြားလာခြင္႔ ပိတ္ပင္ထားတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ဟူေဘးျပည္နယ္အနီးက ေဒသတစ္ခုမွာ ကိုရိုနာဗိုင္းရပ္စ္လူနာတစ္ဦး ဇန္န၀ါရီ ၂၃ ရက္က ေသဆံုးခဲ႔ျပီး ဒါဟာ ေရာဂါျဖစ္ပြားတဲ႔ ျပည္နယ္ျပင္ပမွာ ပထမဆံုးေသဆံုးခဲ႔တာျဖစ္ပါတယ္။

ေနာက္ထပ္ေသဆံုးမႈတစ္ခုကေတာ႔ ဟီေလာင္ဂ်င္ျပည္နယ္ အေရွ႕ေျမာက္ပိုင္းမွာလို႔ အတည္ျပဳနုိင္ခဲ႔ပါတယ္။ တရုတ္နုိင္ငံ အေရွ႕ေျမာက္ပိုင္းေဒသေတြဟာ ရုရွားနိုင္ငံနဲ႔ နယ္နိမိတ္ထိစပ္ေနျပီး ၀ူဟန္ျမိဳ႕ကေန ကီလိုမီတာ ၂၀၀၀ ေက်ာ္ကြာေ၀းပါတယ္။

တစ္နုိင္ငံလံုးအတိုင္းအတာနဲ႔ လက္ရိွအခ်ိန္ထိ ေရာဂါကူးစက္ခံထားရသူ ၈၃၀ ဦးရိွေနပါတယ္။ ေရာဂါကူးစက္မႈကာကြယ္တားဆီးဖို႔အတြက္ ျမိဳ႕ေတြရ႕ဲ၀င္ထြက္ခြင္႔ကို ပိတ္ပင္လိုက္ျခင္းဟာ တရုတ္နွစ္သစ္ကူး ခရီးသြားကာလမတိုင္မီ အာဏာပိုင္ေတြက လုပ္ေဆာင္ခဲ႔တာျဖစ္ပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #တရုတ္ #ကိုရိုနာဗိုင္းရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW