အငြိမ်းစား၀န်ထမ်းတွေ နေထိုင်တဲ့ စံနန်းတော်တိုက်ခန်းတွေကို အပြီးဖယ်ရှားမယ့်အတွက် တိုက်ခန်းနေသူတွေက ရှင်းလင်းပွဲပြုလုပ်

မန္တလေး၊ ဇန်နဝါရီ ၂၄-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄လမ်း ၆၄လမ်းနဲ့ ၆၆လမ်းကြားက ဌာနဆိုင်ရာအငြိမ်းစားတွေနေထိုင်နေတဲ့ စံနန်းတော်တိုက်ခန်းကို လူမူဖူလုံရေးဦးစီးဌာနက ခွင့်မပြုဘဲနေထိုင်တယ်လို့ဆိုကာ ဇန်နဝါရီ(၂၅)ရက်နေ့မှာ အပြီးဖယ်ရှားခိုင်းနေတဲ့အတွက် ဒီကနေနေ့လည်ပိုင်းက အဲ့ဒီတိုက်ခန်းမှာနေထိုင်သူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ်ကတည်းက တရား၀င်စာချုပ်စာတမ်းနဲ့ နေထိုင်လာခဲ့ပြီး အဲ့ဒီတိုက်ခန်းမှာ လက်ရှိနေထိုင်သူတွေကလည်း တပ်မတော်အရာရှိအငြိမ်းစားများ၊ ကျန်းမာရေး၀န်ထမ်းအငြိမ်းစားများ၊ ရဲတပ်ဖွဲ့၀င်အငြိမ်းစားများ၊ ညွန်ကြားရေးမှူးအငြိမ်းစားတွေ နေထိုင်နေတာဖြစ်ပါတယ်။ လက်ရှိ အိမ်ထောင်စု (၃၀)ကျော် ၊ တိုက်ခန်း(၄၅)ခန်း ၊ လူဦးရေး (၁၀၀)ကျော်နေထိုင်နေတာလည်း ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ် နို၀င်ဘာလကလည်း သူတို့နေထိုင်တာကို ဖယ်ရှားပေးဖို့ အကြောင်းကြားစာပို့လာပို့တယ်လို့ သိရပြီး ဒီကနေမနက်ပိုင်းကလည်း ညနေ(၆)နာရီ အပြီးဖယ်ရှားကာ ဇန်နဝါရီ(၂၅)ရက်နေ့မှာ ဖယ်ရှားရှင်းလင်းမယ်လို့ သက်ဆိုင်ရာက အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိနေထိုင်သူတွေကို ဖယ်ရှားရင်လည်း အင်အားသုံးဖယ်ရှားခြင်း မပြုလုပ်ဖို့ မန္တလေးတိုင်း၀န်ကြီးချုပ်က တရား၀င်ညွန်ကြားထားတယ်လို့ တိုက်ခန်းနေထိုင်သူတွေရဲ့ ပြောပြချက်အရ…

Read More

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့်လူ ၂၆ ဦးသေဆုံး၊ မြို့ ၁၀ မြို့ကို ဝင်ထွက်ခွင့်ပိတ်ပင်

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့်လူ ၂၆ ဦးသေဆုံး၊ မြို့ ၁၀ မြို့ကို ဝင်ထွက်ခွင့်ပိတ်ပင် ပေကျင်း၊ ဇန်နဝါရီ-၂၄-၂၀၂၀ မျိုးဆက်(VOM) တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စတင်ဖြစ်ပွားခဲ့သည့် ဟူဘေးပြည်နယ်ရှိ မြို့များကို ဝင်ထွက်ခွင့် ထပ်မံပိတ်ဆို့လိုက်ပြီး ရောဂါကြောင့် သေဆုံးသူ ၂၆ ဦးထိမြင့်တက်လာသည်။ လူဦရေ သန်း ၆၀ ကျော်နေထိုင်တဲ့ တရုတ်နိုင်ငံအလယ်ပိုင်းက ဟူဘေးပြည်နယ်ရှိ မြို့ ၁၀ မြို့ထက်မနည်းကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဟူဘေးပြည်နယ်အနီးက ဒေသတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဦး ဇန်နဝါရီ ၂၃ ရက်က သေဆုံးခဲ့ပြီး ဒါဟာ ရောဂါဖြစ်ပွားတဲ့ ပြည်နယ်ပြင်ပမှာ ပထမဆုံးသေဆုံးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်သေဆုံးမှုတစ်ခုကတော့ ဟီလောင်ဂျင်ပြည်နယ် အရှေ့မြောက်ပိုင်းမှာလို့ အတည်ပြုနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေဟာ ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေပြီး ဝူဟန်မြို့ကနေ ကီလိုမီတာ ၂၀၀၀ ကျော်ကွာဝေးပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံထားရသူ…

Read More

ရတနာပုံတက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ

ရတနာပုံတက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ မန္တလေး ဇန်နဝါရီ ၂၄ ဖြူဖြူ (VOM) မန္တလေးတက္ကသိုလ်ထဲက သပိတ်ကိုထောက်ခံကြောင်းနဲ့ပညာသင်ကာလ မတ်လအထိ တိုးမြှင့်မှုကို ကန့်ကွက်ကြောင်း မန္တလေးမြို့ ရတနာပုံတက္ကသိုလ် မှာ ဒီနေ့ ဇန်နဝါရီ ၂၄ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “လက်ရှိ မန္တလေးတက္ကသိုလ်မှာဖြစ်နေတဲ့ ကျောင်းသားသပိတ်ကလည်း လေးလရှိနေပြီ။ပညာရေးဝန်ကြီးဌာနက နေ ဖြေရှင်းပေးမှုမရှိသေးဘူး။ ဖြေရှင်းပေးဖို့ ထောက်ခံကြောင်း ဆန္ဒပြတာဖြစ်တယ်။ နောက်တစ်ချက်က အတန်းငယ်တွေကို မတ်လကုန်အထိ ကျောင်းချိန်တိုးမြှင့်တဲ့ကိစ္စ၊ အဲဒါကလည်း ပညာရေးတက္ကသိုလ်က ဆရာတွေ၊ ဆရာမတွေ ၊ကျောင်းသားတွေကလည်း လုံးဝမထောက်ခံကြဘူး။ ဒါကိုလည်းထောက်ခံတာဖြစ်တယ်။”လို့။”လို့ ရတနာပုံ တက္ကသိုလ် သမဂ္ဂ ဒုဥက္ကဌ ကိုဘုန်းမြင့်ကျော်က ပြောပါတယ်။ ရတနာပုံတက္ကသိုလ် ဗကသများအဖွဲ့ချုပ်က ကျောင်းသား ကျောင်းသူတွေဟာ ကျောင်းတွင်းတစ်ပတ်လှည့်လည်ဆနပြခဲ့ကြပြီး အဂတိလိုက်စားမှုကို အကာအကွယ်ပေးတဲ့ အစိုးရ အလိုမရှိ၊ လုပ်ငန်းခွင် အခြေမပြုတဲ့ ပြုပြင်ပြောင်းလဲရေး ဖျက်သိမ်းပေး၊ ပညာရေးဗျူရို…

Read More

တံတားပေါ်က ခုန်ချသွားတဲ့ စက်မှုလက်မှုသိပ္ပံကျောင်းသားရဲ့ရုပ်အလောင်း ပြန်လည်တွေ့ရှိ

စစ်ကိုင်း၊ ဇန်နဝါရီ ၂၄-၂၀၂၀ မောင်တာရာ(VOM) ဧရာဝတီတံတား(ရတနာပုံ)ပေါ်ကနေ ဇန်နဝါရီ ၂၃ရက်ညနေပိုင်းက ခုန်ချသွားတဲ့ ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသားရဲ့ ရုပ်အလောင်းကို ဒီကနေ့မနက် ၁၀ နာရီခန့်က တွေ့ရှိခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ကနေ သိရပါတယ်။ ”ဒီနေ့ နံနက် ၁၀ နာရီလောက်က ရေငုပ်သမားတွေ ရှာဖွေမှုနဲ့ မြစ်အတွင်းတံတားအောက်ကနေ ပြန်လည်တွေ့ရှိပါပြီ၊ ရုပ်အလောင်းကို မဏီစလ လူမှုကူညီရေးကားနဲ့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ် “လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောပါတယ်။ တံတားပေါ်ကနေခုန်ချသွားတဲ့ ကျောင်းသားဟာ မန္တလေးမြို့ ၊ကျွဲဆည်ကန် ၁၁ လမ်း၊ လမ်းသွယ် ၃ ကြာမှာနေထိုင်ပြီး ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ အဲ့ဒီကျောင်းသားဟာ ဇန်နဝါရီလ ၂၃ရက်၊ ညနေ ၆နာရီအချိန်ခန့်က ဧရာဝတီ(ရတနာပုံ) မန္တလေးဘက်ခြမ်း တံတားတစ်ကုန်းမြောက်နေရာကနေ မြစ်အတွင်းခုန်ချခဲ့တဲ့အတွက် စစ်ကိုင်းခရိုင်၊မြို့နယ် မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)၊ရေလုပ်သားတွေက ညပိုင်းအထိ ရေပြင်ရှာဖွေကယ်ဆယ်မှုတွေလုပ်ခဲ့ပြီး…

Read More

ICJက (၆)လတစ်ကြိမ်အစီရင်ခံစာ တရားရုံးတင်သွင်းဖို့ပျက်ကွက်ရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးထိခိုက်နိုင်

ရန်ကုန် ၊ ဇန်နဝါရီ ၂၄-၂၀၂၀ သူရိန်(VOM) အပြည်ပြည်ဆိုင်ရာတရားရုံး ICJမှာ တရားစွဲဆိုခံထားရတာနဲ့ပက်သက်ပြီး မြန်မာဘက်က အချက် ၄ ချက် လုပ်ဆောင်ဖို့အမိန့်ချမှတ်မှုမှာ (၆)လတစ်ကြိမ်တိုင်း အစီရင်ခံစာ တရားရုံးကို တင်သွင်းဖို့ပျက်ကွက်ရင် မြန်မာ့စီးပွားရေးပျက်သွားနိုင်တယ်လို့ တရားလွှတ်တော်ရှေ့ နေဦးကြီးမြင့်က သုံးသပ်ပြောဆိုပါတယ်။ “တချို့ကရှုံးလို့ရှုံးမှန်း ၊ နိုင်လိုနိုင်မှန်း မသိတဲ့သူတွေအများကြီး ။ ဥပဒေပညာရှင်ဆိုလို့ ကိုယ့်ကိုကိုယ်သောက်ကြီးသောက်ကျယ် ပြောပြီး ရှုံးလို့ရှုံးမှန်းနိုင်လို့နိုင်မှန်းမသိဘူး။ ဒါပမာဏရှုံးတာ။အဲ လောက်တော့သိသင့်တယ်လေဗျာ။ အမှုကြီးတခုလုံးရှုံးသွားတာမ ဟုတ်ဘူး။ ဂမ်ဘီယာကတောင်းဆိုချက်တွေကို လိုက်လျောရမယ်။ အရေးကြီးတဲ့ဟာတွေ။ နောက်တခု ၄လတစ်ကြိမ် အစီရင်ခံစာဆိုတာ အမိန့်ထပ်ချစရာလိုလား။ အဲတာပါပြီးသား ပြီးသွားပြီ။ ရှိသမျှဟာတွေအကုန်လုံး ၄ ချက်မဟုတ်ဘူး။ အကုန်ရှုံးတာ။ အမှန်တော့ဒီအမှုကြီးကို လက်မခံသင့်ဘူး၊ မချသင့်ဘူးလို့ ဒို့ကနှစ်ချက်ဘဲတောင်းတာ။ အဲနှစ်ချက်ကိုပယ်လိုက်တယ်ကွာ ။ အဲတာ ဒို့ရှုံးတာပေါ့။ ဒါကိုဈေးဆစ်နေသေးတယ်။ လေးချက်ရှုံးတယ်။ နှစ်ချက်ရှုံးတယ်။ ဒါကဂျီနိုဆိုက်လဲမမြောက်ပါဘူး။ ဒါကသေချာတယ်။…

Read More

မတ်လကုန်အထိ စာမေးပွဲစစ်ဆေးခြင်းကို ကန့်ကွက်တဲ့လက်မှတ်ရေးထိုးမှု ပဲခူးမြို့မှာပြုလုပ်

ပဲခူး၊ ဇန်နဝါရီ ၂၄-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့၊ ပဲခူးရွှေမော်ဓောဘုရားလမ်း၊ ဗိုလ်ချုပ်ကြေးရုပ်မှာ ဇန်နဝါရီ၂၃ရက်ညနေပိုင်းက မတ်လကုန်ထိ စာမေးပွဲစစ်ဆေးတာကို ကန့်ကွက်တဲ့အနေနဲ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို အခြေခံပညာ ဆရာ/ဆရာမတစ်ချို့က ဦးဆောင်ပြုလုပ်ခဲ့ကြပြီး ကျောင်းသူ/သား မိဘများ၊ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ ‟စမ်းသပ်နေတာမဟုတ်ဖူးလည်း ပြောသေးတယ်၊ တကယ့်တကယ့်ကြတော့ ဒီနေ့အဆင်ပြေရင်ပြေ၊ မပြေရင် နောက်နေ့ထုတ်လိုက်မယ်ဆိုတဲ့စကားက ဒါ စမ်းသပ်နေတာ မဟုတ်ဖူးလားလို့မေးချင်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီအစိုးရခေတ်မှာ မိဘ၊ဆရာ၊ကျောင်းသား၊ ပညာရေးအသိုင်းအဝန်း သဘောထားမခံယူဘဲ အမိန့်တွေ၊ ညွှန်ကြားစာတွေထုတ်ပြန်နေမယ်ဆိုရင် နောက်နောင် ဒီလိုဘဲ ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။ မိဘ၊ဆရာ၊ကျောင်းသားတွေရဲ့ဆုံးဖြတ်ချက်ကိုယူပြီး ပညာရေးအရွေ့ကိုသွားသင့်တယ်ဆိုတာ သိစေချင်တာပါ၊ အခုကဗဟိုချုပ်ကိုင်မှုနဲ့သွားနေပါတယ်၊ ငါတို့အမိန့်ထုတ်လိုက်မယ်၊ အဲဒီအတိုင်းလုပ်ဆိုတာ အခုထိရှိနေပါသေးတယ်။ နိုင်ငံတော်ကပေးထားတဲ့ တာဝန်တွေကတော့ နိုင်ငံ့ဝန်ထမ်းတွေဆိုတော့ ထမ်းဆောင်ကြရမှာပါ၊ ဝန်ထမ်းတိုင်းမှာ အလုပ်သမားအခွင့်အရေးဆိုတာရှိပါတယ် ။ အဲဒီအလုပ်သမားအခွင့်အရေးတွေကို ဝန်ကြီးဌာနကိုယ်တိုင် ချိုးဖောက်မိနေတယ်ဆိုတာ…

Read More
VOM News

FREE
VIEW