ရတနာပုံတက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ

ရတနာပုံတက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ

မန္တလေး ဇန်နဝါရီ ၂၄
ဖြူဖြူ (VOM)

မန္တလေးတက္ကသိုလ်ထဲက သပိတ်ကိုထောက်ခံကြောင်းနဲ့ပညာသင်ကာလ မတ်လအထိ တိုးမြှင့်မှုကို ကန့်ကွက်ကြောင်း မန္တလေးမြို့ ရတနာပုံတက္ကသိုလ် မှာ ဒီနေ့ ဇန်နဝါရီ ၂၄ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“လက်ရှိ မန္တလေးတက္ကသိုလ်မှာဖြစ်နေတဲ့ ကျောင်းသားသပိတ်ကလည်း လေးလရှိနေပြီ။ပညာရေးဝန်ကြီးဌာနက နေ ဖြေရှင်းပေးမှုမရှိသေးဘူး။ ဖြေရှင်းပေးဖို့ ထောက်ခံကြောင်း ဆန္ဒပြတာဖြစ်တယ်။ နောက်တစ်ချက်က အတန်းငယ်တွေကို မတ်လကုန်အထိ ကျောင်းချိန်တိုးမြှင့်တဲ့ကိစ္စ၊ အဲဒါကလည်း ပညာရေးတက္ကသိုလ်က ဆရာတွေ၊ ဆရာမတွေ ၊ကျောင်းသားတွေကလည်း လုံးဝမထောက်ခံကြဘူး။ ဒါကိုလည်းထောက်ခံတာဖြစ်တယ်။”လို့။”လို့ ရတနာပုံ တက္ကသိုလ် သမဂ္ဂ ဒုဥက္ကဌ ကိုဘုန်းမြင့်ကျော်က ပြောပါတယ်။

ရတနာပုံတက္ကသိုလ် ဗကသများအဖွဲ့ချုပ်က ကျောင်းသား ကျောင်းသူတွေဟာ ကျောင်းတွင်းတစ်ပတ်လှည့်လည်ဆနပြခဲ့ကြပြီး အဂတိလိုက်စားမှုကို အကာအကွယ်ပေးတဲ့ အစိုးရ အလိုမရှိ၊ လုပ်ငန်းခွင် အခြေမပြုတဲ့ ပြုပြင်ပြောင်းလဲရေး ဖျက်သိမ်းပေး၊ ပညာရေးဗျူရို ယန္တယား ချက်ချင်းဖျက် စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတ ရဲ့ တင်ဒါစည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ကျော်လွန်ပြီး ရင်းနှီးကျွမ်းဝင်တဲလုပ်ငန်းရှင်ကို တက္ကသိုလ်ပိုင်မြေပေါ်မှာ food court ဆောက်လုပ်ခွင့်ပြုခဲ့တဲ့ တက္ကသိုလ်ပါမောက္ခချုပ်ကို အရေးယူပေးဖို့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂတွေကနေ သပိတ်မှောက်နေတာပါ။

အဲဒီကိစ္စကိုထောက်ခံကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်တက္ကသိုလ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

အလားတူပဲ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ အခြေခံပညာကျောင်းက ကလေးတွေ မတ်လကုန်အထိကျောင်းတက်ရမယ့် ကိစ္စကိုလည်း ဆရာများသမဂ္ဂတွေ၊ ပညာရေးကောလိပ်က ကျောင်းသားကျောင်းသူတွေကလည်း ကန့်ကွက်ကြောင်း လှုပ်ရှားမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

အခုတောင်းဆိုချက် နှစ်ရပ်နဲ့ ပတ်သက်ပြီး ဒီနေ့မှာတော့ မန္တလေးမြို့အပြင် မိတ္ထီလာ မကွေး ပခုက္ကူ ရမည်းသင်း ပြည် တောင်ငူမြို့တို့မှာလည်း တစ်ပြိုင်နက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး
ပညာရေးဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စနှစ်ရပ်ကို အမြန်ဆုံးဖြေရှင်းမပေးပါက ဆက်လက်ဆန္ဒထုတ်ဖော်သွားမယ်လို့ ဆန္ဒပြ ကျောင်းသားတွေက ဆိုပါတယ်။

#voiceofmyanmar #VOM #ရတနာပုံတက္ကသိုလ်

 

ရတနာပံုတကၠသိုလ္ေက်ာင္းသားေတြ ဆႏၵျပ

မႏၲေလး ဇန္နဝါရီ ၂၄
ျဖဴျဖဴ (VOM)

မႏၲေလးတကၠသိုလ္ထဲက သပိတ္ကိုေထာက္ခံေၾကာင္းနဲ႔ပညာသင္ကာလ မတ္လအထိ တိုးျမႇင့္မႈကို ကန႔္ကြက္ေၾကာင္း မႏၲေလးၿမိဳ႕ ရတနာပုံတကၠသိုလ္ မွာ ဒီေန႔ ဇန္နဝါရီ ၂၄ ရက္က ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

“လက္ရွိ မႏၲေလးတကၠသိုလ္မွာျဖစ္ေနတဲ့ ေက်ာင္းသားသပိတ္ကလည္း ေလးလရွိေနၿပီ။ပညာေရးဝန္ႀကီးဌာနက ေန ေျဖရွင္းေပးမႈမရွိေသးဘူး။ ေျဖရွင္းေပးဖို႔ ေထာက္ခံေၾကာင္း ဆႏၵျပတာျဖစ္တယ္။ ေနာက္တစ္ခ်က္က အတန္းငယ္ေတြကို မတ္လကုန္အထိ ေက်ာင္းခ်ိန္တိုးျမႇင့္တဲ့ကိစၥ၊ အဲဒါကလည္း ပညာေရးတကၠသိုလ္က ဆရာေတြ၊ ဆရာမေတြ ၊ေက်ာင္းသားေတြကလည္း လုံးဝမေထာက္ခံၾကဘူး။ ဒါကိုလည္းေထာက္ခံတာျဖစ္တယ္။”လို​့။”လို႔ ရတနာပုံ တကၠသိုလ္ သမဂၢ ဒုဥကၠဌ ကိုဘုန္းျမင့္ေက်ာ္က ေျပာပါတယ္။

ရတနာပုံတကၠသိုလ္ ဗကသမ်ားအဖြဲ႕ခ်ဳပ္က ေက်ာင္းသား ေက်ာင္းသူေတြဟာ ေက်ာင္းတြင္းတစ္ပတ္လွည့္လည္ဆနျပခဲ့ၾကၿပီး အဂတိလိုက္စားမႈကို အကာအကြယ္ေပးတဲ့ အစိုးရ အလိုမရွိ၊ လုပ္ငန္းခြင္ အေျခမျပဳတဲ့ ျပဳျပင္ေျပာင္းလဲေရး ဖ်က္သိမ္းေပး၊ ပညာေရးဗ်ဴ႐ို ယႏၲယား ခ်က္ခ်င္းဖ်က္ စတာေတြကို ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

ႏိုင္ငံေတာ္သမၼတ ရဲ႕ တင္ဒါစည္းမ်ဥ္းစည္းကမ္းေတြကို ေဖာက္ဖ်က္ေက်ာ္လြန္ၿပီး ရင္းႏွီးကြၽမ္းဝင္တဲလုပ္ငန္းရွင္ကို တကၠသိုလ္ပိုင္ေျမေပၚမွာ food court ေဆာက္လုပ္ခြင့္ျပဳခဲ့တဲ့ တကၠသိုလ္ပါေမာကၡခ်ဳပ္ကို အေရးယူေပးဖို႔ မႏၲေလးတကၠသိုလ္ ေက်ာင္းသားသမဂၢေတြကေန သပိတ္ေမွာက္ေနတာပါ။

အဲဒီကိစၥကိုေထာက္ခံေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ရန္ကုန္တကၠသိုလ္မွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါေသးတယ္။

အလားတူပဲ အေျခခံပညာဦးစီးဌာနက ထုတ္ျပန္လိုက္တဲ့ အေျခခံပညာေက်ာင္းက ကေလးေတြ မတ္လကုန္အထိေက်ာင္းတက္ရမယ့္ ကိစၥကိုလည္း ဆရာမ်ားသမဂၢေတြ၊ ပညာေရးေကာလိပ္က ေက်ာင္းသားေက်ာင္းသူေတြကလည္း ကန႔္ကြက္ေၾကာင္း လႈပ္ရွားမႈေတြလုပ္ေဆာင္ေနတာျဖစ္ပါတယ္။

အခုေတာင္းဆိုခ်က္ ႏွစ္ရပ္နဲ႔ ပတ္သက္ၿပီး ဒီေန႔မွာေတာ့ မႏၲေလးၿမိဳ႕အျပင္ မိတၳီလာ မေကြး ပခုကၠဴ ရမည္းသင္း ျပည္ ေတာင္ငူၿမိဳ႕တို႔မွာလည္း တစ္ၿပိဳင္နက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကၿပီး
ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ဒီကိစၥႏွစ္ရပ္ကို အျမန္ဆုံးေျဖရွင္းမေပးပါက ဆက္လက္ဆႏၵထုတ္ေဖာ္သြားမယ္လို႔ ဆႏၵျပ ေက်ာင္းသားေတြက ဆိုပါတယ္။

#voiceofmyanmar #VOM #ရတနာပံုတကၠသိုလ္

Related posts

Leave a Comment

VOM News

FREE
VIEW